Spring University Myanmar
✔
8.71K subscribers
460 photos
10 files
520 links
Download Telegram
Mandarin Chinese 🇻🇳

✅ Basic Language ဆိုတာ ဘယ်လိုမျိုးလဲ ?

ဟုတ်။ Basic ဆိုတာ Pinyin ကနေ အဓိကထား သင်သွားမှာဖြစ်ပြီး Pinyin မှာ ဗျည်း သရ ပေါင်းစပ်တဲ့ပုံစံသိရင် တရုတ်စကားအသံထွက်မှန်ကန်စွာ ပြောဆိုနိုင်သွားမှာ ဖြစ်ပါတယ်။

အခြေခံ စကားပြောအနေနဲ့ မိမိကိုယ်ကိုမိတ်ဆက်ခြင်း၊ အချိန်၊ နေ့ရက် ကိန်းဂဏန်းများနဲ့ စပ်လျဉ်းပြီး အရေးအဖတ်များအပြင် Chinese character အတွက်အခြေခံစုတ်ချက်ရေးဆွဲနည်းများကိုလေ့ကျင့်သင်ကြားပေးသွားမှာပါ။

✅ ဘယ်လိုသင်ရိုးတွေနဲ့ သင်ကြားပေးသွားမှာလဲ ?

ဟုတ်။ Beijing University, Confucius Institute မှထုတ်ဝေထားတဲ့Textbook များထဲမှ အခြေခံအတွက် လေ့လာသင့်သည်များကို ကောက်နုတ်ထားပါတယ်ခင်ဗျ။

✅ သင်တန်းကာလမှာ စာအုပ်တွေ ဝယ်ယူဖို့လိုသေးလား။ Power Point နဲ့ သင်ကြားပေးမှာလား ?

ဟုတ်။ စာအုပ်ဝယ်ဖို့ မလိုအပ်ပါဘူး၊ PDF File တွေ ပို့ပေးသွားမှာဖြစ်ပြီး ကျောင်းသူ၊သားများ
အနေနဲ့ Print ထုတ်ထားဖို့တော့ လိုအပ်ပါတယ်ခင်ဗျ။

✅ ဒီသင်တန်းမှာ တက်ရောက်ဖို့တွက် သတ်မှတ်ချက်လေးတွေရော ရှိလား?

ဟုတ်။ အသက်အရွယ်၊ ပညာအရည်အချင်းများ ကန့်သတ်ထားခြင်းမရှိတဲ့တွက် တရုတ်ဘာသာကို စိတ်ဝင်စားတဲ့ ကျောင်းသူ၊သားတိုင်း တက်ရောက်လို့ရပါတယ်ခင်ဗျ။ တရုတ်ဘာသာစကားကို အမှန်တကယ် တက်ရောက်လိုသူများအနေနဲ့ 4 Skills အားလုံးကို မပျက်မကွက် လေ့လာရမှာဖြစ်ပါတယ်။

July (၂၄) စတင်မှာဖြစ်လို့ အတူတူလေ့လာလိုတဲ့ သူငယ်ချင်းတွေကိုလဲ တူတူမျှဝေပေးလိုက်ပါဦးနော်။

တက်ရောက်လိုပါက အောက်ပါ link ကတစ်ဆင့်စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/PZcufBbuy83UfJGL6
အားလုံး စိတ်ဝင်စားကြတဲ့ အတန်းဖြစ်တဲ့ Ethnic Languages မှ မွန်ဘာသာနှင့် ရခိုင်ဘာသာစကားအတွက် အတန်းသစ်များဖွင့်လှစ်ထားပါတယ်ခင်ဗျာ။ အတန်းမှ ရရှိတဲ့ အမြတ်ငွေများကိုလည်း စစ်ဘေးရှောင်စခန်းတွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီနှစ်တန်းက registration form ဖွင့်ပေးမယ့်ရက်က တိုတာကြောင့် စိတ်ဝင်စားပါက အမြန်သာစာရင်းပေးဖို့ တိုက်တွန်းအပ်ပါတယ်။

အသေးစိတ်ဖတ်ရှုရန် - https://www.facebook.com/102470788713285/posts/125843399709357/
Spring University Myanmar စတင်တည်ထောင်တဲ့ အချိန်မှ စ၍ ယခုအချိန်အထိ တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့် ကူညီပေးခဲ့ကြသော Media များအားလုံးကို နွေဦးတက္ကသိုလ်ဘက်မှ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နွေဦးတက္ကသိုလ်မှလည်း ယခုလိုခက်ခဲနေသော ကာလ၌ပင် နိုင်ငံတစ်ဝှမ်းမှ ကျောင်းသား၊ကျောင်းသူနှင့် လူငယ်များ အဆက်မပြတ် ပညာသင်ကြားနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားလျက်ရှိပါတယ်။

ထိုမျှမက နွေဦးတက္ကသိုလ်မှ လက်ခံရရှိထားသော သင်တန်းကြေးနှင့် အလှူငွေများအားလုံးကို CDM ထောက်တိုင်ကြီးမပြိုလဲစေရန်အတွက် CDM ဝန်ထမ်းများအား စဉ်ဆက်မပြတ် လှူဒါန်းလျက်ရှိပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူများနှင့် ကျေးလက်ဒေသများတွင် လိုအပ်လျက်ရှိသော ကုသရေးကိရိယာများကိုပါ လှူဒါန်းနိုင်ခဲ့သောကြောင့် အားလုံးပဲ ဂုဏ်ယူသလို ဝမ်းသာလျက်ရှိလိမ့်မယ်လို့ ထင်မိပါတယ်။

Spring University Myanmar အကြောင်း အသေးစိတ် သိရှိလိုသည်ဖြစ်စေ၊ အကြံပေးလိုသည်ဖြစ်စေ၊ နွေဦးတက္ကသိုလ်ရဲ့ အနာဂတ် လမ်းခရီးမှာ ပါဝင်အားဖြည့်လိုပါက info@springuniversitymm.com သို့ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ပြောကြားပါရစေ။

ကျွန်တော်တို့ Public Relations Team ဘက်မှ အမြန်ဆုံးပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Media များမှ ကျွန်တော်တို့ Feature လုပ်​ပေးထားတဲ့အကြောင်းအရာများကို အောက်ပါ Link ကနေတစ်ဆင့်လည်း ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/BBCnewsBurmese/videos/575790840495459

https://www.frontiermyanmar.net/en/the-emerging-alternatives-to-military-slave-education/?fbclid=IwAR3OmQx8qIlrxj6tApAK6wrVwMl5wpESgs_ZHgRSV8HUXb1uR0P_U-th0Io

https://kr-asia.com/as-teachers-and-students-boycott-classes-in-myanmar-can-online-learning-fill-the-gap

https://www.facebook.com/MizzimaDaily/videos/979472592789440/

https://www.facebook.com/federalfmradio/posts/143108244542403


#SpringUniversityMM
#SUM
နိုင်ငံရေးစကားဝိုင်းတွေမှာ တက်ညီလက်ညီနဲ့ ပါဝင်ဆွေးနွေးလိုသူ တစ်ယောက်လား။

အခုဆို လူငယ်တော်တော်များများ ဆုံကြတဲ့အခါ ကိုယ့်တိုင်းပြည်ရှေ့ရေး၊ ဖယ်ဒရယ်အရေး စတာတွေနဲ့
စပ်လျဉ်းပြီး အပြုသဘောအနေနဲ့ ဆွေးနွေးလာကြတာကို အားတက်ဖွယ် မြင်တွေ့ရပါတယ်။

ဒီလိုဆွေးနွေးကြတဲ့ခါသူ့ဘက်ကိုယ်ဘက်မျှတွေးကြရင်း လိုရာပန်းတိုင် ရောက်ရှိအောင် ဘယ်လိုဆွေးနွေးသွားကြမလဲ။

စုံလင်ကွဲပြားတဲ့အမြင်တွေကို ဝေမျှရင်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ဘယ်လို တည်ဆောက်သွားကြမလဲ။

ဒီမေးခွန်းလေးတွေရဲ့အဖြေကို နွေဦးတက္ကသိုလ်ရဲ့ယခု တန်းခွဲသစ်လေးမှတဆင့် ပြောပြပေးသွားပါမယ်။

လက်ရှိတော့

Peace, Conflict & Society
Transitional Justice for Socially Cohesive and Resilient Communities အတန်းတွေကိုစတင်လက်ခံနေပါပြီ။

ကဲ...ဒါဆို သင်တန်းအသေးစိတ်လေးကို အောက်ပါ Link ကတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/springuniversitymm/posts/126085979685099
SUM ရဲ့ Podcast Episode 3 ဖြစ်တဲ့ လူငယ်နဲ့ အနုပညာအကြောင်းကို အောက်ပါ Link ကတစ်ဆင့်နားထောင်နိုင်ပါပြီ။

https://fb.watch/v/39nzKzqvj/
SUMCares ရဲ့ ပထမဦးဆုံးအစီအစဉ်အဖြစ် ရောက်ရှိလာမယ့် “From Students to Students Campaign”
COVID - 19 ရောဂါအခြေအနေအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းမှ ကျောင်းသား/သူများ အပါအဝင် လူငယ်များအားလုံး အခက်အခဲ ပြဿနာများနှင့် ရင်ဆိုင်နေရတာကို ကျွန်တော်တို့ SUMCares မှများစွာ စိတ်မကောင်းဖြစ်ရပါတယ်။
ဒါ့ကြောင့် SUMCares ဘက်မှစ၍ Spring University Myanmar - SUM မှ စတင်မတည်သော ရန်ပုံငွေ သိန်း (၃၀) ကျပ်တိတိကို နိုင်ငံတစ်ဝှမ်းမှ COVID - 19 ရောဂါခံစားနေရပြီး ငွေကြေး အမှန်တစ်ကယ်လိုအပ်နေသူများထံ ကူညီပေးရန် စီစဉ်ထားပါတယ်။ အသေးစိတ်ကို အောက်ပါ Link ကတစ်ဆင့်ကြည့်ရှုနိုင်ပါတယ်။ အောက်စီဂျင်လိုအပ်နေတဲ့ မိမိရဲ့ မိတ်ဆွေသူငယ်ချင်းများကိုလည်း သိသွား​အောင် မျှဝေပေးလိုက်ပါဦးနော်။ https://www.facebook.com/sumcaresmm/posts/112482397782314
STEM School ရဲ့ Courses တွေပြန်လည် ဖွင့်လှစ်လိုက်ပါ​ပြီနော်။ အသေးစိတ်ကို အောက်ပါ Link ကတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/springuniversitymm/posts/126836559610041
Spring University Myanmar ရဲ့ STEM School ကနေ နောက်ထပ်အသစ်ဖွင့်လှစ်လိုက်တဲ့ Course(2)မျိုးကတော့

• Basic Machine Modeling
• Introduction to Technology
Assessment
တို့ပဲဖြစ်ပါတယ်။

အသေးစိတ်ကိုအောက်ပါ Link ကတစ်ဆင့်အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/springuniversitymm/posts/127098862917144
လူငယ်တွေထိန်းသိမ်းဖို့ လိုအပ်လာတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ၊ လူမျိုးစုတစ်စုရဲ့ ယဉ်ကျေးမှုကိုပြပါဆိုလျှင် ထိုလူမျိုးရဲ့သမိုင်းကြောင်း၊ ဝတ်စားဆင်ယင်မှုနှင့်အတူ ဘာသာစကား အစရှိတဲ့ အရာတွေကို မြင်ယောင်ကြပါလိမ့်မယ်။

ဒါ့ပေမယ့် မမေ့မလျော့သင့်တဲ့ ကဏ္ဍတွေထဲကတစ်ခုကတော့ “ဂီတတူရိယာ” တွေပဲဖြစ်ပါတယ်။ လူမျိုးစုတစ်စုရဲ့ ဂီတတူရိယာ တွေကို ကြည့်ရှုခြင်းအားဖြင့် သူတို့ရဲ့သမိုင်းကြောင်းကို ထိထိမိမိ ပုံဖော်နိုင်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရှိ ရှေးအကျဆုံး တိုင်းရင်းသားလူမျိုးတွေထဲမှ (၂) မျိုးဖြစ်တဲ့ မွန်လူမျိုးနှင့် ရခိုင်လူမျိုးတို့ရဲ့ အဓိကအရေးပါတဲ့ ဂီတတူရိယာတွေကို ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကိုအောက်ပါ Link ကတစ်ဆင့် လေ့လာနိုင်ပါတယ်နော်။

https://www.facebook.com/springuniversitymm/posts/127592976201066
Transitional Justice - အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအကြောင်း

https://www.facebook.com/102470788713285/posts/128358052791225/
"၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း"
၃၃ နှစ်ကြာခဲ့ပြီ။ စနစ်ကတော့ ယခင်အတိုင်းပဲ။
မင်းရော၊ငါရော လမ်းပေါ်ထွက် အရေးတော်ပုံအောင်ရမည်။ ပြိုင်တူ အော်ခဲ့တာ မှတ်မိလား။
ယခုလာမည့် (၈ ရက် ၈ လ ၂၀၂၁ ခု)၊ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီးက (၃၃) နှစ်ပြည့်ခဲ့ပြီ။
ဒီလို နှစ်ပတ်လည်နေ့မှာ အထိမ်းအမှတ်တစ်ခုအဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ နိုင်တဲ့ဘက်က
တော်လှန်ရေးမှာ ပါဝင်ကြမယ်မဟုတ်လား။
ဒါဆို ဘယ်လို ပါဝင်လို့ရမလဲ?
၁။ လက်ရှစ်ချောင်း သပိတ် - 8 Fingers Strike
ဒီလို ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ တော်လှန်ရေး
စိတ်ကို နှလုံးသွင်းလျက် လက်ရှစ်ချောင်းထောင်သပိတ် Campagin ပြုလုပ်ပြီး Social Media ပေါ်မှတဆင့် ကမ္ဘာကသိအောင် သွေးမအေးကြောင်း
သက်သေပြနိုင်မယ်။ (လက်တစ်ဖက်(၃) ချောင်း၊ လက်တစ်ဖက်(၅) ခေါင်း)
၂။ အနီရောင် လှုပ်ရှားမှု - Red Campaign
ရဲရဲတောက်ပြည်သူတွေရဲ့ ရဲ့ဝံ့စွန့်စားခိုင်မာတဲ့
စိတ်ဓာတ်နှင့်ခွန်အားကို ဂုဏ်ပြုဖော်ထုတ်ဖို့
အနီရောင် အဝတ်အစား၊ အသုံးအဆောင်များ
ဝတ်ဆင်ခြင်း၊ ဆေးနီသပိတ်များဖော်ဆောင်ပြီး
ပြည်သူများလည်း သွေးမအေးကြောင်း အချင်းချင်းသက်သေပြရမယ်။
ပြည်သူနောက်မှာ ပြည်သူပဲရှိတယ်။
တောင်တန်းရော၊ မြေပြန့်ပါမကျန် ဒီမိုကရေစီမရမချင်းအရှုံးမပေးဘူးမဟုတ်လား။
"၈၈ ကသွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်းမယ်"
#RedCampagin
#8FingersStrike
#SUM
အခုချိန်မှာ ဘာပဲလုပ်လုပ် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ တော်လှန်ရေးအတွက်ပဲ ဖြစ်ရမယ်။
Feb 1 ရက်နေ့တည်းက စတင်ခဲ့တဲ့တော်လှန်ရေးကြောင့် ဆုံးရှုံးသွားတဲ့ အသက်များနဲ့အတူ တောထဲမှာစတေးနေရတဲ့ လူငယ်တွေရဲ့ဘဝတွေ အလကားမဖြစ်စေဖို့ လူကြီး၊ လူငယ်မရွေး၊ အချိန်နေရာမရွေး တော်လှန်ရေးမှာ ပါဝင်ဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့ နွေဦးတက္ကသိုလ်ဟာ တော်လှန်ရေးကြောင့် စတင်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်ဖြစ်ပြီး ဖွင့်လှစ်တဲ့အတန်းတွေဟာ လူငယ်တွေရဲ့ ပညာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက လူငယ်တွေမှတစ်ဆင့် သူတို့ပတ်ဝန်းကျင်၌ပါ ကိုယ်သိထားတဲ့အကြောင်းအရာတွေကိြ ပြန်လည် မျှဝေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် - ကျွန်တော်တို့လက်ရှိ ဖွင့်လှစ်ထားတဲ့ Federal School က courses များ (Transitional Justice) နှင့်အခြား course များကိုတက်ခြင်းအားဖြင့် Federal Knowledge နှင့် နိုင်ငံရေးအသိပညာများ တိုးမြင့်လာစေရန် ရည်ရွယ်ပြီး ထိုသို့ တက်ရောက်ထားသော ကျောင်းသား/သူများကနေ တစ်ဆင့် အနီးအနား ပတ်ဝန်းကျင်မှ သူတွေကို အမျိုးမျိုးသော Psywar မှ သော်လည်းကောင်း၊ သတင်းအမှောင်ချခံထားရခြင်းမှ သော်လည်းကောင်း၊ အနီးစပ်ဆုံး ကိုယ့်မိဘတွေကို သတင်းမှားများမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ထိုသို့သောနည်းလမ်းများဖြင့် နွေဦးတက္ကသိုလ်မှာ ဖွင့်လှစ်ထားသော အတန်းများက တော်လှန်ရေး၌ တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီနေခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် နွေဦးတက္ကသိုလ်မှ ရရှိသော အမြတ်ငွေအားလုံးကိုလည်း CDM ထောက်တိုင်ကြီးပြိုမလဲ စေရန် CDM ဝန်ထမ်းများကို ထောက်ပံ့ခြင်း၊ စစ်ဘေးရှောင်ပြည်သူများထံ လှူဒါန်းခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။
ဒါ့ကြောင့် သင်တို့ဘက်ကလည်း နွေဦးတက္ကသိုလ်မှာ တက်ရောက်တဲ့အခါ ကိုယ့်အကျိုးအတွက်မဟုတ်ဘဲ တော်လှန်ရေးအတွက် တက်ရောက်နေရတာဖြစ်ပါတယ်။
ထိုသို့တော်လှန်ရေးအတွက် ဦးတည်သင်ကြားပေးခဲ့တဲ့ နွေဦးတက္ကသိုလ်ရဲ့ အတန်းတွေဟာ ယခင်တန်းခွဲများ၌ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး မကြာမှီမှာ တန်းခွဲအသစ် ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ယခု August လအတွင်း သင့်အနေနဲ့ နွေဦးတက္ကသိုလ်မှ တက်ရောက်လိုသော ကျောင်းများအတွက် အောက်ပါ Link ကိုနှိပ်ပြီး Form ကို ဖြည့်နိုင်ပါတယ်။ ကျောင်းများ ဖွင့်လှစ်တဲ့အခါ ကျွန်တော်တို့ဘက်မှ အားလုံးကို အကြောင်းပြန်ကြားသွားမှာပဲ ဖြစ်ပါတယ်။
Link- https://forms.gle/rZPveNjR9sYxuvLC7
ကျွန်တော်တို့အားလုံးဟာ တော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်း အနေနဲ့ အားမလျှော့ပဲ ပါဝင်နေကြမယ်လို့ ယုံကြည်ပါတယ်။ အဆုံးသတ် အနိုင်ရသည်အထိ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ တော်လှန်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် ကူညီရင်း ရှေ့ဆက်သွားကြရအောင်။
#SpringUniversityMM
#SUM
Citizen Journalism အကြောင်းသေချာသိပြီးပြီလား?

မသိသေးရင် အောက်က Link ကတစ်ဆင့် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ 👇👇
https://www.facebook.com/springuniversitymm/posts/129338419359855
ပညာတတ်သော်လည်းမပြေလည်လာသည်း ပြသနာများအကြောင်းကို အောက်ပါ Link ကနေတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/springuniversitymm/posts/131105465849817
လူငယ်တွေ ထိန်းသိမ်းဖို့လိုအပ်လာတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ
မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ပင်မယဉ်ကျေးမှုဖြစ်တဲ့ စကား၊ စာပေ၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များ မပျောက်ပျက်သွားအောင် အစွမ်းကုန် ထိန်းသိမ်းကြပါတယ်။
ထိုကဲ့သို့ အရောင်အသွေးစုံလင်တဲ့ ယဉ်ကျေးမှုအားလုံးကို တစ်စုတစ်ဝေးတည်း လေ့လာနိုင်တဲ့ နေရာကတော့ “ရိုးရာပွဲတော်” တွေမှာပဲ ဖြစ်ပါတယ်။
ရိုးရာပွဲတော်တွေပြုလုပ်ခြင်းဟာ ထိုလူမျိုးရဲ့ စည်းလုံးမှုကို ထင်ဟပ်စေပြီး သံတမန်ရေးရာမှာလဲများစွာ အထောက်အကူ ပြုလျက်ရှိပါတယ်။
ကျွန်တော်တို့အားလုံးလဲ မြန်မာနိုင်ငံသား ဖြစ်တဲ့အလျောက် တိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ရိုးရာပွဲတွေအကြောင်း သိရှိထားရုံသာမက ကိုယ်တိုင်ပါဝင်ဆင်နွှဲသင့်ပါတယ်။
ယခု မြန်မာနိုင်ငံရှိ ထင်ရှားတဲ့တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်နှင့်ကရင် လူမျိုးတို့ရဲ့ “အကြီးမားဆုံး ရိုးရာပွဲတော်” များအကြောင်း ကိုအောက်ပါ Link ကနေတစ်ဆင့်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/springuniversitymm/posts/131272419166455