Spring Crowdfund
4.25K subscribers
942 photos
141 videos
922 links
https://springcrowdfund.org

တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
Download Telegram
ခက်ခဲလဲ ရှေ့ဆက်နေမြဲ CDMer များ

နိုင်ရာတာဝန်တွေမှာ တတ်အားသရွေ့ထမ်းဆောင်နေကြတဲ့ CDMer များရဲ့ မယိုင်မလဲခံယူချက် ယုံကြည်ချက်တွေဟာ တော်လှန်ရေးခရီး ဒီလောက်ထိရောက်လာစေတဲ့ ခွန်အားတွေထဲက တခုဖြစ်ပါတယ်။ CDM လုပ်တယ်ဆိုတာ ပန်းခင်းလမ်းမဟုတ်ပဲ ခက်ခဲနိုင်မှာသိပါလျက်နဲ့ စစ်အာဏာရှင်အောက်မှာ ခေါင်းငုံ့ခံ အရှုံးမပေးချင်လို့ ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့ကြသူတွေပါ။

ဒါကြောင့်လည်း မြေပြင်အသံများကို ပြည်သူများရဲ့နှလုံးသားနဲ့ချိတ်ဆက်ပေးချင်တာကြောင့် ကထိက (CDM) ဒေါ်ရတီအုန်း၊ ဆရာ U Yhon၊ ဆရာမ Daw Kay Kay တို့ပြောပြမယ့် အတွေ့အကြုံတွေကို ယနေ့ည ၈ နာရီ SCF Page Live မှာ လာရောက်နားထောင်ရင်း အေးအတူပူအမျှ ဝေမျှခံစားနိုင်ဖို့အတွက် မိဘပြည်သူများအားလုံးကို လေးစားစွာဖိတ်ခေါ်ပါတယ်။

CDMers များအတွက် တတ်အားသရွေ့ကူညီပံ့ပိုးပေးချင်တယ်ဆိုရင်လည်း အောက်ပါလင့်ထဲဝင်ပြီး SCF မှာ လုံခြုံစိတ်ချစွာ ပါဝင်ကူညီပေးနိုင်ပါတယ်။
ပါဝင်ကူညီရန်နှိပ်ပါ

𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက် SCF

#SpringCrowdFund
#togetherstronger
38🥰8👍2
Media is too big
VIEW IN TELEGRAM
ပဲခူးခရိုင် ပကဖ စစ်ကြောင်းရဲ့ ရှေ့တန်းမြေပြင်မှ ရဲဘော်တွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ရိက္ခာ၊ ချပ်ဝတ်တန်ဆာ ဖြည့်တင်းနိုင်ဖို့ အတူပါဝင်အားဖြည့်ပေးကြရအောင်..

ဘယ်လိုကူရမလဲ?

1. SCF လင့်ထဲကိုဝင်ပါ springcrowdfund.org

2. "ဆောင်းညမှသည် အမေ့ရင်ခွင်ဆီ" ကမ်ပိန်းအောက်က Donate ကိုနှိပ်ပြီး SDB ငွေလွှဲစနစ်နဲ့ လုံခြုံစိတ်ချစွာ မြေပြင်ကိုတိုက်ရိုက်ထောက်ပို့နိုင်ပါတယ်။ စက္ကန့်ပိုင်းအတွင်း Certificate ချက်ချင်းရရှိနိုင်တာမို့ SCF အကောင့်ဖွင့်ထားဖို့လည်း မမေ့နဲ့နော်။

တို့အတူချီတက် SCF

#springcrowdfund
40🥰5🔥1
"မကြွေမီက ကြိုကာ"

အာဠာဝကစစ်ကြောင်းရှိ တိုက်ခိုက်ရေးရဲဘော် ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းသော ရဲဘော်တွေကိုသာ ကျည်ကာနဲ့ဦးထုပ်များ တပ်ဆင်ပေးထားနိုင်သေးတယ်လို့ သိရပါတယ်။ စစ်ကြောင်းကရဲဘော်တွေဟာ ဒီလိုလုံခြုံရေးပစ္စည်းများ မလုံလောက်သေးတဲ့ အခြေအနေမှာတောင် ရှေ့တန်းမြေပြင်မှာ သက်စွန့်ဆံဖျား တိုက်ပွဲဝင်နေကြတာပဲဖြစ်ပါတယ်။

နိုင်ငံနဲ့ပြည်သူအတွက် အသက်ကိုစတေးကာ သစ္စာစောင့်သိမှုအပြည့်နဲ့ ရှေ့တန်းကနေ ရပ်တည်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ရဲဘော်တွေအတွက် နိုင်ရာတာဝန်ထမ်းရင်း လုံခြုံရေးပစ္စည်းတွေကို တပ်ဆင်ပေးနိုင်ဖို့ "မကြွေမီက ကြိုကာ" ကမ်ပိန်းကို စတင်လိုက်ပါတယ်။

ပြည်သူတွေရဲ့အားဖြစ်တဲ့ ကြယ်လေးတွေ ကြွေလွင့်သွားကာမှ 'စိတ်မကောင်းပါဘူး' ဆိုပြီးဝမ်းနည်းနောင်တရနေမှာထက် ဒီကြယ်လေးမကြွေအောင် ကာကွယ်ပေးလိုက်နိုင်ပြီဆိုပြီး ပီတိဖြစ်ရတာဟာ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ စောင့်ရှောက်မှုဖြစ်ပါတယ်။ မိမိတို့ချစ်တဲ့ ရဲဘော်တို့ရဲ့အသက်ကို ကြိုတင်ကာကွယ်ပေးနိုင်ဖို့ "မကြွေမီက ကြိုကာ" ကမ်ပိန်းမှာ SCF မှတဆင့် လုံခြုံစိတ်ချစွာ ဝိုင်းဝန်းပါဝင်အားဖြည့်ပေးကြရအောင်။

"မကြွေမီက ကြိုကာ" ကမ်ပိန်းတွင် ပါဝင်အားဖြည့်ရန်
🌳 https://springcrowdfund.org/campaign/266c602d-1991-4924-acdc-4c1d91c2aecc

Organizer - Don Ko (SDB RM)
Recipient - အာဠာဝကစစ်ကြောင်း
Timeline (MMT) - 20 Dec 2025 ~ 20 Jan 2026
Target Amount - 20,000,000 MMK

အားလုံးအတူ အိမ်မြန်မြန်ပြန်နိုင်ဖို့အတွက် SCF မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ကူပါ။

တို့အတူချီတက်SCF
#SpringCrowdFund
#OnlineFundraisingPlatform
19🥰6🔥1
Media is too big
VIEW IN TELEGRAM
"ရေဆန်ခရီး" ကမ်ပိန်းလေးက ရရှိငွေအလွန်နည်းနေသေးလို့ အတူဝိုင်းဝန်းကူညီပေးကြမယ်နော်

ဘယ်လိုကူရမလဲ?

1. SCF လင့်ထဲကိုဝင်ပါ springcrowdfund.org
2. "ရေဆန်ခရီး" ကမ်ပိန်းအောက်က Donate ကိုနှိပ်ပြီး SDB ငွေလွှဲစနစ်နဲ့ လုံခြုံစိတ်ချစွာ မြေပြင်ကိုတိုက်ရိုက် ထောက်ပို့နိုင်ပါတယ်။ စက္ကန့်ပိုင်းအတွင်း Certificate ချက်ချင်းရရှိနိုင်တာမို့ အကောင့်ဖွင့်ထားဖို့လည်း မမေ့နဲ့နော်။

အိမ်မြန်မြန်ပြန်နိုင်ဖို့ SCF မှာထောက်ပို့ကြစို့ 💪

#springcrowdfund
26🥰2🔥1
ရဲဘော်တွေနဲ့အတူ မြေပြင်မှာလည်း SCF ရှိတယ်

ကျည်ကာအင်္ကျီ ၊ ကျည်ကာဦးထုပ်များဟာ ရဲဘော်များရဲ့ အသက်အန္တရာယ်အတွက် ကာကွယ်ပေးပြီး ထိခိုက်မှုများကို များစွာလျော့ချပေးနိုင်တာမို့ SSNDF KNDF B 101 ရဲ့ "ကူ ကာ ကယ်" ကမ်ပိန်းမှာ တတ်အားသရွေ့ ဝိုင်းဝန်းကူညီပေးကြစေချင်ပါတယ်။

၅၀၀၀ ကျပ်ကစပြီး ပါဝင်နိုင်တဲ့အပြင် SDB မှာအသုံးပြုလို့ရသမျှ နိုင်ငံတကာငွေကြေး ၁၀ မျိုး အားလုံးနဲ့ ကူညီပေးနိုင်ပါတယ်။ Certificate လည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်းရတာမို့ အားလုံးဝိုင်းကူပြီး မြေပြင်ကရဲဘော်တွေနဲ့အတူ ရှိပေးကြရအောင်ပါခင်ဗျာ။

အိမ်မြန်မြန်ပြန်နိုင်ဖို့ SCF မှာအတူထောက်ပို့ကြစို့ 💪

ပါဝင်ကူညီရန်နှိပ်ပါ

𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ
25🥰10🔥1
"ပြည်သူတွေပေးတဲ့ ပျော်ရွှင်လုံခြုံမှုအကြည်ဓာတ်" 🥰

တစ်ခါတလေ ပီတိဆိုတာ ကိုယ့်ကြောင့် ချစ်ခင်ရသူတွေ ဘေးကင်းအောင် ကူညီပေးလိုက်နိုင်ခြင်းပါပဲ။

တောင်ညိုစစ်ချီ ဟံသာဝတီကမ်ပိန်းအတွက် SCF မှတဆင့် ပြည်သူများအတူစုပေါင်းကာ (၁၂၅) သိန်းကျော် ပါဝင်အားဖြည့်ပေးနိုင်ခဲ့ပါတယ်။ ဒီအင်အားတွေဟာ ရှေ့တန်းက ရဲဘော်တွေရဲ့ အသက်ကိုကာကွယ်ပေးနိုင်တဲ့ "ကျည်ကာများ" ဖြစ်သွားခဲ့ပါပြီ။

ဒါဟာ ရဲဘော်များအတွက် ပြည်သူတွေပေးနိုင်ခဲ့တဲ့ ပျော်ရွှင်လုံခြုံမှုအကြည်ဓာတ်တွေပါ။

မြေပြင်ကို ဒီထက်မကတဲ့ အကူအညီတွေ ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ သင့်ရဲ့အားဖြည့်မှုနဲ့ စုပေါင်းအင်အားတွေလိုအပ်ပါတယ်။ SCF သစ်ပင်ကြီး ပိုမိုစိမ်းလန်းပြီး မြေပြင်အတွက် လိုအပ်နေတဲ့အသီးအပွင့်တွေ အရိပ်အာဝါသတွေ အများကြီးပေးနိုင်ဖို့အတွက် နှလုံးသားတွေချိတ်ဆက်ပြီး SCF အကောင့်ဖွင့်ကာ ကူညီပေးကြပါဦးခင်ဗျာ။

အိမ်မြန်မြန်ပြန်နိုင်ဖို့ SCF မှာအတူထောက်ပို့ကြစို့။
🌳 springcrowdfund.org

https://www.facebook.com/share/p/18BMhiQhbZ/
🥰1915
"SDB သုံးပြီး SCF ကို မသိသေးရင် အချစ်မရှိတဲ့ နှလုံးသားလိုပဲ"

တော်လှန်ခရီးမှာ @SpringDevBank ကို သုံးနေပြီဆိုရင် သင်ဟာ ဘဏ္ဍာရေးစစ်မျက်နှာ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ပြည်သူတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမဲ့... SDB သာ သုံးနေတယ်၊ SCF အကောင့်မရှိသေးဘူးဆိုရင်တော့ အချစ်မရှိသေးတဲ့ နှလုံးသားတစ်ခုလိုပါပဲ။ 😉

ဘာကြောင့် @SpringCrowdFund မှာနှလုံးသားတွေချိတ်ဆက်ဖို့ အရေးကြီးတာလဲ?

📲 SDB နဲ့ တိုက်ရိုက်ထောက်ပို့နိုင်ခြင်း

SDB ငွေလွှဲစနစ်ကိုသုံးပြီး မြေပြင်ရဲဘော်တွေဆီကို တိုက်ရိုက် ထောက်ပို့ပေးနိုင်ဖို့အတွက် SCF က အကောင်းဆုံး ပလက်ဖောင်းတစ်ခုပါ။ ၃ မိနစ်အတွင်း အံမခမ်း စုပေါင်းအင်အားတွေကို စုစည်းနိုင်ပါတယ်။

🌍 နိုင်ငံတကာငွေကြေး (၁၀) မျိုးနဲ့ကူနိုင်ခြင်း

သင်က ကမ္ဘာ့ဘယ်နေရာမှာပဲရှိရှိ... MMK,USD, SGD, THB, JPY စတဲ့ နိုင်ငံတကာငွေကြေး ၁၀ မျိုးနဲ့ SCF မှာ ကမ်ပိန်းတွေကိုကူနိုင်ပါတယ်။ နိုင်ငံတွေခြားနေပေမဲ့ ရင်ဘတ်ချင်းအမြဲနီးနေမှာပါ။

ဒါကြောင့်... SDB သုံးနေတဲ့ နွေဦးပြည်သူများအားလုံး အခုပဲ SCF အကောင့်ဖွင့်ပြီး စုပေါင်းအင်အားမှာ အတူပါဝင်လိုက်ကြရအောင်။ ♥️💪

𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ
31
Merry Christmas to you all 🎄

မြေပြင်က ရဲဘော်များ ဘေးကင်းကျန်းမာကြပါစေ..

ပြည်သူများ ပင်ပန်းနေသမျှ အမောပြေကာ စိတ်ခွန်အားသစ်များ ရရှိကြပါစေ..

လွတ်လပ်ငြိမ်းချမ်းတဲ့ အိမ်ပြန်ခရီးကို မဝေးတော့တဲ့တနေ့မှာ အတူတကွလျှောက်လှမ်းနိုင်ပါစေ

​ပျော်ရွှင်ချမ်းမြေ့စရာ ခရစ်စမတ်အခါသမယ ဖြစ်ပါစေလို့ SCF မှ ဆုတောင်းပေးပါတယ်ခင်ဗျာ။ 🎅🎁

springcrowdfund.org
13