Spring Crowdfund
4.25K subscribers
942 photos
141 videos
922 links
https://springcrowdfund.org

တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
Download Telegram
"ပြောင်းရွှေ့ဖို့ရာ ကူညီပါ" ကမ်ပိန်းနောက်ဆုံးနေ့တွင် SCF နှင့်အတူ ပါဝင်အားဖြည့်ပါ...

မြို့ပြစစ်ဆင်ရေးစစ်ကြောင်း (UOC) တပ်ဖွဲ့အတွက် ကရင်နီဒေသမှ အမိမြေပြန့်ဒေသကို ပြန်လည်ပြောင်းရွှေ့အခြေချနိုင်ဖို့လိုအပ်တဲ့ တပ်ပြောင်းရွှေ့စရိတ်နဲ့ ပြန်လည်တည်ဆောက်ရေးစရိတ်များ ထောက်ကူပေးနိုင်ဖို့ "ပြောင်းရွှေ့ဖို့ရာ ကူညီပါ" ကမ်ပိန်းမှာ မျှော်မှန်းပမာဏ သိန်း ၁၅၀ ရဲ့ သိန်း ၁၀၀ ကျော်ကို ရရှိထားပါပြီ။

ဒီနေ့ဟာ ကမ်ပိန်းနောက်ဆုံးနေ့ဖြစ်တဲ့အတွက် လုံခြုံစိတ်ချရတဲ့ SCF မှာ တတ်အားသရွေ့ အတူပါဝင်ထောက်ကူပေးကြဖို့ တိုက်တွန်းပါတယ်။

SCF မှာပါဝင်ရင်း ရှေ့ဆက်ဖို့ခွန်အားပေးကြရအောင်..

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
🥰2421🔥3
"ပျက်ချင်တာပျက် နာမည်မပျက်စေနဲ့ " ကမ်ပိန်းကို SCF မှာ စတင်ကူညီအားဖြည့်ပေးနိုင်ပါပြီ ...

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
34
"ပျက်ချင်တာပျက် နာမည်မပျက်စေနဲ့ " ကမ်ပိန်းကို SCF မှာ စတင်ကူညီအားဖြည့်ပေးနိုင်ပါပြီ ...

‎အထူးကွန်မန်ဒိုတပ်ရင်း ( P29914) ဟာ စစ်ဆင်ရေးနယ်မြေ (၂) ၊ ပဲခူးတိုင်းစစ်ဌာနအောက်မှာရှိပြီး စစ်တောင်းမြစ်ဝှမ်းနယ်မြေ စိုးမိုးထိန်းချုပ်ရေးကဏ္ဍမှာ အဓိကပါဝင်နေတဲ့ တပ်ရင်း၊ တပ်ဖွဲ့ တစ်ခုဖြစ်ပါတယ်။

တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားခဲ့ကြတဲ့ ရဲဘော်ပေါင်းများစွာရှိပြီး မစ်ရှင်တွေမှာ နာမည်ပျက်မရှိ တာဝန်ကျေပွန်စွာထမ်းဆောင်နေတဲ့ တပ်ရင်းတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

‎အစိုးရမှ အခြေခံရိက္ခာငွေ ချမှတ်ပေးပေမဲ့လဲ ယနေ့ခေတ်ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းအရ မလောက်ငှတဲ့ အခြေအနေမှာ ရဲဘော်သစ်အင်အားကလည်း တိုးပွားလာတဲ့အတွက် နောက်ခံရိက္ခာပိုင်းဆိုင်ရာ ဖြည့်တင်းမှုအထောက်အပံ့များ အရေးတကြီးလိုအပ်လာပါတယ်။ ရဲဘော်အင်အား ၄၀၀ နီးပါးရှိတဲ့ တပ်ရင်းတစ်ခုဖြစ်တာကြောင့် နေ့စဉ်စားစရိတ်နဲ့ ကုန်ကျငွေကလည်း ကြီးမားတဲ့ဝန်တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။

တော်လှန်ရေး​ခရီး ရှေ့ဆက်နိုင်ဖို့ စားနပ်ရိက္ခာဟာ မရှိမဖြစ်တဲ့ လိုအပ်ချက်ဖြစ်တာကြောင့် SCF မှတဆင့် ပါဝင်ကူညီအားဖြည့်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။

Organizer - Special Force
Recipient - အထူးကွန်မန်ဒိုတပ်ရင်း P29914 ပြည်သူ့ကာကွယ်ရေးတပ်မတော်
Timeline (MMT) - 12 Dec 2025 ~ 12 Jan 2026
Target Amount - 50,000,000 MMK

အားလုံးအတူ အိမ်မြန်မြန်ပြန်နိုင်ဖို့အတွက် SCF မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ကူပါ။

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
47
Media is too big
VIEW IN TELEGRAM
နည်းပညာချင်း
အားပြိုင်နေရတဲ့ပွဲမှာ
SCF သုံးပြီး
ခေတ်မီလုံခြုံမြန်ဆန်စွာ
ထောက်ပို့ပါ..

ချောမောမှုများဖြင့် ကူညီပေးတဲ့ Ko PhoneSett Thwin နဲ့ Ko Aung Loon ကို SCF မှ ကျေးဇူးများကြီးတင်ရှိပါတယ်။

အခုပဲ SCF အကောင့်ဖွင့်လိုက်ကြစို့
👉 springcrowdfund.org/sign-in

တို့အတူချီတက်SCF
#SpringCrowdFund
57
"စုဖွဲ့ပြင်ဆင် အောင်ပန်းဝင် ၅/ တို့အညာလွင်ပြင် " ကမ်ပိန်းကို SCF မှာ စတင်ကူညီအားဖြည့်ပေးနိုင်ပါပြီ ...

‎ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းဟာ ၂၀၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပစ္စည်းမပြည့်စုံခင်ကတည်းက စစ်ကိုင်းတိုင်းတခွင်မှာ အောင်ပွဲများစွာရခဲ့တဲ့ တပ်ရင်းဖြစ်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုနဲ့အတူ ပင်လည်ဘူးမြို့၊ အင်းတော်မြို့စတဲ့ မြို့သိမ်းအောင်ပွဲများနဲ့ တခြားစခန်းသိမ်းအောင်ပွဲများမှာ ရွပ်ရွပ်ချွံချွံ အောင်ပန်းဆင်နိုင်ခဲ့ပါတယ်။

အညာလွင်ပြင်က ၅/ အညာသားတွေအနေနဲ့ စုဖွဲ့ပြင်ဆင်လေ့ကျင့်မှုတွေကို အရှိန်မြှင့်တင်နိုင်ပြီး နောက်ထပ်အောင်ပွဲများစွာယူနိုင်ဖို့အတွက် လိုအပ်တဲ့စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျည်ကာအင်္ကျီတို့ကူညီဖြည့်တင်းပေးနိုင်ဖို့ "စုဖွဲ့ပြင်ဆင် အောင်ပန်းဝင် ၅/တို့ အညာလွင်ပြင်“ ကမ်ပိန်းလေးကို စတင်ဖော်ဆောင်လိုက်ရခြင်းဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှ တော်လှန်ပြည်သူများအားလုံး SCF Platform မှတဆင့် လုံခြုံစိတ်ချစွာနဲ့ နိုင်ငံတကာငွေကြေးဆယ်မျိုးကိုအသုံးပြုကာ ၅၀၀၀ ကျပ်မှစတင်ပြီး ပါဝင်နိုင်သလို
⭐️ ဆန် ၁ အိတ် - ၁၂၀,၀၀၀ ကျပ်
⭐️ ဆေးဝါးအိတ် - ၅၀,၀၀၀ ကျပ်
⭐️ ကျည်ကာဦးထုပ် - ၄၂၀,၀၀၀ ကျပ်
⭐️ ကျည်ကာ Vest - ၃၆၀,၀၀၀ ကျပ် နှုန်းဖြင့်လည်း ပါဝင်အားဖြည့်နိုင်ပါတယ်။

Organizer - One To One CDM Campaign
Recipient - ရွှေဘိုခရိုင် အမှတ် ၉ တပ်ရင်း
Timeline (MMT) - 12 Dec 2025 ~ 15 Jan 2026
Target Amount - 20,000,000 MMK

အားလုံးအတူ အိမ်မြန်မြန်ပြန်နိုင်ဖို့အတွက် SCF မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ကူပါ။

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
30
"အနွေးဓာတ်" ကမ်ပိန်းကို SCF မှာ စတင်ကူညီအားဖြည့်ပေးနိုင်ပါပြီ..

‎PRA-Magway ဟာ လူသားရဲ့ဖြစ်တည်မှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မှုပေါ် အခြေခံပြီး လွတ်လပ်မျှတ တန်းတူညီမျှမှုရှိတဲ့ လူ့ဘောင်သစ်တစ်ရပ် ပေါ်ထွန်းစေဖို့ရည်ရွယ်ကာ တော်လှန်နေတဲ့ တပ်တစ်ခုဖြစ်ပါတယ်။ အလုပ်သမား၊ ကျောင်းသား၊ တိုင်းရင်းသား၊ အခြေခံလူတန်းစားများနဲ့ ဖွဲ့စည်းထားတဲ့တပ်တစ်ခုလည်းဖြစ်ပြီး ငဖဲမြို့နယ်၊ မင်းလှမြို့နယ်၊ ပဒါန်းမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့မှာ ပြည်သူများအတွက် ကြိုးစားလှုပ်ရှားလျက်ရှိပါတယ်။

အခြေစိုက်ရာဒေသကလည်း ရိုးမတောင်ခြေနဲ့နီးတဲ့အတွက်ကြောင့် တောတောင်ရဲ့အအေးဒဏ်ကို ခက်ခက်ခဲခဲအံတုနေကြရပါတယ်။ ရှေ့တန်းမြေပြင်မှာလည်း ရန်သူရဲ့ ကင်းထောက်ဒရုန်းအန္တရာယ်ရှိတဲ့အတွက် မီးဖိုဖိုလို့မရတာကြောင့် သင်တန်းတက်နေတဲ့ သင်တန်းသားများအနေနဲ့ စောင်၁ထည်တည်းနဲ့ ဆောင်းတွင်းကိုရင်ဆိုင်နေကြရပါတယ်။

ဒါ့ကြောင့် ဆောင်းတွင်းရဲ့ အအေးဒဏ်ကိုကျော်ဖြတ်နိုင်ဖို့ရာ လိုအပ်လျက်ရှိတဲ့ စောင်၊ အနွေးထည်တို့ကို ကူညီပေးနိုင်ဖို့ SCF မှာ "အနွေးဓာတ်" ကမ်ပိန်းလေးကို ပြုလုပ်ထားတာမို့ ပြည်သူတွေရဲ့မေတ္တာနဲ့ တတ်နိုင်သမျှအနွေးဓာတ်ဝေမျှပေးကြဖို့ တောင်းဆိုပါတယ်။

လုံခြုံစိတ်ချရတဲ့ SCF Platform မှတဆင့် အနည်းဆုံးမြန်မာငွေ ၅၀၀၀ ကျပ်ကနေစတင်ပါဝင်နိုင်သလို
စောင် - ၃၅၀၀၀ ကျပ်
အနွေးထည်အင်္ကျီ- ၂၅၀၀၀ ကျပ်
ဘောင်းဘီရှည် - ၂၀၀၀၀ ကျပ်
ခေါင်းစွပ် - ၁၀၀၀၀ ကျပ်
ခြေအိတ် - ၅၀၀၀ ကျပ်
စုစု‌ပေါင်းအနွေးဓာတ်တစုံစာ - ၉၅၀၀၀ ကျပ် နှုန်းဖြင့်လည်းပါဝင်ထောက်ကူနိုင်ပါတယ်။

Organizer - Nway Oo Arr Mann
Recipient - People's Revolution Alliance
Timeline (MMT) - 12 Dec 2025 ~ 12 Jan 2026
Target Amount - 20,000,000 MMK

အားလုံးအတူ အိမ်မြန်မြန်ပြန်နိုင်ဖို့အတွက် SCF မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ကူပါ။

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
30🔥1
Media is too big
VIEW IN TELEGRAM
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၉ တပ်ရင်းရဲ့ "ရေဆန်ခရီး" ကမ်ပိန်းကို ဝိုင်းဝန်းအားဖြည့်ရင်း SCF ဆောင်းရာသီ အထူး Certificate လေးတွေကို ရယူကြရအောင်။

အားလုံးအတူ အိမ်မြန်မြန်ပြန်နိုင်ဖို့အတွက် SCF မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ကူပါ။

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF

#SpringCrowdFund
#OnlineFundraisingPlatform
44🥰6🔥1
"အားသစ်လောင်းမယ် ရက်သုံးဆယ် " ကမ်ပိန်းနောက်ဆုံးနေ့တွင် SCF နှင့်အတူ ပါဝင်အားဖြည့်ပါ...

Southern Eagle PDF တပ်ဖွဲ့ တာဝန်ထမ်းဆောင်ရမယ့်နယ်မြေသစ်မှာ နေ့မအားညမနားကြိုးစားနေပါတယ်။ တော်လှန်အရင်းအမြစ်သစ် ရဲဘော်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနေပါတယ်။

ပြည်သူများအတွက် ကြိုးစားပေးမယ့် ရဲဘော်အသစ်တွေအတွက် ရှေ့တန်းမြေပြင်မှာလိုအပ်တဲ့ အကာအကွယ်ပစ္စည်းအစုံ (ယူနီဖောင်း၊ ဦးထုပ်၊ ဖိနပ်၊ ကျောပိုးအိတ်) ကိုဖြည့်တင်းပေးနိုင်ဖို့လည်း လိုအပ်နေပါတယ်။ ဒါကြောင့် "အားသစ်လောင်းမယ် ရက်သုံးဆယ်" ကမ်ပိန်းနောက်ဆုံးရက်မှာ တတ်အားသရွေ့ အတူဝိုင်းကူကြစို့။

SCF မှာ အတူပါဝင်ပြီး ရှေ့ဆက်ဖို့ခွန်အားပေးပါ

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
38🔥1
ရာသီဉတုအေးလို့ထင်ပါရဲ့၊ ဒီရက်ပိုင်း အိမ်ကိုပိုလွမ်းတယ်..

အမေဖျော်တိုက်ခဲ့ဖူးတဲ့ ကော်ဖီနွေးနွေးလေးတွေ..

"အအေးပတ်ဦးမယ် ရေချိုးရင် မြန်မြန်ချိုး"ဆိုတဲ့ အဖေ့ရဲ့ စကားသံလေးတွေ..

ညီအကိုမောင်နှမတွေနဲ့ ရန်ဖြစ်ရင်းလုပြီးခြုံခဲ့ရတဲ့ စောင်လေးတွေ..

အတိတ်တွေကို အနာဂတ်မှာပြန်ပိုင်ဆိုင်ခွင့်ရဖို့ မျှော်လင့်ရင်းရှေ့ဆက်ရင်း..

“သူငယ်ချင်း အသစ်အသစ်တွေ အတူဂရုစိုက်ကြတယ်၊ အမေမပူနဲ့နော်” ဆိုတဲ့ ကိုလင်းလင်းရဲ့ သီချင်းစာသားလေးကို တိုးတိုးဖွဖွလေး လိုက်ဆိုရင်း..

“အနွေးဓာတ်”ကမ်ပိန်းလေးမှာ ရာခိုင်နှုန်းတက်လာရင် သူငယ်ချင်းရဲဘော်တွေနဲ့အတူ သိပ်ပျော်မိတယ်။ ဝိုင်းကူပေးကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်မိတယ်။ ရှေ့တန်းမှာ ရန်သူရဲ့ ကင်းထောက်ဒရုန်းကြောင့် မီးဖိုဖိုလို့မရပေမဲ့ ပြည်သူတွေပေးတဲ့ အနွေးဓာတ်ရှိတယ်ကွ လို့ ရင်ထဲကနေ ခံစားချင်တယ်။

ဒါကြောင့် PRA-Magway က ရဲဘော်တွေအတွက် အနွေးဓာတ်လေးတွေပေးနိုင်ဖို့ SCF မှာ အတူတူဝိုင်းကူကြရအောင်နော်။ Certificate လေးကလည်း ဆောင်းရာသီ Theme နဲ့ဆိုတော့ အမှတ်တရသိမ်းနိုင်ဖို့ SCF အကောင့်လေး ဖွင့်ဖို့ အကြံလေးပေးချင်ရဲ့။

အောက်ပါလင့်လေးထဲဝင်ပြီး အနွေးဓာတ်လေးတွေပေးနိုင်ပါတယ်..

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
35🥰8
Media is too big
VIEW IN TELEGRAM
မြေပြင်ကို မြန်မြန်ဆန်ဆန်ကူနိုင်တဲ့ ထောက်ပို့ဒုံးပျံ SCF

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF

#springcrowdfund
33🥰5
"ကမ်ပိန်းများ ပလက်ဖောင်းပေါ်မတင်ခင်မှာ -

(1) မီတင်တွေ့ဆုံ
(2) သေချာစိစစ်ပြီး
(3) SCF Team နဲ့ တာဝန်ရှိသူများ ဂရုသေချာဖွဲ့ပြီးမှ SCF အဖွဲ့သားများဟာ ကမ်ပိန်းများကို ခွင့်ပြုပါတယ်။

ထို့ကြောင့် @SpringDevBank အသုံးပြုတဲ့ ပြည်သူများအနေနဲ့ ယခုလို သေချာစိစစ်ပြီး လစဉ် တော်လှန်ရေးအတွက် စစ်ရေး ၊ စစ်ရှောင် ၊ ပညာရေးများစွာကို တင်ပေးနေတဲ့ SCF ပလက်ဖောင်းလို တိကျသေချာတဲ့ စနစ်တခုဆီမှာ ထည့်ဝင်ကူညီမယ်ဆိုလျှင် လုံခြုံစိတ်ချရတာမို့..

SCF အကောင့်များ ပြည်သူတဦးစီတိုင်းရဲ့ဖုန်းမှာ ဖွင့်ထားကြဖို့ တော်လှန်ရေးအကျိုးအတွက် တိုက်တွန်းအပ်ပါတယ်။"

Review from တော်လှန်ကောမစ် 💪

အားလုံးအတူ အိမ်မြန်မြန်ပြန်နိုင်ဖို့အတွက် SCF မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ကူပါ။

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF
#springcrowdfund
34🥰6👍1
"ထပ်တွယ်ဖို့ ဆက်သွယ်စို့ " ကမ်ပိန်းနောက်ဆုံးနေ့တွင် SCF နှင့်အတူ ပါဝင်အားဖြည့်ကြရအောင်..

ပြည်သူတွေမျှော်လင့်နေတဲ့ ရလဒ်ကောင်း၊ သတင်းကောင်းတွေရရှိအောင်ဖော်နိုင်ဖို့ ဆက်သွယ်ရေးစနစ်ကလည်း အဓိကအရေးပါတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ "ထပ်တွယ်ဖို့ ဆက်သွယ်စို့ " ကမ်ပိန်းကို နေပြည်တော်တပ်ရင်း ၈၀၆ နှင့် ၈၀၇ မှ ရဲဘော်များအတွက် တပ်ပိုင်းဆိုင်ရာအစည်းအဝေးများ၊ သတင်းထုတ်ပြန်မှုများကို အချိန်နဲ့တပြေးညီပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ဆက်သွယ်ရေးစက်တွေ ကူညီထောက်ပံ့ပေးနိုင်ဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မျှော်မှန်းပမာဏ သိန်း၃၀၀ ရဲ့ သိန်း ၅၀ ကျော်သာရရှိထားပါသေးတယ်။

ဒါကြောင့် ရဲဘော်တွေခွန်အားတက်သွားအောင် ကမ်ပိန်းနောက်ဆုံးနေ့မှာ SCF မှတဆင့် လုံခြုံစိတ်ချစွာ အတူပါဝင်အားဖြည့်ပေးကြစို့ 💪

အောက်ပါလင့်ထဲဝင်ပြီး မြေပြင်ကိုတိုက်ရိုက်ကူညီနိုင်ပါတယ်..

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
34🥰5👍1
"လူဆိုတာ
အနွေးဓာတ်လိုတယ်
မြနှင်းဝေရေ
မင်းမရှိရင်ငါမဖြစ်ဘူးကွဲ့
လူဆိုတာအနွေးဓာတ်လိုတယ်" တဲ့
ကဗျာဆရာပိုင်စိုးဝေ ရေးခဲ့တဲ့ကဗျာလေးပေါ့..

ဖတ်ရင်းနဲ့ တောထဲကရဲဘော်တွေအတွက် တွေးပူမိ။ ပြည်သူတွေအတွက်ဆိုတဲ့ ခံယူချက်နဲ့ အိမ်လွမ်းစိတ်တွေကို ရင်ဝယ်ပိုက်ရင်း.. ပင်ပန်းခက်ခဲမှုတွေ၊ အအေးဒဏ်တွေကို အန်တုနေရရှာတဲ့ ရဲဘော်တွေအတွက်.. အနွေးဓာတ်လေးတွေကို တတ်အားသရွေ့ ဝိုင်းကူပေးကြရအောင်လေနော်။

အောက်ပါလင့်လေးထဲဝင်ပြီး SCF မှာ လုံခြုံစိတ်ချစွာ အနွေးဓာတ်ပေးနိုင်ပါတယ်..

🌱 ပါဝင်ကူညီရန်နှိပ်ပါ

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

တို့အတူချီတက်SCF
#SpringCrowdFund
#OnlineFundraisingPlatform
41🥰7👍1
This media is not supported in your browser
VIEW IN TELEGRAM
လိုချင်မိပြန်ပြီ ဆောင်းရာသီ Certi 🩵❄️

☃️ ဘယ်လိုယူရမလဲ?
ဒီဇင်ဘာ ၂၀ရက်နေ့ မြန်မာချိန် ည ၁၂နာရီမတိုင်ခင် SCF ပလက်ဖောင်းပေါ်ရှိ ကမ်ပိန်းတွေမှာ မေတ္တာနွေးနွေးပေးကာ ဖေးမကူညီသူတိုင်း Certi အေးအေးလေးတွေ ရရှိမှာပါ။ ဒီလိုအမှတ်တရ Certi လေးတွေကို လုံလုံခြုံခြုံ အကြာကြီးသိမ်းထားနိုင်ဖို့ SCF အကောင့်ဖွင့်ထားဖို့လည်း မမေ့နဲ့နော်။

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
54👍1🥰1
"စိတ်ဓာတ်ကျနေရင် SCF အကောင့်ဖွင့်ပါ"

တခါတလေ... ကိုယ့်ကိုယ်ကိုယ် မေးဖူးလား။ "ငါ ဘာလုပ်ပေးနိုင်သေးလဲ?" "ငါလုပ်နေတာတွေက လုံလောက်ရဲ့လား?"
သတင်းတွေဖတ်ရင်း စိတ်မကောင်းဖြစ်ရတာ၊ အားမလိုအားမရဖြစ်ပြီး ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသလို ခံစားနေရတာ.. သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါဟာ စစ်အာဏာရှင်စနစ်အောက်မှာ လူဖြစ်မရှုံးချင်တဲ့သူတိုင်း ကြုံတွေ့နေရတဲ့ စိတ်အခြေအနေတစ်ခုပါ။
ဒါပေမဲ့ အကြည်ဓာတ်လေးရေ. အဲဒီလို ခံစားရတဲ့အချိန်တိုင်း အကောင်းဆုံးကုထုံးက လုပ်နိုင်သမျှကို လက်တွေ့လုပ်လိုက်ခြင်း ပါပဲ။ ဘာမှအကြီးကြီး လုပ်စရာမလိုပါဘူး။ SCF အကောင့်လေးတစ်ခု စဖွင့်လိုက်ပါ။

ဘာကြောင့်လဲ?

သင်တစ်ယောက်တည်း မဟုတ်လို့ပါ ။လက်ရှိအချိန်မှာ SCF ပေါ်မှာ အကောင့်ဖွင့်ပြီး ကမ်ပိန်းတွေမှာ တစိုက်မတ်မတ် ထောက်ပို့နေကြတဲ့ အတူချီတက်သူပေါင်း ၈,၂၀၀ ကျော် ရှိနေပါပြီ။ သင် အကောင့်ဖွင့်လိုက်တာနဲ့ အဲဒီ စုပေါင်းအင်အားကြီးထဲကို သင်က တန်ဖိုးရှိတဲ့အင်အားသစ်အဖြစ် အတူပါဝင်နိုင်သွားမှာပါ။ သင့်ရဲ့ ပူပန်မှုတွေကို မျှဝေခံစားပြီး အတူချီတက်နေကြတဲ့သူတွေ တရိပ်ရိပ်တိုးလာနေတယ်ဆိုတဲ့ အသိက သင့်ကို အားရှိစေပါလိမ့်မယ်။ "ငါလည်း ပါဝင်နေတယ်၊ ငါ့မှာလည်း တာဝန်ရှိတယ်၊ ငါ့မှာလည်း စွမ်းအားရှိတယ်" ဆိုတဲ့ ခွန်အားကို ပြန်ရစေပါလိမ့်မယ်။

ဒါကြောင့် စိတ်အားထက်သန်စွာ ကြိုဆိုပါရစေ။ တို့တွေအတူတူ ချီတက်လိုက်ကြလိုက်ကြရအောင်။ 💪

🌱 𝙎𝘾𝙁 အသုံးပြုရန်နှိပ်ပါ

🌱 ၃ မိနစ်အတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်နှိပ်ပါ

#SpringCrowdFund
#OnlineFundraisingPlatform
36👍2
38🥰3
"ဆောင်းညမှသည် အမေ့ရင်ခွင်ဆီ"
_____

အရိုးထိ အေးတဲ့ တောတွင်းဆောင်းညတွေမှာ အိမ်လွမ်းနာကျစမြဲ...

နွေးထွေးတဲ့ အမေ့ရင်ခွင်ကို ငတ်မွတ်တောင့်တကြစမြဲ...

မီးဖိုနံဘေး ဂစ်တာဝိုင်းလေးမှ

"အေးမြတဲ့ ××× အမေ့ရဲ့အရိပ်နဲ့ ×× ဝေးခဲ့သူမို့××××" ဆိုတဲ့ အမေ့အိမ်တေးသွားက တလွင့်လွင့်ကိုကြားရတိုင်း နွေးထွေးတဲ့အမေ့ရင်ခွင်ကို တမ်းတမိစမြဲ

ဆောင်းညအလွမ်းဟာ အေးစက်သလောက် အမေ့ရင်ခွင်က နွေးထွေးလှပါဘိ...

ပဲခူးခရိုင်ပကဖစစ်ကြောင်းမှ ရဲဘော်တွေဟာ အထူးတိုင်းစစ်ဌာန၊ အမှတ်(၃၆)ဗျူဟာ၊ ပဲခူးခရိုင်ပကဖ ကွပ်ကဲမှုအောက်ကနေ  ပြည်သူများအားလုံး စ_စ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့အတွက် အရှိန်မြှင့်ကြိုးစားနေကြပါတယ်။

ဒီလို ရှေ့တန်းမြေပြင်မှာ ရွပ်ရွပ်ချွံချွံကြိုးစားနေကြတဲ့ ရဲဘော်တွေအတွက် မရှိမဖြစ်လိုအပ်လှတဲ့ ရိက္ခာ၊ ချပ်ဝတ်တန်ဆာ ဖြည့်တင်းနိုင်ဖို့ 'ဆောင်းညမှသည် အမေ့ရင်ခွင်ဆီ' ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။

ဆောင်းညအအေးဓာတ်ကိုအန်တုနိုင်မယ့် ပြည်သူ့မေတ္တာအနွေးဓာတ်နဲ့ အမေ့ရင်ခွင်နွေးနွေးဆီ အရောက်လှမ်းနိုင်ဖို့ SCF မှတဆင့် လုံခြုံစိတ်ချစွာ ပါဝင်ပေးနိုင်ပါတယ်။ 

ချပ်ဝတ်တန်ဆာကူညီပေးနိုင်ရန်
https://springcrowdfund.org/campaign/afa29634-8e0a-4690-b0bf-642bac22bcbb

Organizer - Moe Thway Nyo 

Recipient - Bago District PDO Column 

Timeline (MMT) - 18 Dec 2025 ~ 22 Jan 2026 

Target Amount - 30,000,000  MMK

အားလုံးအတူ အိမ်မြန်မြန်ပြန်နိုင်ဖို့အတွက် SCF မှာ လုံခြုံစိတ်ချစွာ ထောက်ပို့ကူပါ။

#တို့အတူချီတက်SCF
#SpringCrowdFund
#OnlineFundraisingPlatform
32🥰7👍3