အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.8K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
"S.O.F Snipers"

S.O.F စနိုက်ပါ (လက်ဖြောင့်) တစ်ယောက်ဖြစ်လာဖို့ အခြေခံစစ်သင်တန်း တစ်လခွဲ ၊ physical training တစ်လခွဲ၊ စနိုက်ပါအထူးသင်တန်း တစ်လခွဲ၊ livefire နှစ်ပတ် စုစုပေါင်းအချိန် ငါးလခန့် လေ့ကျင့်သင်ကြား ခဲ့ကြရပါတယ်။

S.O.F စနိုက်ပါတွေကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈ မှ စနိုက်ပါသင်တန်းဆရာတွေ နဲ့ အမေရိကန် မရိန်းသင်တန်းဆရာ ( မရိန်းတပ်ဖွဲ့ဝင်ဟောင်း) တွေကိုယ်တိုင် အဆင့်ဆင့် အနီးကပ် လေ့ကျင့်သင်ကြားပေးထားပြီး သင်တန်းပြီးမြောက်ချိန်မှာ အကောင်းဆုံး လက်ဖြောင့်တပ်သား တပ်စိတ်တစ်စိတ်ပေါ်ထွက်လာပါတယ်။ ယ္ခု စနိုက်ပါတပ်စုတစ်စုရှိပါတယ်။

"စနိုက်ပါကျည် ၁၀၀ ရှိရင် ၇၅ တောင့်ကိုလေ့ကျင့်ရမယ်၊ ၂၅ တောင့်နဲ့ ပစ်မှတ်ကိုတိတိကျကျ အချိန်ကိုက် အခွင့်အရေးတိုင်းကို လက်မလွှတ်တမ်း ချေမှူန်းသုတ်သင်နိုင်မယ်" လို့ မရိန်းသင်တန်းဆရာက ဆိုပါတယ်။ မှန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလ တောင်စွန်းတိုက်ပွဲ (လေးရက်) အတွင်း S.O.F စနိုက်ပါနှင့် ပူးပေါင်းအဖွဲ့များမှ ရန်သူ ၂၃ ဦးအထိ သုတ်သင်ရှင်းလင်းနို​င်ခဲ့ပါတယ်။

စနိုက်ပါလက်ဖြောင့်တပ်သားများဟာ တပ်ဖွဲ့စစ်ကြောင်းနဲ့ ပူးပေါင်းစစ်ကြောင်းတွေမှာ ကျရာတာဝန် ထမ်းဆောင်းလျှက်ရှိပြီး ယ္ခုလက်ရှိ စနိုက်ပါ နှစ်လက်နဲ့ အလှည့်ကျမစ်ရှင်တွေဆောင်ရွက်နေကြပါတယ်။ စနိုက်ပါတိုင်း တစ်ပွဲမှာ အနည်းဆုံး ရန်သူ တစ်ယောက်မှ ငါးယောက် အထိ ပွဲတိုင်းသုတ်သင်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ S.O.F တပ်ဖွဲ့အတွင်း စနိုက်ပါတွေ ထပ်ပြီးတပ်ဆင်နိုင်ရင် ယ္ခုထက် အောင်မြင်မှုတွေ ပိုရလာမယ်ဆိုတာ မလွဲဧကန်ပါ။ တပ်မဟာ (၆)/(၄) ရှေ့တန်းစစ်ကြောင်းတွေကို ဖြန့်ကျက်လှူပ်ရှားဖို့အစီအစဥ်လည်းရှိပါတယ်။ ရဲဘော်တွေကိုပဲအလှည့်ကျပေးနားပြီး မစ်ရှင်တွေကို မနားတမ်း ဆောင်ရွက်ချင်ပါတယ်။ စနိုက်ပါရဲဘော်အားလုံး ယုံကြည်မှုအပြည့်နဲ့ အလုပ်တွေလုပ်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ စနိုက်ပါတွေ ထပ်ပြီးတပ်ဆင်နိုင်ဖို့လည်း ဝိုင်းဝန်းကူညီလှူဒါန်းပေးကြစေလိုပါတယ်။

(enemy surprise) - ရန်သူကိုအလစ်အငိုက် အမှဲ့ချွေတဲ့နေရာမှာ စနိုက်ပါဟာ မရှိမဖြစ်လိုအပ်တဲ့ ခါးပိုက်ဆောင်လက်နက်ဖြစ်ပါတယ်။

https://www.facebook.com/profile.php?id=100084970777184&mibextid=ZbWKwL

#AungSanShar

#အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F

#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
47👍4🥰1😁1
Forwarded from Aung San Shar
ကျေးဇူးပြုပြီး ပြန်ရှလ်ပေးကြပါဦးခင်ဗျာ။
စာကို ကော်ပီယူပြီး ပုံတွေဆေ့ပြီး ပြန်ရှလ်ပေးနော်၊ တာ့ပလု 😘😘😘
38👏1
S.O.F တာဝန်ခံတပ်မှုး အောင်စံရှား fb အကောင့်သစ်ကိုလည်း follow လုပ်ပေးကြပါဦးခင်ဗျာ။ friend add လို့လည်းရပါတယ်ခင်ဗျာ။ (တာ့ပလု 😘😘😘)
41👍6👏1
" တော်လှန်‌သောအမျိုးသမီးနေ့ (သို့)
S.O.Fအမျိုးသမီး ရဲမေတပ်ခွဲမှူး ရေချယ်"

ကွန်မန်ဒို ရေချယ် လို့ပြောလိုက်ရင် ဒေါန၊ ကော်ဘရာ၊ ကျားသစ်နက် တောင်ပိုင်းစစ်ကြောင်းတွေက ရဲဘော်အများစု သိကြပါတယ်။ ပထမဆုံး အပတ်စဥ်ထဲက CDM ဆရာမလေး ရေချယ်ပါ၊ အမှတ်ရနေကြမယ်လို့လည်း ထင်ပါတယ်။

ကော့ကရိတ်၊ KNLA တပ်ရင်း ၁၈ မှာ ပထမဆုံး PDF သင်တန်းစတော့ သင်တန်းသား ၂၅၀ ကျော်မှာ ကွန်မန်ဒိုသင်တန်းသား ၈၀ ၊ အဲဒီအထဲကမှ ထပ်မံရွေးချယ်လိုက်တော့ ရေချယ်က တစ်ဦးတည်းသော အမာခံထွန်းပေါက်လာသူ အမျိုးသမီးကွန်မန်ဒို ရဲဘော်ကြီးပါ။

ပေါင်သုံးဆယ်အလေးချိန်အိပ်ကို ကျောမှာပိုးပြီး နေ့စဥ် မီတာ ၆၀၀၀ ပြေးနိုင်သူ၊
Physical test လုပ်တော့ မီတာ ၆၀၀ ကွင်းကို ကွင်းပတ်ရေအကြိမ် ၃၀ အထိ မနားတန်း (non-stop) ပြေးနိုင်သူ၊
နေ့စဥ် Physical Training (3 mile run, sit up , push up, pull up, weight lifting) ကို အမျိုးသားများနည်းတူ လုပ်နိုင်ခဲ့သူ၊
အမျိုးသားများလုပ်နိုင်ခဲသည့်အလုပ်များ၊ တာဝန်များကို ရှေ့ဆုံးက စံပြလုပ်နိုင်ခဲ့သူ၊
နွေဦးတော်လှန်ရေးရဲ့မျှားဦးအဖြစ် တာဝန်ကျေခဲ့သူ S.O.F ရဲ့ စံပြ အာဂ ရဲမေတစ်ဦးပါ။

အမျိုးသမီးတွေဆိုတာ နွေဦးတော်လှန်ရေးရဲ့ ကဏ္ဍစီတိုင်းမှာ ဦးဆောင်ပါဝင်နေပါတယ်။ စိတ်ပိုင်း/ ရုပ်ပိုင်း ကဏ္ဍတိုင်းမှာ အမျိုးသားတွေနဲ့တန်းတူ ယှဥ်ထိုးလုပ်နိုင်တယ်ဆိုတာ ရေချယ်က ပြယုဒ်သက်သေပါ။

S.O.F တပ်ဖွဲ့မှာ
ရေချယ်လို နွေဦးတော်လှန်ရေးရဲ့ အာဂ အမျိုးသမီးရဲမေတွေ များစွာရှိပါတယ်။ ရေချယ်လို အမျိုးသားတွေကိုဦးဆောင်နေတဲ့ ခေါင်းဆောင် ရဲမေတွေများစွာရှိတယ်ဆိုတာ
"အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ"နေ့အား ဂုဏ်ပြုသောအားဖြင့် ပြည်သူသို့ ထုတ်ဖော်အသိပေးတင်ပြအပ်ပါသည်။

https://www.facebook.com/profile.php?id=100084970777184&mibextid=ZbWKwL

အပြည်ပြည်ဆိုင်ရာ အမျိူသမီးများနေ့အား ဂုဏ်ပြုအမှတ်တရ မှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယိုနှင့် ဆောင်းပါးများအား S.O.F Telegram channel တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည် 👇

https://t.me/aungsanshar
https://t.me/sof220211

လေးစားစွာဖြင့်

#အောင်စံရှား
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#အမျိုးသားညီညွတ်ရေးအစိုးရ
51👍1