အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
Media is too big
VIEW IN TELEGRAM
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ၊ အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနား ရုပ်သံမှတ်တမ်း
------------------------
ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၄ ။
108👍15🥰5👏1
"SOF တပ်ဖွဲ့မှုးပြောသော တပ်ဖွဲ့ဝင်စံတန်ဖိုးများ"
(ရုပ်သံ - အပတ်စဥ် ၆ သင်တန်းဆင်းမိန့်ခွန်း)

SOF တပ်ဖွဲ့ဝင်စံတန်ဖိုးများ
------------------------
အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်ရဲဘော်များတွင် တန်ဖိုးထား သတ်မှတ်ခြင်းခံရမည့် စံနှုန်းများ ကိုယ်စီရှိရမည်ဖြစ်သည်။
ယူနီဖောင်းများ၊ ဘက်တံဆိပ်များ၊ ကိုယ်ပိုင်အမှတ်များဖြင့် SOF ဟုသတ်မှတ်၍မရ၊ တပ်ဖွဲ့ဝင်စံတန်ဖိုးများ ပြည့်စုံပါမှ SOF ဟု သတ်မှတ်နိုင်မည်။
SOF အဖြစ် သတ်မှတ်ခြင်းခံရမည့် တပ်ဖွဲ့ဝင်စံတန်ဖိုးများ (၇) ချက်ရှိသည်။

(၁) သတ္တိရှိမှု
(၂) သစ္စာရှိမှု
(၃) စည်းကမ်းရှိမှု
(၄) စည်းလုံးမှု
(၅) အနစ်နာခံမှု
(၆) အမိန့်နာခံမှု
(၇) လေးစားတတ်မှု တို့ဖြစ်သည်။

(၁) သတ္တိရှိမှု
တပ်ဖွဲ့ဝင်ရဲဘော်တိုင်းသည် ကြီး၊ ငယ်၊ ကျား၊ မ မဟူ တစ်ဦးချင်းစီတိုင်းတွင် တာဝန်ယူ တာဝန်ခံရဲ့သည့်သတ္တိ ရှိရမည်ဖြစ်သည်။ ကြောက်ရွံ့စိတ်ရှိသူဖြစ်ပါစေ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် လိုအပ်သည့်အခါတိုင်း ၊ ပေးအပ်သည့်တာဝန်ဟူသမျှကို မည်သို့သော အန္တရာယ်နှင့်ကြုံရသည်ဖြစ်စေ မဆုပ်မရွံ့ ၊ ပြတ်ပြတ်သားသား သတ္တိရှိစွာ တာဝန်ကျေပွန်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

(၂) သစ္စာရှိမှု
တပ်ဖွဲ့ဝင်ရဲဘော်များသည် မိမိတပ်ဖွဲ့အပေါ် ထာဝရသစ္စာစောင့်သိရမည်ဖြစ်သည်။ တပ်ဖွဲ့တွင်းတာဝန်ထမ်းဆောင်သည့်အချိန်ရော၊ တာဝန်များမှ အနားယူသည့်အခါပါ မိမိကိုယ်မိမိ တပ်ဖွဲ့ဝင်တစ်ယောက်ကဲ့သို့ တည်ကြည်ဖြောင့်မတ်စွာနေထိုင်ကျင့်ကြံသွားရမည်ဖြစ်သည်။ တပ်ဖွဲ့ဂုဏ်သိက္ခာထိခိုက်စေသောအပြုအမှူ အပြောအဆိုများ၊ တပ်ဖွဲ့ထိခိုက်ပျက်စီး​စေသည့် အပြုအမှု အပြောအဆိုများ လုံးဝ(လုံးဝ) မလုပ်ရပါ။ တာဝန်ထမ်းဆောင်သည့်ကာလတလျှောက် မိမိ၏တပ်ဖွဲ့ဝင်များအပေါ် သစ္စာစောင့်သိရမည်ဖြစ်သည်။ မိမိ၏ခေါင်းဆောင်များအပေါ် သစ္စာစောင့်သိရမည်ဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် မှန်ကန်သောစိတ်နေစိတ်ထားဖြင့် သေဆုံးသည့်တိုင် သစ္စာစောင့်သိရမည်ဖြစ်သည်။

(၃) စည်းကမ်းရှိမှု
တပ်ဖွဲ့ဝင်များသည် စစ်စည်းကမ်းများကို လေးစားလိုက်ရမည်။ တပ်ဖွဲ့တွင်းစည်းကမ်းများကို တိကျစွာလိုက်နာရမည်။ တပ်ဖွဲ့ဝင်မိသားစုများ၊ ပြည်သူလူထုများနှင့် ဆက်ဆံရာတွင်လည်း လေးစားရိုကျိုးစွာ နိုင်ငံ့သားကောင်းရတနာကဲ့သို့ ၊ စစ်သည်တော်ကောင်းတစ်ယောက်အဖြစ် ပြုမှုဆက်ဆံနေထိုင်ရမည်။ အပြောအဆို ၊ အနေအထိုင် အမူအကျင့်အားလုံး စည်းကမ်းရှိရမည်ဖြစ်သည်။

(၄) စည်းလုံးမှု
တပ်ဖွဲ့တွင်းရဲဘော်များအချင်းချင်းသော်လည်းကောင်း၊ အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့်သော်လည်းကောင်း၊ ပြည်သူလူထုနှင့်သော်လည်းကောင်း စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ရမည်ဖြစ်သည်။ တပ်ဖွဲ့၏ ခေါင်းစဥ်အောက်တွင်ပင် စုဖွဲ့မှု၊ နေထိုင်မှူ၊ တာဝန်အရ ခွဲခြားဆောင်ရွက်ရသည်ရှိသော်လည်း စုစည်းမှူတစ်ခုအောက်တွင် တညီတညွတ်တည်း ဖြစ်နေရမည်။ စည်းလုံးမှုသည် အဓိကခွန်အားဖြစ်သည်။

(၅) အနစ်နာခံမှု
တပ်ဖွဲ့ဝင်ရဲဘော်များ တစ်ကိုယ်ကောင်းစိတ်မရှိရ။ အခက်အခဲ၊ ဒုက္ခ၊ စိန်ခေါ်မှုများကြုံလာတိုင်း မိမိကသာ အနစ်နာခံရမည်။ အများအတွက် မိမိအကျိုးကိုမငဲ့ကွက်ပဲ ကိုယ်ကျိုးစွန့်ဆောင်ရွက်ရမည်ဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မိမိအသက်နှင့်ခန္ဓာကိုပါ စွန့်လွှတ်ပေးဆပ်နိုင်ရမည်။

(၆) အမိန့်နာခံမှု
တပ်ဖွဲ့ဝင်ရဲဘော်များအားလုံး အဆင့်ဆင့်ကွပ်ကဲမှု၊ ညွှန်ကြားမှု၊ တာဝန်ပေးမှုများကို သံသယမဲ့စွာ အမိန့်နာခံရမည်ဖြစ်သည်။ မိမိအစိုးရ၊ မိမိဝန်ကြီးဌာန၊ မိမိတပ်ဖွဲ့ခေါင်းဆောင်၊ မိမိစုဖွဲ့မှုတိုင်း၏ အရာရှိက ပေးအပ်သောတာဝန်၊ အလုပ်ပါသောပြောစကားမှန်သမျှ အမိန့်ဟူ၍သိရှိလက္ခံပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။

(၇) လေးစားတတ်မှု
တပ်ဖွဲ့ဝင်များ အချင်းချင်း၊ အဖွဲ့အစည်းအချင်းသော်လည်းကောင်း၊ ပြည်သူလူထုနှင့်သော်လည်းကောင်း မည်သို့သောအကြောင်းကိစ္စမျိုးမဆို ပြုမှုဆောင်ရွက်သမျှ ရိုးသားရမည်ဖြစ်သည်။ ရိုးသားမှုရှိမှသာ ယုံကြည်မှုရှိမည်ဖြစ်သည်။ ယုံကြည်မှုရှိမှ လေးစားမှူရှိမည်ဖြစ်သည်။ အပြန်အလှန်လေးစားတန်ဖိုးထားနိုင်ပါက အရာရာပေါင်းစည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

အောင်စံရှား(SOF)
83👍24🥰4
Media is too big
VIEW IN TELEGRAM
"SOF 3 years Celebration"
🎂🎂🎂🎂🎂🎂🎂🎂🎂🎂

🎤တပ်ဖွဲ့မှုး ဆရာအောင်စံရှားက
"ကိုယ်လာရင်ကြိုမှာလား" အလွမ်းသီချင်းလေးနဲ့ ရဲဘော်တွေကို ဖျော်ဖြေပေးပါတယ်
အားလုံး အခက်အခဲတွေကြားက ဘဝအမောတွေ ခဏတာပြေပျောက်နိုင်ကြပါစေ🙏🙏🙏

📽#SOF သုံးနှစ်ပြည့် ဂုဏ်ပြုပွဲ
#Aungsanshar
#ကိုယ်လာရင်ကြိုမှာလား

Video - SOF
111👍28😱1
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ ရဲဘော်သစ် သင်တန်းသားများခေါ်ယူခြင်း
-------------------------
သြဂုတ်လ ၂၀ ရက်၊ ၂၀၂၄။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF၊ တောင်ပိုင်းစစ်​​ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) မှ ရဲဘော်သစ် (သင်တန်းသား) များကို စနစ်တကျ စိစစ်လက်ခံလျှက် ရှိပါသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ပေါ်ထွန်းရေးသည် နိုင်ငံသားအားလုံး၏ အဓိကတာဝန်ဖြစ်သည်။ ထို့ကြောင့် SOF နှင့်အတူ အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား/အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တပ်ဖွဲ့ဝင်လိုသူများအနေဖြင့် အောက်ပါအချက်များအား ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။

၁။ အသက် (၁၈) နှစ်နှင့် (၃၅) နှစ်အတွင်းဖြစ်ရမည်။ ကျမ်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်ရမည်။ ဆုံးဖြတ်ချက်ပြတ်သားရမည်။
၂။ အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် လိုအပ်ပါက မွန်းမံသင်တန်းများပါ ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက်နိုင်ရမည်။
၃။ သင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှ ပေးအပ်သည့်တာဝန်နှင့် စုဖွဲ့မှုအတိုင်း တောင်ပိုင်းစစ်ဒေသ၏ မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်ရမည်။
၄။ MOD မှချမှတ်ထားသည့် စစ်စည်းကမ်း ကျင့်ဝတ်များ၊ SOF စည်းမျဥ်းစည်းကမ်းများအတိုင်း တိကျစွာ လေးစားလိုက်နာနိုင်ရမည်။
၅။ အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လိုအပ်၍တာဝန်ပေးအပ်ပါက နောက်ထပ် (၂) နှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရမည်။

SOF page messenger မှ ဆက်သွယ်နိုင်ပါသည်။👇

https://www.facebook.com/share/p/TNeysqWD1SL9QEMd/?mibextid=oFDknk

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
71👍15🥰3
https://www.facebook.com/share/v/SdZyaY9SWmMDN2As/?mibextid=oFDknk

တော်လှန်နှူတ်ခမ်းနီ page မှာ တိုက်ပွဲရုပ်သံလေးတင်ထားပေးပါတယ်။
ပွဲပြီးရင် သတင်းအပြည့်အစုံလာပါမယ်၊ ခုတော့ ကန်ပိန်းလေးကို ဝိုင်းရှလ်ပေးကြပါဦး။💄💄💄
58👍12
Media is too big
VIEW IN TELEGRAM
တော်လှန်နှုတ်ခမ်းနီ Project lll မှာပါဝင်ပေးဖို့ တပ်ဖွဲ့မှုး ရဲဘော်အောင်စံရှားရဲ့ တိုက်တွန်းချက်လေးပါ။
စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေးနှင့် ပဲခူးရိုးမအခြေပြုပြီး ရန်ကုန်စစ်ဆင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ နှုတ်ခမ်းနီဖိုးလေးတွေ ကူညီအားဖြည့်ပေးကြဖို့ပါ။

Admin (SOF)
112👍12🥰8