အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.8K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
Channel name was changed to «အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F»
မင်္ဂလာပါ

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အနေဖြင့် သတင်းနှင့်ပြန်ကြားရေး၊ ဆက်သွယ်ရေးလုပ်ငန်းစဥ်များအတွက်ရည်ရွယ်၍ telegram channel အားဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

တပ်ဖွဲ့၏ မြို့ပြ/ကျေးလက် စစ်ဆင်ရေးအခြေအနေများ၊ ထုတ်ပြန်ချက်များ နှင့် နေ့စဥ်လှူပ်ရှားဆောင်ရွက်မှူများအား အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးတင်ပြသွားမည်ဖြစ်ပါသည်။

channel link အား public သို့ ပြန်လည်ဝေမျှပေးနိုင်ပါရန် မေတ္တာရပ်ခံပါသည်။

👇👇👇
https://t.me/+6kBT7954yT8wMGZl

#admin
#ပြန်ကြားရေး
#S.O.F
35👍11🍓1
"တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း"

အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန၏ အထူးတိုက်ခိုက်ရေးနှင့်ချေမှူန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်သည်။ တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

တပ်ဖွဲ့ကို တပ်မဟာ ၆၊ တပ်ရင်း ၁၈ နယ်မြေထဲမှာ စတင်လေ့ကျင့်သင်ကြားထားတဲ့ အထူးကွန်မန်ဒို နဲ့ အထူးစနိုက်ပါသမား ၄၄ ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင်အား ၁၇၀ ဦးဖြစ်သည်။ ဆက်လက်ပြီး အထူးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုပဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိသည်။

လေ့ကျင့်သင်ကြားပြီးသော တပ်ဖွဲ့ဝင်များကို တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန် မြို့ပြစစ်ဆင်ရေးလုပ်ငန်းများအား တာဝန်ပေးဆောင်ရွက်စေခဲ့ပြီး ကျေးလက်စစ်ဆင်ရေးအနေဖြင့် တနသ်ာရီ နှင့် ကရင်ပြည်နယ်တပ်မဟာအသီးရှိ ရှိရင်းစွဲစစ်ကြောင်းများသို့လည်း ပူးပေါင်းတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ပေးဆောင်ရွက်လျှက်ရှိသည်။

မြို့ပြစစ်ဆင်ရေးလုပ်ငန်းများကို တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနှင့် တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံ၏ ညွှန်ကြားချက်များအတိုင်း S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံများ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှူများဖြင့် missions များကိုဆောင်ရွက်သည်။

ကျေးလက်စစ်ဆင်ရေးအနေဖြင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာစစ်ကြောင်းမှူးများ၏ အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ထောက်ပို့ကိစ္စများအား တောင်ပိုင်းထောက်/ပို့တာဝန်ရှိသူများနည်းတူ S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက် စီစဥ်ဆောင်ရွက်ပေးရသည်။

SPECIAL OPERATION FORCE (S.O.F) အနေဖြင့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ တိုက်ရိုက်ညွှန်ကြားချက်များအတိုင်း၊
S.O.F တပ်ဖွဲ့ရုံး တပ်မှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှူများအတိုင်း ကျရာတာဝန်များကို ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း နှင့် တပ်ဖွဲ့နှင့်သက်ဆိုင်သည့် သတင်းနှင့်အချက်အလက်များအား ထပ်မံဖော်ပြပေးသွားမည်ဖြစ်ကြောင်း ပြည်သူသို့ လေးစားစွာ တင်ပြအစီရင်ခံအပ်ပါသည်။

https://www.facebook.com/အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF-107645928731880/

#အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
46👍6