အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
"မင်္ဂလာသတင်းဗျို့"
💓💓💓💓💓💓💓

SOF ရဲ့ အတွဲ (၂၀) မြောက် ရွှေလက်ဆက်ပွဲလေး အောင်မြင်သွားပြန်ပါပြီ။ 💘💘

စာရေးသူညာဘက်ကတော့ SOF စစ်ကြောင်း(၁) ရဲ့ တပ်ထောက်မှုး ရဲဘော်ရာဇာတို့အတွဲဖြစ်ပြီး 💗💏

ဘယ်ဘက်ကတော့ SOF စစ်ကြောင်း(၁) ရဲ့ ဆက်သွယ်ရေးမှုး ရဲဘော်ကျားကြီးတို့အတွဲဖြစ်ပါတယ်။ 💑💖

SOF စစ်ကြောင်း (၂) ကတော့ လွန်ခဲ့တဲ့လကမှ စစ်ကြောင်းမှုးအပါ (၅) တွဲ မင်္ဂလာဆွမ်းကျွေးခဲ့ပေမဲ့ ရှေ့တန်းရောက်နေလို့ မတက်ရောက်လိုက်ရဘူး။😘💘

(၂၁) တွဲမြောက်မှ (၃၁) တွဲမြောက်အထိ မင်္ဂလာမောင်နှံလေးတွေ မိုးမကျခင် လာစေချင်ပါတယ်။ 😁😍

👉 လက်ခုပ်လေးတီးပြီး အားပေးချီးမြှင့်ကြပါ။👏👏
👉 မင်္ဂလာဆုမွန်ကောင်း တောင်းပေးကြပါဗျို့။🙏🙏

မင်္ဂလာဘိသိတ်ဆရာ😁😀😂
#AungSanShar
172👏51👍14🥰8❤‍🔥1
Media is too big
VIEW IN TELEGRAM
"တိုက်ပွဲဝင်ရုပ်သံမှတ်တမ်း"

KNLA နှင့် SOF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၊ SOF တပ်မှုးနှင့် လက်နက်ကြီးတပ်ဖွဲ့မှ စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း ရန်သူ့စခန်းကုန်းအား ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည့် တိုက်ပွဲဝင်ရုပ်သံမှတ်တမ်းအား ဖော်ပြခြင်းဖြစ်ပါသည်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
123👍29👏11
တိုက်ပွဲသတင်းထုတ်ပြန်ချက်
---------------------
မေလ ၂၆ ရက်၊ ၂၀၂၄။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းအား KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များမှ ရန်သူ၏ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြပြီး (၁၉.၅.၂၀၂၄) ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြသည်။

(၁၈.၅.၂၀၂၄) ရက်နေ့ညတွင် ရန်သူအင်အား (၉၀) ကျော် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး (၁၉.၅.၂၀၂၄) ရက်နေ့တွင် KNLA၊ SOF တော်လှန်ရေးပူးပေါင်းတပ်များနှင့် နံနက် (၉း၂၀) နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ နေ့လည် (၁၂း၃၀) အချိန်တွင် စကစ အလောင်းနှင့် MA4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ဒရုန်းဖြင့်ဗုံးကျဲ၍ မြေပြင်မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ (၂၀.၅.၂၀၂၄) ရက်နေ့ နံနက် ၆း၁၅ နာရီတွင် ရန်သူ (၁၂) ဦး လက်နက်နှင့်အတူအရှင်ဖမ်းမိခဲ့သည်။ ဆက်လက်၍ (၈း၁၅) နာရီတွင် ဒုတပ်ရင်းမှုး ရန်အောင်နှင့် 2IC မင်းမင်းထွန်းအပါ ရန်သူ (၂၃) ဦး လက်နက်ချအညံ့ခံလာခဲ့သည်။(၂၁.၅.၂၀၂၄) ရက်နေ့ နယ်မြေရှင်းလင်းဆောင်ရွက်စဥ် ရန်သူအလောင်းတစ်လောင်း နှင့် အရှင် (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့သည်။ (၂၂.၅.၂၀၂၄) ရက်နေ့တွင် တပ်ကြပ်ကြီး အဆင့်ရှိသူနှစ်ဦးအပါအဝင် (၆) ဦး ထပ်မံဖမ်းမိခဲ့သည်။ စုစုပေါင်း ရန်သူ (၄၈) ဦးလက်ရဖမ်းမိခဲ့ပြီး လက်နက် (၅၀) ကျော်သိမ်းဆည်းနိုင်ခဲ့သည်။ ရန်သူဘက်မှ (၂၀) ကျော်သေဆုံးခဲ့ပြီး ကျန်ရှိသည့် (၂၆) ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်မှ MI35 ဖြင့်နှစ်ကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ၄င်းတို့ ပြန်ဆုတ်ပြေးသည့်လမ်းတွင်လည်း ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။ ထိုင်းမြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတို့်အား KNLA ၊ SOF နှင့် ဒရုန်းပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိထားပြီး ယ္ခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းသည် စကခ (၁၃) လက်အောက်ခံ (ခလရ-၅၅၇)၊ (ခမရ-၅၆၁)နှင့် (၃၉၉ အမြှောက်တပ်) မှ ဖြစ်ပြီး ၄င်းနယ်စပ်တလျှောက် နောက်ဆုံးလက်ကျန်စခန်းဖြစ်သောကြောင့် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ အပြည့်အဝ နယ်မြေစိုးမိုး ထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူသို့ တိုက်ပွဲသတင်းကောင်း ပါးအပ်ပါသည်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
91👍32👏9
RFA စကားဝိုင်းမှ တပ်ဖွဲ့မှုးအောင်စံရှားရဲ့ ဆွေးနွေးချက်များပါ
-------------------------------

RFA စကားဝိုင်း
"ဒရုန်းစစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှု အားပြိုင်နေသလား"
~~~
■ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းစစ်ဆင်ရေးကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့တွေ အလျင်အမြန်ဖွဲ့စည်းပြီး တန်ပြန်စစ်ဆင်ရေးတွေ ဖော်ဆောင်လာပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လေတပ်အင်အားအခိုင်အမာရှိတဲ့ နေပြည်တော်က အေလာလေတပ်စခန်းနဲ့ စစ်ရုံးချုပ်တို့အထိ ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်လာတဲ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ခုခံကာကွယ်တဲ့နေရာမှာလည်း စစ်ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် စုစုပေါင်း ရှစ်စီးအထိ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အပြိုင် စစ်ကောင်စီလေတပ်က ဘယ်လိုစစ်ရေးဗျူဟာတွေ စစ်လက်နက်ပစ္စည်းတွေ ပြောင်းလဲပြင်ဆင်လာလဲ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်က တော်လှန်ရေးအင်အားစုတွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိနေလဲ ဆိုတာတွေ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး ကိုအောင်စံရှား၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC လူကယ်ပြန်ဌာနရဲ့ ဒုတိယဌာနမှူး မမော်ရီးရီ၊ CDM လေတပ်အရာရှိ ကိုမိုက်နဲ့ CDM လေတပ် တပ်ကြပ်ကြီး ကိုဇေယျတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။
80👍21👏1👌1
Media is too big
VIEW IN TELEGRAM
ရင်းမှုးမွေးနေ့ပွဲ🎂🎂🎂

ရင်းမှုးမွေးနေ့ တပ်ခွဲများအတွင်း
ဒူးရင်းသီးစားပြိုင်ပွဲကျင်းပ👨‍🍳😂

ရင်းမှုးက ဒူးရင်းမကြိုက်ပါဘူး၊ ရဲဘော်တွေအကြိုက် ဖန်တီးလိုက်တာပါ😁😘

ကျမ်းမာပျော်ရွှင်
အောင်ပွဲတွေဆင်နိုင်ပါစေ ရင်းမှုး🙏🙏

Admin(SOF)
143👍24🥰8❤‍🔥1
"အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သုံးနှစ်ပြည့် မှတ်တမ်း"

အပိုဒ် ၁။  SOF စတင်ဖွဲ့စည်းခဲ့တာ ဒီနှစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ဆိုရင် သုံးနှစ်တိတိပြည့်ခဲ့ပါပြီ။ တပ်ဖွဲ့မဖြစ်လာခင်တုန်းက  တောင်ပိုင်းရဲ့အစောဆုံး အခြေခံစစ်ပညာသင်တန်းကို KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်ထဲမှာ သင်တန်းသား ၂၅၀ ကျော်နဲ့ စတင်ခဲ့ကြပါတယ်၊ အဲဒီသင်တန်းဟာ တောင်ပိုင်း PDF တွေရဲ့အစလည်းဖြစ်၊ SOF တပ်ဖွဲ့ရဲ့ စတင်သန္ဓေတည်ခဲ့ရာလည်း ဖြစ်ပါတယ်။ သင်တန်းကို KNLA သင်တန်းတာဝန်ခံ ဆရာသာလော (ယ္ခု တပ်မဟာ ၆၊ တပ်မဟာထောက်လှမ်းရေးမှုး)က ဦးဆောင်ပြီး ဆရာမောင်၊ ဆရာစူပါမန်း၊ ဗိုလ်လေး၊ ဆရာမင်းထက် နဲ့ ဆရာသစ္စာတို့က နည်းပြအဖြစ် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ အဲဒီအချိန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆိုတာ အတည်ပြုမဖွဲ့စည်းရသေးခင် စီစဥ်ထားရုံအဆင့်ပဲရှိသေးပြီး သင်တန်းကိုတော့ အစကနေ ပြီးစီးတဲ့အထိ CRPH ကပဲ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ CRPH ကနေ သင်တန်းရေးရာ တာဝန်ပေးခြင်းခံရတာက ဒုရဲဘော်စောရှား (ယ္ခု တောင်ပိုင်း ဒုစစ်ဒေသမှုး - ၂) ဖြစ်ပါတယ်။

အပိုဒ် ၂။  အဲဒီအခြေခံသင်တန်းပြီးတဲ့အချိန်မှာ ကွန်မန်ဒို (commando) ၊ လက်ဖြောင့် (sniper)၊ မိုင်းနဲ့ဖောက်ခွဲရေး (Demolition)၊ ထောက်လှမ်းရေး (recon)၊ ချေမှုန်းရေးသမား (killer) ဆိုပြီး သီးသန့်ခွဲပြီး မွန်းမံသင်တန်းပေးခဲ့ပါတယ်။ ကွန်မန်ဒိုအားလုံး (၈၀) ဦးရှိပြီး Physical Test ပထမပတ်မှာပဲ ကွန်မန်ဒို (၃၃) ဦးသာ အမာခံကျန်ပါတယ်၊ စုဖွဲ့မှုလိုအပ်ချက်အရ ချေမှုန်းရေးသမားများ (killers) ထဲက အကောင်းဆုံး (၆) ဦးထပ်မံရွေးချယ်ခဲ့ပါတယ်၊ အဲဒီ (၃၉) ဦးကို KNLA ကွန်မန်ဒိုသင်တန်းနည်းပြတွေက Physical Training တလခွဲခန့် မနားတမ်းလေ့ကျင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ US မရိမ်းသင်တန်းနည်းပြ (ချင်းတိုင်းရင်းသား/မြန်မာနိုင်ငံသား) BOSS ရောက်လာခဲ့ပြီး သူရောက်လာတဲ့အချိန်မှာ ကွန်မန်ဒိုတွေဟာ ပေါင် ၃၀ အလေးချိန်ကိုထမ်းပိုးပြီး ၃ မိုင် (3 mile Running) ပြေးလမ်းကို ၁၉ မိနစ်အတွင်းစံချိန်တင်ပြေးနိုင်နေပါပြီ၊ တောတွင်း တောင်တက်စကေးတွေမှာ မရိမ်းတွေမလုပ်နိုင်တဲ့ စံချိန်အထိ မာဂုဏ်ပြနိုင်နေပါပြီ။ နှစ်မိနစ်အတွင်း ဒိုက်ထိုး (push-up) အကြိမ်တစ်ရာ၊ နှစ်မိနစ်အတွင်း အိပ်ထ (crunch) အကြိမ်တစ်ရာ၊ ဘားဆွဲ (pull-up) အကြိမ်နှစ်ဆယ် စတဲ့ Physical Fitness Test (PFT) နဲ့ Combat Fitness Test (CFT) အားလုံးစံချိန်တင်လုပ်ဆောင်နိုင်ပြီး ရေကူး ၊ သစ်ပင်တက်ကအစ KNLA ကွန်မန်ဒိုနဲ့ မရိမ်း လေ့ကျင့်သမျှကို ခန္ဓာကိုယ်ကိုမညှာတန်း ကျိုးကျိုးကြေကြေ စံချိန်တင်လုပ်ဆောင်နိုင်သူတွေဖြစ်နေခဲ့ပါပြီ။ စနိုက်ပါတပ်ဖွဲ့ဝင်တွေကတော့ အခြေခံပစ်ခတ်စဥ်မှာ အားလုံးထက် ကျည်စုအကောင်းဆုံး သေနတ်ပစ်အတော်ဆုံး လက်ဖြောင့်သမားတွေဖြစ်ပြီး စနိုက်ပါမျိုးစုံနဲ့ နေ့ရောညပါ မနားတန်းလေ့ကျင့်ရေးတွေကို အကောင်းဆုံး အောင်မြင်စွာ ဖြတ်ကျော်နိုင်သူတွေ ဖြစ်နေပါပြီ။

အပိုဒ် ၃။ အခြေခံသင်တန်းပြီးတဲ့အချိန်၊ မွန်းမံသင်တန်းမစခင်မှာ NUG/ MOD ဒုဝန်ကြီး ဆရာမဒေါ်ခင်မမမျိုးဦးဆောင်ပြီး တပ်ခွဲသုံးခွဲနဲ့ ယာယီတပ်ရင်းစုဖွဲ့မှုလုပ်ပေးခဲ့ပါတယ်၊ တပ်ရင်းမှုးအဖြစ် CRPH အဖွဲ့ဝင် (ယ္ခု စစ်ဒေသခွဲ (၃) ဒုစစ်ဒေသမှုး - ၂) ဖြစ်တဲ့ ရဲဘော်ဂျူပီတာကို တာဝန်ပေးခဲ့ပါတယ်၊ ကွန်မန်ဒိုနဲ့စနိုက်ပါအဖွဲ့ကိုတပ်ခွဲ(၁) အဖြစ်ဖွဲ့စည်းပြီး တပ်ခွဲမှုးအဖြစ် ကျွန်တော့်ကိုတာဝန်ပေးခြင်းခံရပါတယ်၊ ကျွန်တော်တို့ တပ်ခွဲရဲ့အမည်ကို ကော်ဘရာတပ်ခွဲဆိုပြီး ပတ္တလားဘားတိုက်မှာ ဆိုင်းဘုတ်ချိတ်ထားပါတယ်၊ (ဘာကြောင့်ပတ္တလားဘားတိုက်ခေါ်လည်းဆိုရင် ဘားတိုက်အားလုံးဟာ ဝါးနဲ့ဆောက်ထားပြီး  ကြမ်းတွေ ကချိုကချဲခင်းပြီး လူလေးဆယ်ကျော်နေတော့ ကြမ်းခင်းတိုင်းက ပတ္တလားလို အလယ်မှာ နိမ့်ခွက်နေလို့ပါ။ အခြား ချေမှုန်းရေးတပ်ခွဲနှစ်ခွဲကတော့ နောင်ခါ ဒေါနစစ်ကြောင်းဖြစ်လာမဲ့ ဒေါနတပ်ခွဲတွေပါ။ တပ်ရင်းရုံးကိုတော့ ပတ္တလားဘားတိုက်ဘေးမှာရှိတဲ့ ကွန်မန်ဒို နားနေဆောင်ကို အဆင်သင့်​အသုံးပြုခွင့်ပေးလိုက်ပါတယ်၊ ကွန်မန်ဒိုတွေက သီးသန့်ခွဲနေရပြီး နေထိုင်မှုကအစ သပ်သပ်ရပ်ရပ် စည်းကမ်းရှိရှိနဲ့ စစ်ပုံတကျ နေခဲ့ကြရပါတယ်။ ထပ်ရောက်လာတဲ့ သင်တန်းသားတွေရှေ့မှာ စံနမူနာပြနေခဲ့ရပြီး တခါတလေ တပ်ထိန်းတပ်ဖွဲ့အနေနဲ့လည်း လိုအပ်သလို တာဝန်ယူဆောင်ရွက်ရပါတယ်။

အပိုဒ် ၄။ တနေ့ ဝန်ကြီးဦးလွင်ကိုလတ်ရောက်လာပြီး အထူးတပ်ဖွဲ့ဖွဲ့ဖို့၊ ကွန်မန်ဒိုနဲ့စနိုက်ပါတွေကို အထူးစစ်ဆင်ရေးသင်တန်းပေးဖို့နဲ့ နေရာသစ်ကိုရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်၊ အစီအစဥ်အကြမ်းဖျဥ်းသိရတာကတော့ အထူးစစ်ဆင်ရေးသင်တန်းပေးပြီးရင် လက်နက်တပ်ဆင်ပြီး အရင်ဆုံးမြို့ပြတိုက်ပွဲတွေကို တိုက်ရမယ်လို့သိခဲ့ပါတယ်၊ အဲဒီအချိန်က နေရာရွှေ့ရမှာမို့ စိတ်မကောင်းဖြစ်ကြပေမဲ့ အထူးစစ်ဆင်ရေးသင်တန်းတက်ဖို့နဲ့ လက်နက်ကိုင်ပြီး အရင်ဆုံးတိုက်ရမယ်ဆိုတော့ အပျော်ကြီးပျော်ခဲ့ကြပါတယ်။ တချို့ကိုတော့ စစ်ဦးစီးသင်တန်း (အရာရှိငယ်သင်တန်း) ဆိုပြီးနေရာရွှေ့ဖို့ ပြင်ဆင်နေပါတယ်၊ အဲဒီမှာ တိုက်ခိုက်ရေးသင်တန်းတက်ပြီး တိုက်ခိုက်မဲ့အဖွဲ့နဲ့ အရာရှိသင်တန်းတက်ပြီး ဦးဆောင်မဲ့အဖွဲ့နှစ်ခုကတော့
47👍5👌1
အပြိုင်အဆိုင်

အထုပ်အပိုးတွေပြင်နေပါပြီ၊ အဲဒီမှာ SOF ဖြစ်လာမဲ့ ကွန်မန်ဒို+စနိုက်ပါတွေကို တန်းစီရင်း ရဲဘော်ဂျူပီတာက နောက်ဆုံးအနေနဲ့ သေချာရွေးချယ်ဆုံးဖြတ်ခွင့်ရှိသေးကြောင်းနဲ့ ကွန်မန်ဒိုတွေဟာ တိုက်ခိုက်ရေးအတွက်သာဖြစ်ပြီး စစ်ဦးစီးပိုင်းကိုတော့ အခုသင်တန်းပေးမဲ့ အရာရှိငယ်တွေကပြန်လည်ဦးဆောင်မဲ့အကြောင်း သေချာရှင်းပြခဲ့ပါတယ်၊ ကျွန်တော်အပါ SOF ဖြစ်လာမဲ့ကွန်မန်ဒိုနဲ့ စနိုက်ပါတွေကတော့ တုတ်တုတ်မလှုပ်၊ ခံယူချက်တွေမပြောင်း၊ ရာထူး နေရာတွေမလို၊ အမြန်သင်တန်းတက်၊ အမြန်လက်နက်တပ်ဆင်မှုခံယူပြီး အမြန်ဆုံးမြို့ပေါ်ပြန်တိုက်ဖို့သာတွေးရင်း ရင်ကော့ခေါင်းမော့ပြီးငြိမ်နေခဲ့ကြပါတယ်။

အပိုဒ် ၅။ " ငါတို့က အစကတည်းက မာဂုဏ်ဆောင်တယ်၊ သတ္တိပြောင်တယ်၊ အရာရာရှေ့ဆောင်တယ်၊ အမှောင်မကြောက်တဲ့ ညမင်းသားတွေပဲ" ၊ အသားမဲမဲကျစ်ကျစ်၊ စူပါမန်းကေနဲ့ ဦးခေါင်းပြောင်ပြောင် တန်းစီပုံ၊ လမ်းလျှောက်ပုံ၊ အလေးပြုပုံတွေက မရိမ်းစတိုင်၊ ဆရာဝန်တွေ၊ နာ့စ်တွေ၊ ကျောင်းဆရာ၊ ဆရာမ တွေ၊ အင်ဂျင်နီယာတွေအားလုံး ပညာတွေဘေးချိတ်၊ SOF သင်တန်းတက်ပြီး ရှေ့ဆုံးကတိုက်ဖို့သာ စိုင်း​ပြင်းခဲ့ကြတယ်၊ ဆုံးဖြတ်ချက်ပြတ်သားတယ်၊ စကားမများဘူး၊ လူကြမ်း နှုတ်ကြမ်းတယ်၊ ဒါပေမဲ့ မရမ်းကားဘူး၊ အားလုံးထက် အပင်ပန်းခံတယ်၊ အနစ်နာခံတယ်။
အတိုချုပ်ရရင် နောက်ဆုံး ကွန်မန်ဒို ၃၉ ဦး နဲ့ စနိုက်ပါ ၁၃ ဦးကို သီးသန့်ခွဲထုတ်ပြီး အထူးတပ်ဖွဲ့ ဖွဲ့ဖို့ ဘုရားသုံးဆူမြို့နယ်ထဲက အယ်ဖာသင်တန်းကွင်းကိုရွှေ့လိုက်ပါတယ်။ ပြောင်းရွှေ့ခါနီး ကွန်မန်ဒိုဝင်ခွင့်မရခဲ့တဲ့ သင်တန်းသားနှစ်ဦးက ကွန်မန်ဒိုအဖြစ် အတူတူလေ့ကျင့်ပြီး မြို့ပြကိုဝင်ချင်ကြောင်းနဲ့ ဝင်ရောက်ခွင့်အကြိမ်ကြိမ်တောင်းဆိုတဲ့အတွက် ထပ်မံခွင့်ပြုခဲ့ပြီး အားလုံး ကွန်မန်ဒို (၄၁) ဦး၊ စနိုက်ပါ (၁၃) ဦးနဲ့ အယ်ဖာသင်တန်းကွင်းကြီးကိုရောက်ခဲ့ကြပါတယ်။ အယ်ဖာသင်တန်းကွင်းမှာလည်း အခြေခံသင်တန်းပြီးထားပြီးသား အထူးရွေးချယ်ထားတဲ့ ချေမှုန်းရေးသမားနဲ့ စနိုက်ပါသမားတွေရှိပါတယ်၊ အဲဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့အားလုံးပေါင်းပြီး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၁) ကို စဖြစ်ခဲ့ပါတယ်။ (၁၉.၆.၂၀၂၄)

(ဆက်လက်ရေးသားဖော်ပြပါမည်)
#အောင်စံရှား (SOF)
83👍13