အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
တောင်စွန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်း
--------------------
မေလ ၃ ရက်၊ ၂၀၂၄။

ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းအား မေလ ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊ federal wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တောင်စွန်းစခန်းအား ဧပြီ (၇) ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီ (၁၇) ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ (၃) ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းတွင် အပြီးသတ် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့သည်။ စခန်းသိမ်းရှင်းလင်းရေးဆောင်ရွက်ပြီး လက်နက်ကြီး လက်နက်ငယ် (၄၀) ကျော် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆) ဦးသေဆုံးကာ တပ်ရင်းမှုးအပါ (၁၃) ဦးထွက်ပြေးသွားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ MI35 (၅) ကြိမ် ၊ Y12 ဗုံးကျဲလေယဥ်ဖြင့် (၂၃) ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ (၅၀) ကျော် ထိခိုက်ပျက်စီးခဲ့သည်။ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
85👍14👏6
Media is too big
VIEW IN TELEGRAM
တောင်စွန်းပွဲ ပွိုင့်5 နဲ့ဖွင့်
———————————

တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များမှ ရန်သူအား နေ့ညမပြတ် ဒရုန်း လက်နက်ကြီးများဖြင့် အနီးကပ်တိုက်ခိုက်ချေမှုန်းမှု မှတ်တမ်းရုပ်သံ။

Video - SOF
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
110👍27👏11😘1
တောင်စွန်းစခန်းပေါ် အောင်လံလွင့်ထူခဲ့ပြီ
------------------------------------
တောင်စွန်းစခန်းကို ၂၀၂၃ခု နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိ တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခဲ့ပါတယ်။ ငါးရက်တိတိ ရန်သူရဲ့လေကြောင်းမနားတန်းတိုက်ခိုက်မှု၊ ရန်သူအင်အား တစ်ရာကျော်အထိ ခုခံကာကွယ်မှု၊ ဒရုန်းနဲ့ ခဲယမ်းလက်နက်အင်အားနည်းပါးမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်၊ SOF ရဲဘော်(၆) ဦးနဲ့ ပူးပေါင်းအဖွဲ့က (၃) ဦး အသက်တွေပေးခဲ့ရတယ်။
ဒီတစ်ကြိမ်က စစ်ရေးဗျူဟာအရပြန်တိုက်တာဖြစ်သလို ရာဇဝင်ကြွေးဆပ်တာလည်း ဟုတ်ပါတယ်၊ တောင်စွန်းဆိုတဲ့အသံကြားတာနဲ့ ချေမှုန်းလိုစိတ်တွေ ထိမ်းမရတဲ့အထိဖြစ်နေခဲ့ကြတယ်၊ စခန်းပေါ်မှာကျန်ခဲ့တဲ့ ကိုယ့်ရဲဘော်တွေရဲ့ အရိုးတွေပြန်ကောက်ပြီး ဂုဏ်ပြုချင်နေတာ၊ အရိုးနဲ့အောင်လံထူချင်တာ၊ ဒီလိုရာဇဝင်ကြွေးမျိုး ငါတို့ပဲဆပ်ခွင့်ရှိတယ်။
ဒီတကြိမ်မှာ မနှစ်ကတက်ခဲ့တဲ့ရဲဘော်တွေပြန်ပါသလို SOF ခွန်အားသစ် ရဲဘော်တွေလည်းပါတယ်၊ တောင်စွန်းသမိုင်းကိုသိနေခဲ့ကြတယ်၊ နောက်ဆုံး KNLA၊ SOF၊ Lion ၊ Drone ပူးပေါင်းအဖွဲ့တွေရဲ့ မဆုပ်မနစ် တွန်းလှန်တိုက်ခိုက်မှုကြောင့် ၊ သူရဲကောင်းတွေရဲ့ ပေးဆပ်မှုကြောင့် တောင်စွန်းဟာ ခြေဖဝါးအောက် ပြားပြားမှောက်ရသလို ကရင်အမျိုးသားအလံတော်နဲ့ ပြည်သူ့ကာကွယ်ရေးအလံတော်ကို မားမားစွင့်စွင့် လွင့်ထူနိုင်ခဲ့ပါပြီ။
မင်းတို့ပေးဆပ်ခဲ့တဲ့နေရာမှာ မင်းတို့အလေးပြုနေတဲ့ အလံတော်တွေကို မင်းတို့ကိုယ်စား ကိုယ်တိုင်စိုက်ထူပေးခဲ့တယ်၊ တာဝန်မကျေသေးတာရှိရင် ငါအသက်ရှိနေသေးသ၍ ဆက်ပြီးပေးဆပ်နေဦးမယ်၊ အသက်၊ သွေး၊ ချွေး နဲ့ ဘဝတွေပေးဆပ်ခဲ့ကြသူ တော်လှန်သူရဲကောင်းအားလုံးကို အလေးပြုပါတယ်။

#အောင်စံရှား
142👍26👏9🥰3
"မင်္ဂလာသတင်းဗျို့"
💓💓💓💓💓💓💓

SOF ရဲ့ အတွဲ (၂၀) မြောက် ရွှေလက်ဆက်ပွဲလေး အောင်မြင်သွားပြန်ပါပြီ။ 💘💘

စာရေးသူညာဘက်ကတော့ SOF စစ်ကြောင်း(၁) ရဲ့ တပ်ထောက်မှုး ရဲဘော်ရာဇာတို့အတွဲဖြစ်ပြီး 💗💏

ဘယ်ဘက်ကတော့ SOF စစ်ကြောင်း(၁) ရဲ့ ဆက်သွယ်ရေးမှုး ရဲဘော်ကျားကြီးတို့အတွဲဖြစ်ပါတယ်။ 💑💖

SOF စစ်ကြောင်း (၂) ကတော့ လွန်ခဲ့တဲ့လကမှ စစ်ကြောင်းမှုးအပါ (၅) တွဲ မင်္ဂလာဆွမ်းကျွေးခဲ့ပေမဲ့ ရှေ့တန်းရောက်နေလို့ မတက်ရောက်လိုက်ရဘူး။😘💘

(၂၁) တွဲမြောက်မှ (၃၁) တွဲမြောက်အထိ မင်္ဂလာမောင်နှံလေးတွေ မိုးမကျခင် လာစေချင်ပါတယ်။ 😁😍

👉 လက်ခုပ်လေးတီးပြီး အားပေးချီးမြှင့်ကြပါ။👏👏
👉 မင်္ဂလာဆုမွန်ကောင်း တောင်းပေးကြပါဗျို့။🙏🙏

မင်္ဂလာဘိသိတ်ဆရာ😁😀😂
#AungSanShar
172👏51👍14🥰8❤‍🔥1
Media is too big
VIEW IN TELEGRAM
"တိုက်ပွဲဝင်ရုပ်သံမှတ်တမ်း"

KNLA နှင့် SOF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၊ SOF တပ်မှုးနှင့် လက်နက်ကြီးတပ်ဖွဲ့မှ စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း ရန်သူ့စခန်းကုန်းအား ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည့် တိုက်ပွဲဝင်ရုပ်သံမှတ်တမ်းအား ဖော်ပြခြင်းဖြစ်ပါသည်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
123👍29👏11
တိုက်ပွဲသတင်းထုတ်ပြန်ချက်
---------------------
မေလ ၂၆ ရက်၊ ၂၀၂၄။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းအား KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များမှ ရန်သူ၏ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြပြီး (၁၉.၅.၂၀၂၄) ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြသည်။

(၁၈.၅.၂၀၂၄) ရက်နေ့ညတွင် ရန်သူအင်အား (၉၀) ကျော် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး (၁၉.၅.၂၀၂၄) ရက်နေ့တွင် KNLA၊ SOF တော်လှန်ရေးပူးပေါင်းတပ်များနှင့် နံနက် (၉း၂၀) နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ နေ့လည် (၁၂း၃၀) အချိန်တွင် စကစ အလောင်းနှင့် MA4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ဒရုန်းဖြင့်ဗုံးကျဲ၍ မြေပြင်မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ (၂၀.၅.၂၀၂၄) ရက်နေ့ နံနက် ၆း၁၅ နာရီတွင် ရန်သူ (၁၂) ဦး လက်နက်နှင့်အတူအရှင်ဖမ်းမိခဲ့သည်။ ဆက်လက်၍ (၈း၁၅) နာရီတွင် ဒုတပ်ရင်းမှုး ရန်အောင်နှင့် 2IC မင်းမင်းထွန်းအပါ ရန်သူ (၂၃) ဦး လက်နက်ချအညံ့ခံလာခဲ့သည်။(၂၁.၅.၂၀၂၄) ရက်နေ့ နယ်မြေရှင်းလင်းဆောင်ရွက်စဥ် ရန်သူအလောင်းတစ်လောင်း နှင့် အရှင် (၇) ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့သည်။ (၂၂.၅.၂၀၂၄) ရက်နေ့တွင် တပ်ကြပ်ကြီး အဆင့်ရှိသူနှစ်ဦးအပါအဝင် (၆) ဦး ထပ်မံဖမ်းမိခဲ့သည်။ စုစုပေါင်း ရန်သူ (၄၈) ဦးလက်ရဖမ်းမိခဲ့ပြီး လက်နက် (၅၀) ကျော်သိမ်းဆည်းနိုင်ခဲ့သည်။ ရန်သူဘက်မှ (၂၀) ကျော်သေဆုံးခဲ့ပြီး ကျန်ရှိသည့် (၂၆) ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်မှ MI35 ဖြင့်နှစ်ကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ၄င်းတို့ ပြန်ဆုတ်ပြေးသည့်လမ်းတွင်လည်း ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။ ထိုင်းမြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတို့်အား KNLA ၊ SOF နှင့် ဒရုန်းပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိထားပြီး ယ္ခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းသည် စကခ (၁၃) လက်အောက်ခံ (ခလရ-၅၅၇)၊ (ခမရ-၅၆၁)နှင့် (၃၉၉ အမြှောက်တပ်) မှ ဖြစ်ပြီး ၄င်းနယ်စပ်တလျှောက် နောက်ဆုံးလက်ကျန်စခန်းဖြစ်သောကြောင့် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ အပြည့်အဝ နယ်မြေစိုးမိုး ထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူသို့ တိုက်ပွဲသတင်းကောင်း ပါးအပ်ပါသည်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
91👍32👏9