အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
Media is too big
VIEW IN TELEGRAM
ကော့ကရိတ်ကို ၆၀ ရာခိုင်နှုန်းထိန်းလိုက်ပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

ထိုင်း-မြန်မာ နယ်စပ် အဓိကကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရာခိုင်နှုန်းထက်ဝက်ကျော် သိမ်းယူလိုက်နိုင်ပြီဖြစ်တယ်လို့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး အောင်စံရှား က ဧရာဝတီကို အတည်ပြုပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ S.O.F နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေဟာ ဒီစစ်ဆင်ရေးကို ၂၀၂၃ ဒီဇင်ဘာ လကုန်မှာကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခလရ ၉၇ တို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

စစ်တပ်ဟာ မြို့ကျမသွားရေးအတွက် လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်က အဆောက်အဦတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ S.O.F အဖွဲ့ခေါင်းဆောင် အောင်စံရှား ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

source - The Irrawaddy
58👍15👏5
Media is too big
VIEW IN TELEGRAM
ကော့ကရိတ် - သင်္ကန်းညီနောင် - မြဝတီ (အာရှလမ်းပိုင်း) စစ်ကြောင်းခရီးစဥ်လေးတင်ပေးလိုက်ပါတယ်။

တော်လှန်ရေးသီချင်းလေးတွေနားထောင်ရင်းပေါ့ 🎼🎧📽

#အောင်စံရှား
#SOF
103👍15
မတ်လ ၃ ရက်၊ ၂၀၂၄။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ တပ်ဖွဲ့မှုးနှင့်
ဦး ၊ ရေး ၊ ထောက် ၊ လှမ်း ၊ စစ်ဆင်ရေး ၊ လုံ - ရုံးလုပ်ငန်းအဖွဲ့များ ၊ တပ်ခွဲမှုးများ တွေ့ဆုံ အစည်းအဝေးကျင်းပခြင်း ဓာတ်ပုံမှတ်တမ်း။

Admin
66👍19😘1
သင်တန်းလေ့ကျင့်ရေး ရုပ်/သံ (အပိုင်း ၁)
---------------------
မတ်လ (၄) ရက်၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊
တောင်ပိုင်းစစ်ဒေသ၊
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999 - အထူးတပ်ဖွဲ့ ) ၏ သင်တန်းအပတ်စဥ် (၅) ၊
လေ့ကျင့်ရေး (Physical Training) မှတ်တမ်းရုပ်သံ - - - ။

SOF ၏ သတင်းထုတ်ပြန်ချက်များ၊ မှတ်တမ်း ဓာတ်ပုံနှင့် ရုပ်သံများအား အောက်ပါ facebook, youtube & telegram များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။facebook link 👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
telegram link 👇 https://t.me/sof220211
youtube link 👇 https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP]

#အထူးစစ်ဆင်ရေးတပ်ဖွဲ့
#SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
55👍9🥰3
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F:
စစ်ကြောင်း (၁)
https://www.facebook.com/profile.php?id=61557324863033&mibextid=JRoKGi

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F:
စစ်ကြောင်း (၂)
https://www.facebook.com/profile.php?id=61556994905645&mibextid=kFxxJD

အပေါ်က SOF
စစ်ကြောင်း (၁) နဲ့ စစ်ကြောင်း (၂) facebook page တွေကို like & follow လေးလုပ်ပေးထားကြပါဦး။
38👍2
တောင်ပိုင်းစစ်ဒေသ ၊ ဒုစစ်ဒေသမှုး ရဲဘော်စောရှားနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်များတွေ့ဆုံ
--------------------------
မတ်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှုး ရဲဘော်စောရှားနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF (P29999- အထူးတပ်ဖွဲ့) ခေါင်းဆောင်များ တွေ့ဆုံခြင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ အဖွင့်အမှာစကားနှင့် စစ်ဆင်ရေးကိစ္စများအား ရှင်းလင်းပြောကြားခဲ့ပြီး SOF တပ်ဖွဲ့ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များမှ ရုံးလုပ်ငန်းကိစ္စများ၊ စစ်ဆင်ရေးကိစ္စများနှင့် လိုအပ်ချက်များအားတင်ပြဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ တပ်ဖွဲ့ရုံး ရုံးအဖွဲ့ဝင်များ၊ စစ်ကြောင်း (၁) စစ်ကြောင်းမှုးရုံးအဖွဲ့နှင့် တပ်ခွဲမှုးများ၊ စစ်ကြောင်း (၂) စစ်ကြောင်းမှုး၊ ရုံးအဖွဲ့နှင့် တပ်ခွဲမှုးများတက်ရောက်ခဲ့ကြသည်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
59👍15🥰4
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F pinned «အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F: စစ်ကြောင်း (၁) https://www.facebook.com/profile.php?id=61557324863033&mibextid=JRoKGi အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F: စစ်ကြောင်း (၂) https://www.facebook.com/profile.php?id=61556994905645&mibextid=kFxxJD အပေါ်က SOF စစ်ကြောင်း…»