အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
(၇၆) နှစ်​မြောက် အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်းအနားပြုလုပ်
----------------------------------
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃။

ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်းအနားအစီအစဥ်များအား နံနက် ၇း၀၀ နာရီအချိန်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်နက်တည်း အသီးသီးကျင်းပခဲ့ကြသည်။

အလေးပြုခြင်းအစီအစဥ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အားအလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ကျဆုံးခဲ့ကြသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်းနှင့် တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးမှုးရဲဘော်စောရှားပေးပို့သောအာဇာနည်နေ့သဝဏ်လွှာအားဖတ်ကြားခဲ့ကြသည်။

အာဇာနည်နေ့အမှတ်တရအ​​ဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ S.O.F ၏ အာဇာနည်ရဲဘော်များအကြောင်း ဂုဏ်ယူဖွယ်၊ လွမ်းဆွတ်အောင့်မေ့ဖွယ် မှတ်တမ်းအကြောင်းအရာများ ပြန်လည်ပြောပြခဲ့ကြပြီး အခမ်းအနားအစီအစဥ်အား အဆုံးသတ်ခဲ့ကြပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
36
Media is too big
VIEW IN TELEGRAM
(၇၆) နှစ်မြောက်အယဇာနည်နေ့ အလေးပြုခြင်းအခမ်းအနားကျင်းပ
44👍7
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ဖွဲ့တည်ထောင်ခြင်း (၂) နှစ်ပြည့် စစ်ဆင်ရေးဆောင်ရွက်ချက်များ ထုတ်ပြန်ခြင်း
------------------------------
ဇူလိုင်လ ၂၁ ၊ ၂၀၂၃ ခုနှစ်။

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ ဇူလိုင်လ -၂၁ ရက်နေ့တွင် (၂) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (၂) နှစ်ပြည့်အတွင်း  တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးစီမံချက်များအတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့တွင်  ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေးဆောင်ရွက်ချက်များကို တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၄) နယ်မြေများတွင် နယ်မြေခံ KNLA တပ်ဖွဲဲ့ဝင်များနှင့် ပူးပေါင်း၍ ကျေးလက်စစ်ဆင်ရေးဆောင်ရွက်ချက်များကို
တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။


၂။ မြို့တွင်းစစ်ဆင်ရေးအနေဖြင့် ရန်ကုန်မြို့တွင် ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်များ၊ အကြမ်းဖက်လက်အောက်ခံ သာကေတရဲစခန်း၊ မြောက်ဥက္ကလာရဲစခန်း နှင့်  လှိုင်သာယာရဲစခန်းများအား လက်နက်ကြီး/ လက်နက်ငယ်များ​ဖြင့် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ရှိ ရဲစခန်းများ၊ အကြမ်းဖက်လက်အောက်ခံ ပျူစောထီးဂိတ်များ၊ စစ်စခန်းများအား အကြိမ်ပေါင်းများစွာဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ 

၃။ ကျေးလက်စစ်ဆင်ရေးအနေဖြင့် ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေးစခန်းသိမ်းပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်းတိုက်ပွဲနှင့် ကော့ကရိတ်မြို့ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၃၉) ကြိမ်၊ ဒရုန်း+လက်နက်ကြီးတိုက်ပွဲပေါင်း (၁၆) ကြိမ်ဆင်နွှဲနိုင်ခဲ့သည်။ အချုပ်အားဖြင့် ​ကျေးလက်နှင့်မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ (၈၇) ကြိမ်ရှိခဲ့ပြီး ရန်သူ (၂၆၂) ဦးသေဆုံးသည်အထိ တိုက်ပွဲဝင်ချေမှုန်းနိုင်ခဲ့သည်။ လက်နက်ကြီး/လက်နက်ငယ် (၅၄) လက်သိမ်းဆည်းရမိခဲ့ပြီး  တရားမဝင်မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားတချို့ သိမ်းဆည်းရမိဖျက်ဆီးနိုင်ခဲ့သည်။

၄။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F သည် "တော်လှန်ရေးရဲ့မြှားဦး" အနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ချက်များကို စတင်ခဲ့ကြပြီး မတရားဖမ်းဆီးခံထားရသူများ၊ ကျဆုံးသွားသော အာဇာနည်ရဲဘော်များနှင့် အကြမ်းဖက်အာဏာသိမ်းခံထားရသော မြန်မာတနိုင်ငံလုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝအာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ဖြစ်ထွန်းပေါ်ပေါက် သည်အထိ "တော်လှန်ရေးရဲ့အမြူတေ" အဖြစ် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူသို့လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
53👍13
အောင်ပွဲရ ရှေ့တန်းပြန် S.O.F တပ်ဖွဲ့ဝင်ရဲဘော်များအား သြဂုတ်လ(၇)ရက်နေ့တွင် တပ်ဖွဲ့ဝင်ရဲဘော်များ၊ မိသားစုဝင်များနှင့်အတူ  အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

S.O.F စစ်ကြောင်း (၂) ၏ တပ်ဖွဲ့ဝင်ရဲဘော်များသည်
မိုးတွင်းကာလ ခက်ခဲပင်ပန်းဆင်းရဲသည့်တိုင် ပေးအပ်သည့်တာဝန်များကျေပွန်သည်အထိ မမှိတ်မသုန် ဇွဲလုံ့လအပြည့်ဖြင့် အပင်ပန်းအဆင်းရဲခံ ကြိုးစားခဲ့ကြသလို အောင်ပွဲများလည်း ရယူနိုင်ခဲ့ကြသည်။

လပေါင်း၊ ရက်ပေါင်း နာရီပေါင်းများစွာ မိုးဒဏ် လေဒဏ် ရာသီဥတုဒဏ်များ ဖိနှိပ်၍ ခက်ခဲကြမ်းတန်းစွာလှုပ်ရှားခဲ့ကြရသော်လည်း တပ်ဖွဲ့ဝင်ရဲဘော်များနှင့်တွေ့ဆုံသည့်အခါ မိသားစုနေအိမ်ကိုရောက်သည့်အလား ပျော်ရွှင်မဆုံးဖြစ်နေခဲ့ကြသည်။

တပ်ဖွဲ့တာဝန်များထမ်းဆောင်နေရသည့်ကာလတလျှောက် မည်သို့ပင် အခက်အခဲ၊ ဒုက္ခ၊ စိန်ခေါ်မှုများ ကြုံနေရပါစေ ရဲဘော်များ၏ ပြုံးရွှင်သောမျက်နှာများကိုမြင်တွေ့ရသည့်အခါ တော်လှန်လိုစိတ်၊ ကြိုးစားလိုစိတ်၊ အောင်နိုင်လိုစိတ်များ ဆထက်ထမ်းပိုး ခွန်အားတိုးရပါသည်။

လေးစားဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ပီတိကိုမျှဝေလိုသောကြောင့်လည်းကောင်း မိဘပြည်သူများအား ဤမှတ်တမ်းဗွီဒီယိုကို ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။ ရဲဘော်များအားလုံးကို အထူးပင်လေးစားဂုဏ်ပြုအပ်ပါသည်။

(မှတ်ချက်။ နောက်ခံသီချင်းအား  ကူးယူဖော်ပြခဲ့သည့်အတွက် မူရင်းဖြန့်ဝေသူအား ကြိုတင်တောင်းပန်အပ်ပါသည်။)

လေးစားစွာဖြင့်
အောင်စံရှား
60👍3👏2🥰1