အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.61K subscribers
704 photos
71 videos
51 links
information & communication
Download Telegram
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပ
_________________
ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၆။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော (P29999) အထူးစစ်ဆင်​ရေးတပ်ဖွဲ့-SOF ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကို (၂၁.၇.၂၀၂၆) ရက်နေ့တွင် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းရှိ မြရာတောစခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဦးစီးချုပ်မှပေးပို့သော ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ စစ်ကြောင်း (၂) စစ်ကြောင်းမှူး ရဲဘော်စံရှားလေးမှ (၅) နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနှင့် စွမ်းဆောင်ရည်ကောင်းမွန်ထူးချွန်သည့်ရဲဘော်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်​​ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အား၊ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်၊ KNU တပ်မဟာ (၆)နယ်မြေ၊ ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီးမြို့နယ်၌ စတင်ဖွဲ့စည်းခဲ့ပြီး မြို့ပြစစ်ဆင်ရေးများနှင့် ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ရှိ စစ်တောင်းမြစ်ဝှမ်းဒေသသို့ ပြောင်းရွှေ့အထိုင်ချခဲ့ပြီး တပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲကာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
အမှတ်(၁) စစ်ဆင်ရေးနယ်မြေ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
30👍14
နှစ်စဉ်

အ လှ ဆုံး❣️
အ ကြီး ဆုံး❣️

မွေး နေ့ ကိတ် ကို ခွဲ ပြီး🎂
တပ်ဖွဲ့ မွေးနေ့ပွဲ ကျင်းပ ကြတဲ့🎂

SOF တွေရဲ့ ချစ်စရာ့ အစဥ် အလာ တစ်ခု။🥰
40🥰2