Media is too big
VIEW IN TELEGRAM
အထူးသင်္ကြန် အထူးသင်္ကြန်
💦💦💦💦💦💦💦💦💦
အထူးသင်္ကြန် အထူးသင်္ကြန်
ဒီနွေဦးရဲ့ အထူးသင်္ကြန်
အထူးသင်္ကြန် အထူးသင်္ကြန်
PDF ရဲ့ အထူးသင်္ကြန်
အထူးသင်္ကြန် အထူးသင်္ကြန်
တော်လှန်ရေးရဲ့ အထူးသင်္ကြန်
အထူးသင်္ကြန် အထူးသင်္ကြန်
အထူးတိုင်းရဲ့ အထူးသင်္ကြန်
💦💦💦💦💦💦💦💦💦
အထူးသင်္ကြန် အထူးသင်္ကြန်
ဒီနွေဦးရဲ့ အထူးသင်္ကြန်
အထူးသင်္ကြန် အထူးသင်္ကြန်
PDF ရဲ့ အထူးသင်္ကြန်
အထူးသင်္ကြန် အထူးသင်္ကြန်
တော်လှန်ရေးရဲ့ အထူးသင်္ကြန်
အထူးသင်္ကြန် အထူးသင်္ကြန်
အထူးတိုင်းရဲ့ အထူးသင်္ကြန်
❤52👏3🥰1
တိုက်ပွဲသတင်းထုတ်ပြန်ချက်
----------------------
မေလ ၅ ရက်နေ့၊ ၂၀၂၆။
၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၇)၊ နည်းဗျူဟာ (၃၆)၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ KNLA တပ်ရင်းများ ၊ KNDO၊ LDFs တပ်ဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်ဧပြီလအတွင်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ယက်စခန်း နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း နှစ်ခုအား အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲများပြီးဆုံးပြီး နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် စစ်ဘေးရှောင်ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျှက်ရှိပြီး စစ်ကောင်စီတပ်များနှင့် နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
၂။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းသိမ်းတိုက်ပွဲအပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်များအား လိုက်လံချေမှုန်းရာတွင် စစ်ကောင်စီတပ်သား (၇) ဦး သေဆုံးခဲ့ပြီး၊ (၁၈) ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ MA7 (၁)လက်၊ BA100 (၁)လက်၊ MA4 (၂)လက်၊ MA2 (၃) လက်၊ MA3 (၅)လက်၊ MA1 (၈) လက် စုစုပေါင်း (၂၀) လက်၊ 81mm သီး (၅၁) လုံး နှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်စစ်တပ် လေးကေစခန်းမှ ဒု-တပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ဖမ်းမိထားသော စစ်သုံ့ပန်းများအား အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း -၂ တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းးသိမ်းထားရှိသည်။
၃။ အကြမ်းဖက်စစ်တပ်သည် လေးကေစခန်းနှင့် ဝင်းတာပန်စခန်းမကျစေရေးအတွက် တပ်မ ၄၄ လက်အောက်ခံ၊ ခလရ-၈ နှင့် ခမရ ၂ ပူးပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ပိန္နဲတောဗျူဟာစခန်းမှ စစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ရန်သူသေဆုံး (၂၅) ဦး၊ ထိခိုက်ဒဏ်ရာရ (၃၀) ခန့်ရှိပြီး လက်နက်မျိုးစုံ (၂၂) လက်၊ Drone Gun တစ်လက် နှင့် ကျည်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆) ဦး ဖမ်းဆီးရမိခဲ့ပြီး အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း -၂ တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားရှိသည်။
၄။ အကြမ်းဖက်စစ်တပ်မှ ဝင်းတာပန်၊ ကျောက်ဖျာကျေးရွာများအား နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်လျှက်ရှိပြီး ဝင်းတာပန်ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်။ ၂၆.၄.၂၀၂၆ နေ့တွင် တော်လှန်ရေးတပ်များ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်နေသော အကြမ်းဖက်စစ်တပ်၏ စက်တပ်လေထီး (paramotor) တစီး ခမရ-၃ နှင့် သုံးမိုင်အကွာတွင် ပျက်ကျခဲ့သည်။ ၄.၅.၂၀၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ Air Drop မှ 122mm သီး (၁)လုံးနှင့် ၅.၅၆ ကျည် (၁၈၀၀၀) တောင့် သိမ်းဆည်းရမိခဲ့သည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
အမှတ် (၁) စစ်ဆင်ရေးနယ်မြေ
ပြည်သူ့ကာကွယ်ရေးတပ်မတော်

❤24👍2
ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားပြုလုပ်
---------------------
မေလ ၆ ရက်၊ ၂၀၂၆။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားအား (၅.၅.၂၀၂၆) ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီတွင် စစ်ကြောင်း (၂) တပ်စခန်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလံတော်လွှင့်တင်ခြင်း၊ အလံတော်အားအလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း နှင့် စစ်ဆင်ရေးအရာရှိ ရဲဘော်စံရှားလေးမှ တပ်ဖွဲ့အကြောင်း၊ ကျဆုံးရဲဘော်များအကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သမိုင်းကြောင်းများအား ဂုဏ်ပြုပြောကြားခဲ့သည်။
SPECIAL OPERATIONS FORCES (အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သည်။ ပြည်သူ့ခုခံတော်လှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေး၊ ကျေးလက်စခန်းသိမ်းတိုက်ပွဲများနှင့် လျှို့ဝှက်အထူးစစ်ဆင်ရေးများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။
(၅) နှစ်တာကာလအတွင်း တပ်ဖွဲ့မှ ကျဆုံးရဲဘော် (၂၄) ဦးနှင့် ကိုယ်အင်္ဂါစွန့်လွှတ်ရဲဘော် (၁၀) ဦးရှိခဲ့သည်။ "အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်သည်အထိ မိမိတို့၏ အသက် ဘဝနှင့်ရင်း၍ ပြည်သူလူထုအား အကာအကွယ်ပြုရင်း အကြမ်းဖက်စစ်တပ်အား ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

❤29👍4