အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
Media is too big
VIEW IN TELEGRAM
ငါတို့ အဘိဓမ္မာ
ရွတ်ဆို - ရဲဘော် ကျောင်းဆရာ
ဂစ်တာ - ရဲဘော် အငယ်ကောင်

#ခွန်အားမျှအစီစဥ်
#အထူးစစ်ဆင်ရေးတပ်ဖွဲ့
#ပြညသူ့ကာကွယ်ရေးတပ်မတော်
#စစ်ဆင်ရေးနယ်မြေ(၁)
75👍7
တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်း
-----------------------------
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၆။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ တပ်ဖွဲ့မှူး၊ စစ်ကြောင်းမှူး/ဒု-စစ်ကြောင်းမှူးများ၊ တပ်ခွဲမှူး/ဒု-တပ်ခွဲမှူးများ၊ လက်ရုံးအဖွဲ့ခေါင်းဆောင်များ၊ ရဲ​ဘော်များ၊ ရဲဘော်မိသားစုဝင်များ အားလုံးပါဝင်သော တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲကို ပဲခူးတိုင်းအတွင်းရှိ SOF တပ်စခန်းတစ်ခုတွင် (၁၉.၂.၂၀၂၆) ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ရေးရည်မှန်းချက်များ၊ စစ်ရုံးချုပ် နှင့် အဆင့်ဆင့်ခေါင်းဆောင်များ၏ ညွှန်ကြားချက်များ၊ SOF တပ်ဖွဲ့၏ ရှေ့လုပ်ငန်းစဥ်များကို တပ်ဖွဲ့မှူးမှ ကနဦး အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တပ်တွင်းအုပ်ချုပ်မှုကိစ္စများ၊ ထောက်ပံ့မှုကိစ္စများ၊ တပ်တွင်းစည်းကမ်းများနှင့် အထွေထွေလိုအပ်ချက်များကို ရဲဘော်များနှင့် ခေါင်းဆောင်များ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲဘော်များအနေဖြင့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးများ၊ နယ်မြေကာကွယ်ရေးနှင့် စိုးမိုးနယ်မြေချဲ့ထွင်ခြင်းများအပြင် KNU တပ်မဟာ (၅) အတွင်းရှိ ဖာပွန်စစ်ဆင်ရေးများတွင်လည်း ရှေ့တန်းတာဝန်များကို မနားတမ်း ဆောင်ရွက်လျှက်ရှိပြီး COC နှစ်ရပ်နှင့်အညီ ခိုင်မာအားကောင်းသည့် တပ်စုဖွဲ့ရေး၊ စစ်ရေးရည်မှန်းချက်များ တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
ပြည်သူ့ကာကွယ်ရေးတပ်မတော်
47👍3🥰1
သင်္ကြန်အကြို အောင်ပွဲဆက်🍂💐🌾

ဒီနေ့ဟာ၂၀၂၆ခုနှစ်၊ ဧပရာယ်လအတွင်း
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့
ဒုတိယ အောင်ပွဲဆက်တဲ့နေ့ပါပဲ။💪

အောင်ပွဲတွေ ဆက်လာပါမယ်။

Admin
64👍6🥰2👏1
တိုက်ပွဲသတင်းထုတ်ပြန်ချက်
----------------------
ဧပြီလ ၁၄ ရက်၊ ၂၀၂၆။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် (၁၃.၄.၂၀၂၆) ရက်၊ သကြင်္န်အကြိုနေ့တွင်
ဘီးလင်းမြို့နယ် လေးကေစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား လိုက်လံချေမှုန်းရာ စစ်ကောင်စီတပ်သား (၇) ဦးသေ၊ (၂) ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။
လက်နက်များအနေဖြင့် MA4 ပူးတွဲ (၁) လက်၊ MA2စက်လက် (၁) လက်၊ MA3 (၄) လက်၊ MA1 (၃) လက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့်၊ ငါကြင်းမြီးကျည် (၂၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်ဘောက် (၁၀) ခု၊ စကားပြောစက် တလုံး နှင့် စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့သည်။

​လေးကေစခန်းသိမ်းတိုက်ပွဲအား KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
အမှတ် (၁) စစ်ဆင်ရေးနယ်မြေ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
33👏9👍3🥰1
Media is too big
VIEW IN TELEGRAM
အထူးသင်္ကြန် အထူးသင်္ကြန်
💦💦💦💦💦💦💦💦💦

အထူးသင်္ကြန် အထူးသင်္ကြန်
ဒီနွေဦးရဲ့ အထူးသင်္ကြန်

အထူးသင်္ကြန် အထူးသင်္ကြန်
PDF ရဲ့ အထူးသင်္ကြန်

အထူးသင်္ကြန် အထူးသင်္ကြန်
တော်လှန်ရေးရဲ့ အထူးသင်္ကြန်

အထူးသင်္ကြန် အထူးသင်္ကြန်
အထူးတိုင်းရဲ့ အထူးသင်္ကြန်
52👏3🥰1
တိုက်ပွဲသတင်းထုတ်ပြန်ချက်
----------------------
မေလ ၅ ရက်နေ့၊ ၂၀၂၆။

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၇)၊ နည်းဗျူဟာ (၃၆)၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ KNLA တပ်ရင်းများ ၊ KNDO၊ LDFs တပ်ဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်ဧပြီလအတွင်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ယက်စခန်း နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း နှစ်ခုအား အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲများပြီးဆုံးပြီး နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် စစ်ဘေးရှောင်ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျှက်ရှိပြီး စစ်ကောင်စီတပ်များနှင့် နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

၂။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းသိမ်းတိုက်ပွဲအပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်များအား လိုက်လံချေမှုန်းရာတွင် စစ်ကောင်စီတပ်သား (၇) ဦး သေဆုံးခဲ့ပြီး၊ (၁၈) ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ MA7 (၁)လက်၊ BA100 (၁)လက်၊ MA4 (၂)လက်၊ MA2 (၃) လက်၊ MA3 (၅)လက်၊ MA1 (၈) လက် စုစုပေါင်း (၂၀) လက်၊ 81mm သီး (၅၁) လုံး နှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်စစ်တပ် လေးကေစခန်းမှ ဒု-တပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ဖမ်းမိထားသော စစ်သုံ့ပန်းများအား အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း -၂ တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းးသိမ်းထားရှိသည်။

၃။ အကြမ်းဖက်စစ်တပ်သည် လေးကေစခန်းနှင့် ဝင်းတာပန်စခန်းမကျစေရေးအတွက် တပ်မ ၄၄ လက်အောက်ခံ၊ ခလရ-၈ နှင့် ခမရ ၂ ပူးပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ပိန္နဲတောဗျူဟာစခန်းမှ စစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ရန်သူသေဆုံး (၂၅) ဦး၊ ထိခိုက်ဒဏ်ရာရ (၃၀) ခန့်ရှိပြီး လက်နက်မျိုးစုံ (၂၂) လက်၊ Drone Gun တစ်လက် နှင့် ကျည်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆) ဦး ဖမ်းဆီးရမိခဲ့ပြီး အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း -၂ တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားရှိသည်။

၄။ အကြမ်းဖက်စစ်တပ်မှ ဝင်းတာပန်၊ ကျောက်ဖျာကျေးရွာများအား နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်လျှက်ရှိပြီး ဝင်းတာပန်ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်။ ၂၆.၄.၂၀၂၆ နေ့တွင် တော်လှန်ရေးတပ်များ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်နေသော အကြမ်းဖက်စစ်တပ်၏ စက်တပ်လေထီး (paramotor) တစီး ခမရ-၃ နှင့် သုံးမိုင်အကွာတွင် ပျက်ကျခဲ့သည်။ ၄.၅.၂၀၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ Air Drop မှ 122mm သီး (၁)လုံးနှင့် ၅.၅၆ ကျည် (၁၈၀၀၀) တောင့် သိမ်းဆည်းရမိခဲ့သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
အမှတ် (၁) စစ်ဆင်ရေးနယ်မြေ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
24👍2