Forwarded from Aung San Shar
Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤28👏1
Forwarded from Aung San Shar
ကျေးဇူးပြုပြီး ပြန်ရှလ်ပေးကြပါဦးခင်ဗျာ။
စာကို ကော်ပီယူပြီး ပုံတွေဆေ့ပြီး ပြန်ရှလ်ပေးနော်၊ တာ့ပလု 😘😘😘

❤38👏1
S.O.F တာဝန်ခံတပ်မှုး အောင်စံရှား fb အကောင့်သစ်ကိုလည်း follow လုပ်ပေးကြပါဦးခင်ဗျာ။ friend add လို့လည်းရပါတယ်ခင်ဗျာ။ (တာ့ပလု 😘😘😘)
❤41👍6👏1
" တော်လှန်သောအမျိုးသမီးနေ့ (သို့)
S.O.Fအမျိုးသမီး ရဲမေတပ်ခွဲမှူး ရေချယ်"
ကွန်မန်ဒို ရေချယ် လို့ပြောလိုက်ရင် ဒေါန၊ ကော်ဘရာ၊ ကျားသစ်နက် တောင်ပိုင်းစစ်ကြောင်းတွေက ရဲဘော်အများစု သိကြပါတယ်။ ပထမဆုံး အပတ်စဥ်ထဲက CDM ဆရာမလေး ရေချယ်ပါ၊ အမှတ်ရနေကြမယ်လို့လည်း ထင်ပါတယ်။
ကော့ကရိတ်၊ KNLA တပ်ရင်း ၁၈ မှာ ပထမဆုံး PDF သင်တန်းစတော့ သင်တန်းသား ၂၅၀ ကျော်မှာ ကွန်မန်ဒိုသင်တန်းသား ၈၀ ၊ အဲဒီအထဲကမှ ထပ်မံရွေးချယ်လိုက်တော့ ရေချယ်က တစ်ဦးတည်းသော အမာခံထွန်းပေါက်လာသူ အမျိုးသမီးကွန်မန်ဒို ရဲဘော်ကြီးပါ။
ပေါင်သုံးဆယ်အလေးချိန်အိပ်ကို ကျောမှာပိုးပြီး နေ့စဥ် မီတာ ၆၀၀၀ ပြေးနိုင်သူ၊
Physical test လုပ်တော့ မီတာ ၆၀၀ ကွင်းကို ကွင်းပတ်ရေအကြိမ် ၃၀ အထိ မနားတန်း (non-stop) ပြေးနိုင်သူ၊
နေ့စဥ် Physical Training (3 mile run, sit up , push up, pull up, weight lifting) ကို အမျိုးသားများနည်းတူ လုပ်နိုင်ခဲ့သူ၊
အမျိုးသားများလုပ်နိုင်ခဲသည့်အလုပ်များ၊ တာဝန်များကို ရှေ့ဆုံးက စံပြလုပ်နိုင်ခဲ့သူ၊
နွေဦးတော်လှန်ရေးရဲ့မျှားဦးအဖြစ် တာဝန်ကျေခဲ့သူ S.O.F ရဲ့ စံပြ အာဂ ရဲမေတစ်ဦးပါ။
အမျိုးသမီးတွေဆိုတာ နွေဦးတော်လှန်ရေးရဲ့ ကဏ္ဍစီတိုင်းမှာ ဦးဆောင်ပါဝင်နေပါတယ်။ စိတ်ပိုင်း/ ရုပ်ပိုင်း ကဏ္ဍတိုင်းမှာ အမျိုးသားတွေနဲ့တန်းတူ ယှဥ်ထိုးလုပ်နိုင်တယ်ဆိုတာ ရေချယ်က ပြယုဒ်သက်သေပါ။
S.O.F တပ်ဖွဲ့မှာ
ရေချယ်လို နွေဦးတော်လှန်ရေးရဲ့ အာဂ အမျိုးသမီးရဲမေတွေ များစွာရှိပါတယ်။ ရေချယ်လို အမျိုးသားတွေကိုဦးဆောင်နေတဲ့ ခေါင်းဆောင် ရဲမေတွေများစွာရှိတယ်ဆိုတာ
"အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ"နေ့အား ဂုဏ်ပြုသောအားဖြင့် ပြည်သူသို့ ထုတ်ဖော်အသိပေးတင်ပြအပ်ပါသည်။
https://www.facebook.com/profile.php?id=100084970777184&mibextid=ZbWKwL
အပြည်ပြည်ဆိုင်ရာ အမျိူသမီးများနေ့အား ဂုဏ်ပြုအမှတ်တရ မှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယိုနှင့် ဆောင်းပါးများအား S.O.F Telegram channel တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည် 👇
https://t.me/aungsanshar
https://t.me/sof220211
လေးစားစွာဖြင့်
#အောင်စံရှား
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#အမျိုးသားညီညွတ်ရေးအစိုးရ

❤51👍1
Forwarded from Bo Moe Gyoe
“ယောက်ျားလေးတွေအနေနဲ့ပဲ ဒီတော်လှန်ရေးကို ပြီးမြောက်အောင် လုပ်မသွားနိုင်ဘူး”
………………………
(အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထူးအစီအစဉ်)
ကျွန်မ နာမည်က ရဲမေ နော်ဖောပါ။ ဒီတော်လှန်ရေး မတိုင်ခင်တုန်းကတော့ တက္ကသိုလ် တတိယနှစ် ကျောင်းသူပေါ့နော်။ လက်ရှိ တော်လှန်ရေးမှာ တာဝန်ထမ်းဆောင်နေတာကတော့ SOF တပ်ဖွဲ့ရဲ့ တပ်ခွဲ ၃၊ တပ်ခွဲ အရာခံဗိုလ်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ပူးပေါင်းပါဝင်မှု အခြေအနေကတော့ အများကြီးကို မြင်တွေ့ခဲ့ရတယ်။ ဆန္ဒစပြပီဆိုထဲက မိန်းခလေးတွေပါဝင်မှုက သုံးပုံနှစ်ပုံ ဒါမှမဟုတ် တစ်ဝက်နီးပါး ပါဝင်တယ်လို့ မြင်ရတယ်။ နောက် ဘယ်နေရာတွေမှာ ထပ်ပြီးတော့ တွေ့ရသေးလဲဆိုရင် ထောက်ပံရေးပေါ့နော်။ အစားအသောက်လေးတွေ လှူတာပဲ ဖြစ်ဖြစ် အအေးတိုက်တာပဲဖြစ်ဖြစ် သူတို့နိုင်ရာနိုင်ရာပေါ့နော် အဲ့လိုမျိုးလေးတွေမှာလည်း တွေ့ရတယ်။
နောက် ဒီတော်လှန်ရေးပိုင်းဘက်ကို ရောက်လာတဲ့ချိန်မှာတော့ ကြမ်းတမ်းခက်ခဲတဲ့ ဒီလို လက်နက်ကိုင်ဘက်တွေကို တချို့ဆိုရင် လာချင်တယ်။ ဒါပေမယ့် မိဘအသိုင်းအဝိုင်းဘက်က ပေးမလွှတ်တာတို့ အခြေအနေတွေရှိမယ်။ သူတို့မှာ စိတ်ပါပေမဲ့ မလာခဲ့ရတဲ့ လူတွေ အများကြီးတော့ ရှိတယ်။ တချို့လူတွေကျတော့ ထောက်ပို့အနေနဲ့ သူတို့ နိုင်ရာဘက်ကတွေ ဘာကူညီနိုင်မလဲ။ နောက်ဆုံးမကူညီနိုင်ဘူးဆိုရင် စကားနဲ့ပဲဖြစ်ဖြစ် လိုင်းပေါ်ကနေ ပါဝင်နေတဲ့သူတွေအတွက်ကို ဂုဏ်ယူကြောင်းအားပေးတယ်။ အခုချိန်ထိ သူတို့ပါဝင်ပြီးတော့ လှုပ်ရှားနေကြတာကို တွေ့ရတယ်။
နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကျတော့ တချို့ကျတော့ မိသားစုအသိုင်းအဝိုင်းကြောင့် ပထမ စစချင်း ဆန္ဒပြတုန်းက ဖြိုခွင်းမှုတွေ မရှိခင်တုန်းက အဆင်ပြေတယ်။ နောက်ပိုင်းဖြိုခွင်းမှုတွေဖြစ်လာတဲ့အချိန်ကျတော့ ပေးမလွှတ်တာပေါ့နော်။ အဲ့လိုအခြေအနေတွေကြောင့် ဆန္ဒပြခွင့် မရလိုက်တာပေါ့။ နောက်ပိုင်း ဒီ လက်နက်ကိုင်ဖို့ကျတော့လည်း အမျိုးသမီးတယောက်အနေနဲ့ အခက်အခဲ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ သတင်းပေးတာပဲဖြစ်ဖြစ်၊ သူတို့ ကင်းထောက် လုပ်ပေးတာပဲဖြစ်ဖြစ် အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ပေးတယ်။
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ရှေ့အနာဂတ်မှာဆိုရင် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ပက်သတ်ပြီးတော့ ပြောင်းလဲစေချင်တာကျတော့ အမျိုးသမီးတွေအပေါ် မြင်တဲ့အမြင်လေးတွေ ပြောင်းလဲစေချင်တယ်။ အမျိုးသမီးတွေက အားနည်းတယ်၊ မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးပေါ့နော်။ အဲ့လိုအမြင်လေးတွေကို ပြောင်းလဲစေချင်တယ်။ အမှန်တကယ်တော့ အဓိကတော့ စိတ်နဲ့ဆိုင်တယ်၊ စိတ်ကလုပ်နိုင်တယ်လို့ တွေးရင် လုပ်ကိုလုပ်နိုင်တယ်၊ အားနည်းတာ၊ အားကြီးတာနဲ့တော့မဆိုင်ဘူး။ ယောက်ျားလေးတွေအနေနဲ့ပဲ ဒီတော်လှန်ရေးကို ပြီးမြောက်အောင်လုပ်မသွားနိုင်ဘူး။
ယောက်ျားလေးတွေကျတော့ တိုက်ခိုက်ရေးအပိုင်းမှာပဲ ပိုအားသာတယ်။ ကျန်တဲ့အပိုင်းတွေကျတော့ သူတို့မှာ အားနည်းချက်ရှိတယ်။ အမျိုးသမီးတွေကျတော့ ကျန်တဲ့ Supporting ပိုင်းတွေ၊ ရုံးပိုင်းဆိုင်ရာတွေ၊ ကျန်တဲ့အထောက်အပံ့ပိုင်းတွေကျတော့ အမျိုးသမီးတွေက ပိုအားသာတယ်။ သူတို့က အဲ့အပိုင်းတွေကို ဝင်ပြီး အားဖြည့်လိုက်မယ်ဆိုရင် တော်လှန်ရေးအင်အားက ပိုပြီးတော့ ခိုင်မာပြီးတော့ တောင့်တင်းပြီးတော့ ကျစ်ကျစ်လစ်လစ်ရှိပြီးတော့ ပြီးမြောက်နိုင်တယ်ပေါ့နော်။ အဲ့ဒါကြောင့် အမျိုးသမီးတွေ တကယ်လို့ စိတ်အားထက်သန်ပြီးတော့ ပါဝင်ချင်တယ်ဆိုလို့ရှိရင် သူတို့ကို အားပေးကူညီစေချင်တယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတာပေါ့နော်။ အမျိုးသမီးတွေကို အမှတ်တရစကားပြောချင်တာကတော့ အမျိုးသမီးဖြစ်လို့၊ အားနည်းလို့ အဲ့လိုစိတ်မျိုးကို မထားစေချင်ဘူးပေါ့နော်။ ညီမကိုယ်တိုင်လဲ အရင်ကဆိုရင် တက္ကသိုလ်ကျောင်းသူတယောက်အနေနဲ့ ကြမ်းကြမ်းတမ်းတမ်းတွေ ဘာမှ လုပ်ကိုင်ခဲ့ရတာ မရှိဘူး။ ဒါပေမဲ့ တောထဲကို ရောက်လာတဲ့အချိန်မှာ ကိုယ်လုပ်နိုင်ပါ့မလားလို့ တွေးထားခဲ့ပေမယ့် လုပ်ချင်တဲ့စိတ် အပြည့်အဝရှိတော့ လုပ်ကြည့်တာပေါ့နော်။
သင်တန်းစတက်တဲ့အချိန်မှာ ယောက်ျားလေးတွေနဲ့တန်းတူ Physical training တွေ လျှောက်လုပ်တယ်။ စစချင်းတော့ အားအရမ်းနည်းတယ်။ ယောက်ျားလေးတွေနဲ့ လိုက်မှီဖို့ဆိုရင် ပိုကြိုးစားရတာပေါ့။ အဲ့လိုလေးတွေတော့ရှိတယ်။ ကိုယ်ကိုယ်တိုင်ရဲ့စိတ်ကပဲ အဓိကလို့ထင်တယ်။
ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း supporting ပေးမှုကလည်း တော်တော်လေး အရေးပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ ဘေးကပံ့ပိုးမှုနဲ့ ပေါင်းရင် အဲ့တာက အားအများကြီး ဖြစ်စေတယ်။ တော်လှန်ရေးလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းထဲမှာလည်း မိန်းခလေးတွေ အများကြီး ပါဝင်လာနိုင်တဲ့အခါကျလို့ရှိရင် အင်အားပိုရှိလာပြီး တော်လှန်ရေးကို အင်တိုက်အားတိုက် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်လာနိုင်မယ်လို့ထင်တယ်။
………………
ရဲမေနော်ဖော
တပ်ခွဲအရာခံဗိုလ်
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)

❤54👍2
Forwarded from Bo Moe Gyoe
“မိန်းကလေးတွေက ပိုပြီး စိတ်အားထက်သန်လို့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာနိုင်တာပါ”
~~~~~~~~~~~~
အမျိုးသမီးနဲ့ အမျိုးသားမှာ လူဦးရေ အတိုင်းအဆနဲ့တွက်ရင် အမျိုးသမီးက ပိုများတယ်။ မြန်မာနိုင်ငံ လူဦးရေအရပဲ ကြည့်ကြည့်၊ တကမ္ဘာလုံး အတိုင်းအတာအရပဲ ကြည့်ကြည့်၊ မိန်းကလေးတွေက ပိုများတယ်။
တော်လှန်ရေးကာလမှာ အမျိုးသမီးတွေ အများကြီး ပူးပေါင်းပါဝင်တဲ့အတွက် တကယ် ကျေးဇူးလည်းတင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်။ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ အကုန်လုံးကိုလည်း လေးစားတယ်။
ကလေးဘဝတုန်းက ဆော့တဲ့အချိန်မှာတောင် လက်နက်ကိုင်ပြီး မဆော့ခဲ့ဘူး။ ကြိုးခုန်တာ၊ ဇယ်တောက်တာ မိန်းကလေးဆော့တဲ့ပုံစံမျိုးပဲ ကျနော်တို့ ဆော့ခဲ့ကြတယ်။ သေနတ်ဆိုတာ ဒီတော်လှန်ရေးရောက်မှ မြင်ဘူးတာ၊ ကိုင်ဘူးတာ။ လက်နက်ကိုင်တော်လှန်ရေး စတဲ့အချိန်မှာ မိန်းကလေးတွေဟာ လက်နက်စကိုင်တဲ့အချိန်မှာတောင်မှ ယောက်ျားလေးတွေနဲ့ တန်းတူဖို့ တော်တော်ကြိုးစားခဲ့ရတယ်။
ဒီတော်လှန်ရေးကာလမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ အားလုံးကို လေးစားတယ်။ ချစ်တယ်။ ဆက်ပြီးတော့ အဆုံးအထိ ပါဝင်ဖို့လည်း ပြောချင်တယ်။
အမျိုးသမီးတွေကို ဖိနှိပ်တာ၊ နှိမ့်ချတာ၊ ခွဲခြားဆက်ဆံတာ၊ သူတို့ကို စိတ်အနှောက်အယှက် ဖြစ်စေတာပဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓာအရ သူတို့ မကြိုက်တာတစ်ခုခုကို ဖြစ်ဖြစ်၊ မပြုလုပ်စေချင်ဘူးပေါ့။ သူတို့ကို နှိမ့်ချဆက်ဆံတာတွေ၊ ဖိနှိပ်ဆက်ဆံတာတွေ၊ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ တောင်းဆိုချင်ပါတယ်။
အမျိုးသမီးတိုင်းကို ကိုယ့်အမေလို၊ ညီမလို၊ အစ်မလို စောင့်ရှောက်စေချင်တယ်။
တကယ်တမ်းက မိန်းကလေးတွေက အားနွဲ့တာ မဟုတ်ဘူး။ အားရှိတယ်။ စိတ်အားရှိတယ်။ စိတ်ဓာတ်က ယောက်ျားလေးတွေထက် ပိုပြီးအားသန်လို့ ဒီလက်နက်ကိုင် တော်လှန်ရေးမှာ ယောက်ျားလေးတွေနဲ့ တန်းတူလာနိုင်တယ်။
……….
ရဲမေမနှင်း
ဆေးတပ်စုမှူး

❤59