SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
_____
ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ (၂၁) ရက်နေ့က ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်း ကျင်းပခဲ့ကြသည်။
P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားနှင့် အတူ အမှတ်တရအနေဖြင့် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲများမှ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနှင့် နှစ်သိမ့်ဆုများလည်း ချီးမြှင့်ပေးအပ်ခဲ့ပြီး လေးနှစ်ပြည့်အမှတ်တရပွဲအား ပျော်ရွှင်စွာ ပြီးစီးအောင်မြင်ခဲ့ပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တပ်ဖွဲ့စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

❤41
Media is too big
VIEW IN TELEGRAM
ငါတို့ အဘိဓမ္မာ
ရွတ်ဆို - ရဲဘော် ကျောင်းဆရာ
ဂစ်တာ - ရဲဘော် အငယ်ကောင်
#ခွန်အားမျှအစီစဥ်
#အထူးစစ်ဆင်ရေးတပ်ဖွဲ့
#ပြညသူ့ကာကွယ်ရေးတပ်မတော်
#စစ်ဆင်ရေးနယ်မြေ(၁)
ရွတ်ဆို - ရဲဘော် ကျောင်းဆရာ
ဂစ်တာ - ရဲဘော် အငယ်ကောင်
#ခွန်အားမျှအစီစဥ်
#အထူးစစ်ဆင်ရေးတပ်ဖွဲ့
#ပြညသူ့ကာကွယ်ရေးတပ်မတော်
#စစ်ဆင်ရေးနယ်မြေ(၁)
❤75👍7
တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခြင်း
-----------------------------
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၆။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ တပ်ဖွဲ့မှူး၊ စစ်ကြောင်းမှူး/ဒု-စစ်ကြောင်းမှူးများ၊ တပ်ခွဲမှူး/ဒု-တပ်ခွဲမှူးများ၊ လက်ရုံးအဖွဲ့ခေါင်းဆောင်များ၊ ရဲဘော်များ၊ ရဲဘော်မိသားစုဝင်များ အားလုံးပါဝင်သော တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲကို ပဲခူးတိုင်းအတွင်းရှိ SOF တပ်စခန်းတစ်ခုတွင် (၁၉.၂.၂၀၂၆) ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ရေးရည်မှန်းချက်များ၊ စစ်ရုံးချုပ် နှင့် အဆင့်ဆင့်ခေါင်းဆောင်များ၏ ညွှန်ကြားချက်များ၊ SOF တပ်ဖွဲ့၏ ရှေ့လုပ်ငန်းစဥ်များကို တပ်ဖွဲ့မှူးမှ ကနဦး အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တပ်တွင်းအုပ်ချုပ်မှုကိစ္စများ၊ ထောက်ပံ့မှုကိစ္စများ၊ တပ်တွင်းစည်းကမ်းများနှင့် အထွေထွေလိုအပ်ချက်များကို ရဲဘော်များနှင့် ခေါင်းဆောင်များ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲဘော်များအနေဖြင့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးများ၊ နယ်မြေကာကွယ်ရေးနှင့် စိုးမိုးနယ်မြေချဲ့ထွင်ခြင်းများအပြင် KNU တပ်မဟာ (၅) အတွင်းရှိ ဖာပွန်စစ်ဆင်ရေးများတွင်လည်း ရှေ့တန်းတာဝန်များကို မနားတမ်း ဆောင်ရွက်လျှက်ရှိပြီး COC နှစ်ရပ်နှင့်အညီ ခိုင်မာအားကောင်းသည့် တပ်စုဖွဲ့ရေး၊ စစ်ရေးရည်မှန်းချက်များ တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
ပြည်သူ့ကာကွယ်ရေးတပ်မတော်

❤47👍3🥰1