အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများကျင်းပ
____
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်း ကျင်းပခဲ့ကြသည်။

အခမ်းအနားများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရုံး စစ်ဆင်ရေးမှုး ရဲဘော်စောရှားမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ စစ်ရုံးချုပ် ဒု-စစ်ရေးချုပ်မှ ဂုဏ်ပြုမိန့်ခွန်းပြော​ကြားခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တာဝန်ခံ ရဲဘော်အောင်စံရှားမှ (၄) နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနှင့် ရန်ကုန်တိုင်း ပကဖ ထောက်ပို့တာဝန်ခံ မှ ဂုဏ်ပြုအမှတ်တရစကား​များ အသီးသီးပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ဇူလိုင်လ မှ ၂၀၂၅ ဇူလိုင်လအတွင်း မြင့်မြတ်စွာအသက်ပေးလှုခဲ့ကြသည့် SOF ကျဆုံးရဲဘော်များအား "သက်စွန့်အာဇာနည်ဆုတံဆိပ်"များချီးမြှင့်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး၍ ထိခိုက်ဒဏ်ရာပြင်းထန်စွာရသည့်တိုင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို "ကိုယ်ကျိုးစွန့်သူရဲကောင်းဆုတံဆိပ်"များ ချီးမြှင့်ခြင်းဖြင့် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။ တပ်ဖွဲ့ (၄) နှစ်ပြည့်အမှတ်တရ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ဂုဏ်ပြုဆုငွေများလည်း ချီးမြှင့်ခဲ့ကြသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့  ဇူလိုင်လ ၂၁ ရက်နေ့တွင် တပ်ဖွဲ့စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
ပြည်သူ့ကာကွယ်ရေးတပ်မတော်
49
SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
_____
ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ (၂၁) ရက်နေ့က ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်း ကျင်းပခဲ့ကြသည်။

P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားနှင့် အတူ အမှတ်တရအနေဖြင့် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲများမှ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနှင့် နှစ်သိမ့်ဆုများလည်း ချီးမြှင့်ပေးအပ်ခဲ့ပြီး လေးနှစ်ပြည့်အမှတ်တရပွဲအား ပျော်ရွှင်စွာ ပြီးစီးအောင်မြင်ခဲ့ပါသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တပ်ဖွဲ့စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
41