အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများကျင်းပ
____
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်း ကျင်းပခဲ့ကြသည်။
အခမ်းအနားများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရုံး စစ်ဆင်ရေးမှုး ရဲဘော်စောရှားမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ စစ်ရုံးချုပ် ဒု-စစ်ရေးချုပ်မှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တာဝန်ခံ ရဲဘော်အောင်စံရှားမှ (၄) နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနှင့် ရန်ကုန်တိုင်း ပကဖ ထောက်ပို့တာဝန်ခံ မှ ဂုဏ်ပြုအမှတ်တရစကားများ အသီးသီးပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ဇူလိုင်လ မှ ၂၀၂၅ ဇူလိုင်လအတွင်း မြင့်မြတ်စွာအသက်ပေးလှုခဲ့ကြသည့် SOF ကျဆုံးရဲဘော်များအား "သက်စွန့်အာဇာနည်ဆုတံဆိပ်"များချီးမြှင့်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး၍ ထိခိုက်ဒဏ်ရာပြင်းထန်စွာရသည့်တိုင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို "ကိုယ်ကျိုးစွန့်သူရဲကောင်းဆုတံဆိပ်"များ ချီးမြှင့်ခြင်းဖြင့် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။ တပ်ဖွဲ့ (၄) နှစ်ပြည့်အမှတ်တရ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ဂုဏ်ပြုဆုငွေများလည်း ချီးမြှင့်ခဲ့ကြသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တပ်ဖွဲ့စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
ပြည်သူ့ကာကွယ်ရေးတပ်မတော်

❤49
SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
_____
ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ (၂၁) ရက်နေ့က ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်း ကျင်းပခဲ့ကြသည်။
P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားနှင့် အတူ အမှတ်တရအနေဖြင့် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲများမှ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနှင့် နှစ်သိမ့်ဆုများလည်း ချီးမြှင့်ပေးအပ်ခဲ့ပြီး လေးနှစ်ပြည့်အမှတ်တရပွဲအား ပျော်ရွှင်စွာ ပြီးစီးအောင်မြင်ခဲ့ပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တပ်ဖွဲ့စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

❤41