အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား မှတ်တမ်းဓာတ်ပုံများ။
61👍7
"ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်သို့ ပေးပို့သော သဝဏ်လွှာ"
______
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့

၁။   (၄)နှစ်တာ တော်လှန်ရေးခရီးအတွင်း မိမိ၏ အသက်၊ သွေး၊ ချွေး တို့ကို ပဓာဏ မထားဘဲ တနိုင်ငံလုံး လွတ်လပ်ရေးအတွက် တိုက်ခိုက်ရုန်းကန်ခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ဖွဲ့စည်း တည်ထောင်ခြင်း (၄) နှစ်ပြည့်သို့ သဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူ ပါသည်။

၂။     (၄) နှစ်တာ ကာလအတွင်း အသက် ခန္ဓာ၊ ဘဝ တို့ကို ပေးဆပ် စွန့်လွှတ် သွားသည့်အတွက် ပြည်သူ့သူရဲကောင်း ရဲဘော်များကို လေးနက်တည်ကြည်စွာဖြင့် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၃။       တော်လှန်ရေး၏ ကြမ်းတမ်းသော အချိန်များအတွင်း အခက်အခဲ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရပ်တည်နေကြသော ပြည်သူ့သူရဲကောင်းများနှင့် အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငဲံသားများ၏ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်သည်အထိဆက်လက် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

၄။     မိမိတို့ပြည်သူလူထုအတွက် ယုံကြည်အားကိုးရသော တပ်မတော်တရပ် ဖြစ်လာရန် ကြိုးစားအားထုတ် ရမည်ဖြစ်ကြောင်း အသိပေး တိုက်တွန်းရင်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ပေးဆပ်မှုတို့ဖြင့် (၄) နှစ်ပြည့်ခဲ့ပြီဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သို့ ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
49👍6