"သင်္ကြန်ရသ"
အတာဓလေ့ကို
တခါမှ မမေ့ခဲ့
ဝေးခဲ့ရတာ ငါးနှစ်ကြာပေါ့၊
အတွေးဗလာနဲ့
အငြိုး အာဃာတ မရှိ
သင်္ကြန်မိုးက တအိအိပြိုပြီ၊
မြေသင်းနံ့တွေ ရတယ်
ငုတွေ ခိုတွဲ ဝါဆင်း ဝေ့လည်လည် နဲ့
ပိတောက်လည်း ပွင့်လင်း တာဝန်ကျေပါတယ်၊
သံချပ်သံတွေ တိတ်ဆိတ်နေခဲ့
မြေစာပုံတွေနဲ့ ပူဆွေးဗျာပါဒ တွေနဲ့
လူယုတ်မာတစု အတာကိုယ်စားပြုနေတုန်း၊
အဆိုးဆုံး အမှောင်ဆုံးကာလ
အကြပ်အတည်း အခက်အခဲတွေကြားက
တော်လှန် လွတ်မြောက်နိုင်မှ အတာကျပါတော့မယ်။
အောင်စံရှား - SOF
(14.4.2025)

👍57❤44
စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားပြုလုပ်
-------------------------------
ဧပြီလ ၂၆ ရက်၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားအား မနေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့ကွယ်ရေးတပ်မတော်အလံတော်အား အလံတဝက်ချ အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ကျဆုံးရဲဘော်တစ်ဦးချင်းစီ၏ တော်လှန်ရေးဆောင်ရွက်ချက်မှတ်တမ်းများအား အောက်မေ့သတိရဖွယ်၊ ဂုဏ်ယူဖွယ် ပြန်လည်ဝေမျှခဲ့ပြီး ကျဆုံးရဲဘော်များအား အလေးပြုခြင်းဆောင်ရွက်ခဲ့သည်။
"ရဲဘော်ဆရာကျောင်းသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဖြစ်ပြီး တပ်ဖွဲ့၏ စစ်ဆင်ရေးမှုးဖြစ်သည်။ ရဲဘော်ဆရာကျောင်းသည် နွေဦးတော်လှန်ရေးစသည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးနှင့် ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဦးဆောင်ခဲ့သော စစ်ဆင်ရေးမှုးတစ်ဦးဖြစ်သည်။ တပ်ဖွဲ့၏ တိုက်ခိုက်ရေးထူးချွန်ဆု ချီးမြှင့်ခြင်းခံထားရပြီး ကျဆုံးသည့်အချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးညွတ်ဂုဏ်ပြုလွှာ ချီးမြှင့်ခံရသည်။"
ရဲဘော်ဆရာကျောင်းနှင့်အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့လေးဦးသည်၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲတွင် ရန်သူအားရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းရင်း ရန်သူ့စခန်းကုန်းပေါ်တွင် ကျဆုံးခဲ့သည်။ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ပြန်လည်ရယူခဲ့ပြီး အမိန့်ပြန်ပေးခြင်းနှင့် ဘာသာရေးအရ လိုအပ်သည်များ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။ လေးနှစ်တာကာလအတွင်း ရဲဘော်ဆရာကျောင်းအပါအဝင် SOF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော် (၂၀) ဦးအထိရှိခဲ့ပြီး တပ်ဖွဲ့မှ သက်စွန့်အာဇာနည်ဆုတံဆိပ်ချီးမြှင့်ခဲ့ကာ ရဲရင့်သော အာဇာနည်များအဖြစ် အထူးပင်မှတ်တမ်းတင်ထားရှိပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF

❤35🥰4🙏2👍1
အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူခြင်း
-------------------------
ဧပြီလ (၂၈) ရက် ၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) မှ သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား/သင်တန်းသူများ စတင်၍ စိစစ်လက်ခံနေပြီဖြစ်ပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် အထူးတပ်ဖွဲ့/တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသ၏ အရေးပါသည့် စစ်ဆင်ရေးနယ်မြေများတွင် မဟာမိတ် တိုင်းရင်သားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ၊ LPDF များနှင့် အတူလက်တွဲ၍ ၂၀၂၅ အတွင်း စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ကြောင့် SOF နှင့်အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား/အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိပါကြောင်း လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်။
တပ်ဖွဲ့ဝင်လိုသူများအနေဖြင့်
SOF facebook page messenger 👉 https://www.facebook.com/share/1B6ad7coYp/ နှင့်
Signal Username 👉 SOFJY.72121
Telegram Username 👉 @SOFJY72121 တို့မှ ဆက်သွယ်နိုင်ပါသည်။
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်

Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤36👍3
တိုက်ပွဲသတင်းထုတ်ပြန်ချက်
-------------------------
မေလ (၁၂) ရက်၊ ၂၀၂၅။
၁။ ပဲခူးတိုင်းရွှေကျင်မြို့နယ်၊ ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား KNLA၊ SOF၊ PDF၊ ပကဖ၊ local PDF နဲ့ ဒရုန်းအဖွဲ့များမှ ၈.၅.၂၀၂၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်နက်ကြီးလက်နက်ငယ် (၈၃) လက်၊ ခဲယမ်းများ၊ ဂျန်မာစက်များ သိမ်းဆည်းရမိခဲ့သည်။ စစ်သုံ့ပန်း (၆) ဦး၊ ချိတ်ဆက်ပူးပေါင်းလာသူ (၄) ဦး၊ မိသားစုဝင် (၇) ဦး ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့သည်။ ရန်သူအလောင်း (၃၀) ဦးခန့်ချေမှုန်းနိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များမှလည်း ကျဆုံးဒဏ်ရာရမှုများရှိသည်။ တပ်ရင်းမှူးအပါအဝင် အရာရှိအားလုံးနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွာထွက်ပြေးသွားသည်။
၂။ KNLA + PDF ပူးပေါင်းတပ်များ သိမ်းဆည်းထားသော ခမရ ၅၉၈ တပ်ရင်းဌာနချုပ် ၊ ကွမ်းဆိပ် တပ်စခန်း နှင့် ကွမ်းဆိပ်ရဲစခန်းအား စစ်ကောင်စီမှ ပြန်လည်ထိမ်းချုပ်နိုင်ရေးအတွက် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း နှင့် မြေပြင်စစ်ကြောင်းထိုးလျှက်ရှိသည်။ လက်ရှိတွင် ကွမ်းဆိပ်၊ ကျိုက်ဒေးသုတ်၊ ညောင်ခြေတောက်၊ ရှမ်းစုကျေးရွာနှင့် ပတ်ဝန်းကျင်နယ်မြေများအား KNLA + PDF ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ရန်သူစစ်ကြောင်းနှင့် နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။

❤45👍10👏1