အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
" အတာ ကို ချစ်တယ်၊ မြန်မာ့ဓလေ့ ထုံးတမ်းစဥ်လာတွေကို ချစ်တယ်၊မိသားစုကို လွမ်းတယ်၊
  ဒါလေးတွေအလွမ်းပြေစေဖို့တပ်တွင်း ရဲဘော်များ
  မုန့်လုံးရေပေါ် လုပ်စားဖြစ်ပါတယ်။ "

အတာသင်္ကြန်မှာ အားလုံး
အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။ 🙏🙏🙏

Admin - SOF
71👍2
"သင်္ကြန်ရသ"

အတာဓလေ့ကို
တခါမှ မမေ့ခဲ့
ဝေးခဲ့ရတာ ငါးနှစ်ကြာပေါ့၊

အတွေးဗလာနဲ့
အငြိုး အာဃာတ မရှိ
သင်္ကြန်မိုးက တအိအိပြိုပြီ၊

မြေသင်းနံ့တွေ ရတယ်
ငုတွေ ခိုတွဲ ဝါဆင်း ဝေ့လည်လည် နဲ့
ပိတောက်လည်း ပွင့်လင်း တာဝန်ကျေပါတယ်၊

သံချပ်သံတွေ တိတ်ဆိတ်နေခဲ့
မြေစာပုံတွေနဲ့ ပူဆွေးဗျာပါဒ တွေနဲ့
လူယုတ်မာတစု အတာကိုယ်စားပြုနေတုန်း၊

အဆိုးဆုံး အမှောင်ဆုံးကာလ
အကြပ်အတည်း အခက်အခဲတွေကြားက
တော်လှန် လွတ်မြောက်နိုင်မှ အတာကျပါတော့မယ်။

အောင်စံရှား - SOF
(14.4.2025)
👍5744
စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားပြုလုပ်
-------------------------------
ဧပြီလ ၂၆ ရက်၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားအား မနေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့ကွယ်ရေးတပ်မတော်အလံတော်အား အလံတဝက်ချ အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊  ကျဆုံးရဲဘော်တစ်ဦးချင်းစီ၏  တော်လှန်ရေးဆောင်ရွက်ချက်မှတ်တမ်းများအား အောက်မေ့သတိရဖွယ်၊ ဂုဏ်ယူဖွယ် ပြန်လည်ဝေမျှခဲ့ပြီး ကျဆုံးရဲဘော်များအား အလေးပြုခြင်းဆောင်ရွက်ခဲ့သည်။

"ရဲဘော်ဆရာကျောင်းသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဖြစ်ပြီး တပ်ဖွဲ့၏ စစ်ဆင်ရေးမှုးဖြစ်သည်။ ရဲဘော်ဆရာကျောင်းသည် နွေဦးတော်လှန်ရေးစသည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးနှင့် ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဦးဆောင်ခဲ့သော စစ်ဆင်ရေးမှုးတစ်ဦးဖြစ်သည်။ တပ်ဖွဲ့၏ တိုက်ခိုက်ရေးထူးချွန်ဆု ချီးမြှင့်ခြင်းခံထားရပြီး ကျဆုံးသည့်အချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးညွတ်ဂုဏ်ပြုလွှာ ချီးမြှင့်ခံရသည်။"

ရဲဘော်ဆရာကျောင်းနှင့်အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့လေးဦးသည်၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲတွင် ရန်သူအားရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းရင်း ရန်သူ့စခန်းကုန်းပေါ်တွင် ကျဆုံးခဲ့သည်။ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ပြန်လည်ရယူခဲ့ပြီး အမိန့်ပြန်ပေးခြင်းနှင့် ဘာသာရေးအရ လိုအပ်သည်များ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။ လေးနှစ်တာကာလအတွင်း ရဲဘော်ဆရာကျောင်းအပါအဝင် SOF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော် (၂၀) ဦးအထိရှိခဲ့ပြီး တပ်ဖွဲ့မှ သက်စွန့်အာဇာနည်ဆုတံဆိပ်ချီးမြှင့်ခဲ့ကာ ရဲရင့်သော အာဇာနည်များအဖြစ် အထူးပင်မှတ်တမ်းတင်ထားရှိပါသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
35🥰4🙏2👍1