အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ
-------------------------
ဇူလိုင်လ (၂၇) ရက်၊ ၂၀၂၄။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ၏ အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားအား (၂၁.၇.၂၀၂၄) ရက်နေ့တွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် အလံတော်နှင့်ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြသည်။
ထို့နောက် တပ်ဖွဲ့မှုး ရဲဘော်အောင်စံရှားမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ရဲဘော်များအား ဆုချီးမြှင့်ခဲ့သည်။ ရဲဘော်များမှ စစ်ရေးပြလှည့်လည်အလေးပြုခဲ့ကြပြီး ဒုတိယပိုင်းတွင် စစ်ဆင်ရေးသရုပ်ပြမှုများဆောင်ရွက်ခဲ့ကြကာ သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။

SOF တပ်ဖွဲ့သည် (၂၁.၇.၂၀၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်စတင်သည့်အချိန်မှစ၍  မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ အကြမ်းဖက်စစ်သားစုဆောင်းခြင်းနှင့် အာဏာရှင်လက်အောက် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များ၊
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်လိုသော လူငယ်လူရွယ်များအား  တပ်ဖွဲ့မှ နွေးထွေးစွာ လက္ခံကြိုဆိုလျှက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
👍4329