အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
"SOF (၃) နှစ်ပြည့်သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ  သဝဏ်လွှာပေးပို့ခြင်း"
(ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော P29999 / အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ကျရောက်သော SOF တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

(၂၁.၇.၂၀၂၁) ရက်နေ့တွင် SOF တပ်ဖွဲ့စတင်တည်ထောင်ခဲ့ပြီး (၇.၉.၂၀၂၁) ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင် ၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးများကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် မြို့တွင်းစစ်ဆင်ရေး (၆၂) ကြိမ်ဆောင်ရွက်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်သား (၁၀၁) ဦးအထိ ချေမှုန်းနိုင်ခဲ့သည်။

ကျေးလက်စစ်ဆင်ရေးအနေဖြင့် KNLA၊ ဒရုန်းတပ်များ နှင့်ပူးပေါင်း၍ တိုက်ပွဲပေါင်း (၇၄) ကြိမ်ဆင်နွှဲခဲ့ပြီး ရန်သူ့တပ်ရင်းအထိုင်စခန်း (၉) ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ (၃) နှစ်တာတိုက်ပွဲများအတွင်း ရန်သူသေဆုံး (၂၄၉) ဦး၊ စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိခဲ့ပြီး လက်နက်မျိုးစုံ (၃၀၀) ကျော်သိမ်းဆည်းနိုင်ခဲ့သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် ကျေးလက်စစ်ဆင်ရေးတိုက်ပွဲများအား KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ပူးပေါင်း၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သါရီစစ်ဒေသများတွင် တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရန်ကုန်ကိုဦးတည်လျှက် မြို့သိမ်းတိုက်ပွဲများ အောင်မြင်တဲ့အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
56👍4
SOF အပတ်စဥ် (၆) သင်တန်းတစ်ဖြတ် အောင်မြင်စွာပြီးဆုံးခဲ့ပြန်ပြီ။
ခွန်အားသစ်တွေနဲ့ အကောင်းဆုံး ရှေ့ဆက်ကြပါစို့။
(၂၁.၇.၂၀၂၄)
Admin
114👍17👏3😱1