အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.82K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
အပိုဒ် ၁၀။ ပစ်မှတ်တွေအားလုံးအတွက် အသင့်အနေအထား ( Combat ready) ဖြစ်နေတဲ့အချိန်မှာ NUG ကကြေငြာမဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စောင့်ရပါတယ်၊ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်တာနဲ့ တပြိုင်နက် SOF mission တွေကို တခုပြီးတခု အကောင်အထည်ဖော်ရမှာပါ၊ SOF တပ်ဖွဲ့ စဖွဲ့ကတည်းက တာဝန်တွေပါပြီးသားပါ၊ "အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ ပထမဆုံးလုပ်ရမဲ့တာဝန်တွေက ပြည်သူ့ခုခံတွန်းလှစ်စစ် (D-day) စကြေငြာတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြို့ပြမှာ အရင်ဆုံးဆောင်ရွက်ရမှာပါ။" ညွှန်ကြားချက် တာဝန်တွေအတိုင်း အရင်ဆုံးစတင်မဲ့ စစ်ရေးပစ်မှတ် (၁၂) ခုကို တပတ်အတွင်း အပြီးဆောင်ရွက်ဖို့အထိ အသေးစိတ် စီစဥ်ထားပြီးပါပြီ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလ က ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အကြမ်းဖက်စစ်ကောင်စီကို စတင်တွန်းလှန်တိုက်ခိုက်ကြဖို့ ကြေငြာလိုက်ပါတယ်၊ အဲဒီအချိန်ကစပြီး SOF တပ်ဖွဲ့ရဲ့ မြို့ပြစစ်ဆင်ရေးမစ်ရှင်တွေကို တစ်ခုပြီးတစ်ခုဆိုသလို မနားတမ်း သက်စွန့်ကြိုးပမ်း စတင်တိုက်ခိုက်ခဲ့ကြပါတော့တယ်။
(၂၈.၆.၂၀၂၄)
[ မှတ်တမ်းရေးသူ - #AungSanShar (SOF) ]

[ ဆက်လက် ဖော်ပြပါဦးမည်။]
#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
113👍17
ကျေးဇူးတင်ရှိခြင်း
-----------------

- တော်လှန်ရေး သုံးနှစ်တာကာလမှာ တပ်ရင်းတပ်ဖွဲ့အသီးသီးကို အဘက်ဘက်က ကူညီထောက်ပံ့ပေးနေတဲ့ ပြည်တွင်းပြည်ပက အလှူရှင်အားလုံးကို အမြဲဂါရဝထား လေးစားကျေးဇူးတင်လျှက်ပါ။
- အခုအချိန်အထိ ပြည်သူလူထုရဲ့ မျှော်လင့်ချက်အပြည့်နဲ့ အားကုန်ရုန်းကန်ပြီး ကြိုးစားပေးနေလို့လည်း အောင်မြင်မှုတွေရနေကြတာဖြစ်ပါတယ်။
- SOF ကိုလည်း အမြဲကူညီထောက်ပံ့ပေးနေတဲ့ Helping Halps နဲ့ TPZ တော်လှန်ရေးထောက်ပို့မိသားစုတွေကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ခင်ဗျာ။

Admin (SOF)
85👍14🥰1
SOF တပ်ဖွဲ့တွင် အာဇာနည်နေ့ အလေးပြုခြင်းအခမ်းအနားကျင်းပ
--------------------
ဇူလိုင်လ ၁၉၊ ၂၀၂၄။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ၏ တပ်ရင်းစခန်းတွင်
(၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင်တော်လှန်ရေး သမိုင်းတလျှောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ အသက်ပေးလှူ ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတော်တဝက်ချ၍ အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ကြပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
89👍6
"အသက်စွန့်အာဇာနည်ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း"
(ဇူလိုင် ၁၉၊ ၂၀၂၄)

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ နွေဦးတော်လှန်ရေး (၃) နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက်
မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ တပ်ဖွဲ့ဝင်ရဲဘော်များအား တပ်ဖွဲ့မှ "အသက်စွန့်အာဇာနည်ဆုတံဆိပ်" များကို အသီးသီး ဂုဏ်ပြုချီးမြှင့်လိုက်သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တွင် တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်ခဲ့ကြသူ အာဇာနည်သူရဲကောင်း (၁၈) ဦးရှိခဲ့သည်။ ရန်ကုန်မြို့ပြစစ်ဆင်ရေးအတွင်း ကျဆုံးသူ လေးဦး နှင့် ကျေးလက်စစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲများအတွင်း ကျဆုံးခဲ့သူ ၁၄ ဦးရှိခဲ့သည်။
ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား ကာကွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီးဦးရည်မွန်မှလည်း ဦးညွှတ်ဂုဏ်ပြုလွှာများချီးမြှင့် ပေးခဲ့သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် ကျဆုံးခဲ့သော SOF အာဇာနည်သူရဲကောင်းများအား ထာဝရအမှတ်ရလေးစားလျှက် (၇၇) နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကျဆုံးခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့်အတူ အထူးပဲ ဦးညွှတ်အလေးပြုလိုက်ပါသည်။


အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
72👍3❤‍🔥2