"အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သုံးနှစ်ပြည့်မှတ်တမ်း"
အပိုင်း (၂)
"SOF ရဲ့ ပထမဆုံးလုပ်ရမဲ့တာဝန်က ပြည်သူ့ခုခံတွန်းလှန်စစ် (D-day) စကြေငြာတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြို့ပြမှာ အရင်ဆုံးဆောင်ရွက်ရမှာပါ"
အပိုဒ် ၆။ အထူးစစ်ဆင်ရေးသင်တန်းစတဲ့အချိန်က NUG / MOD အနေနဲ့ တောင်ပိုင်းစစ်ဒေသဖြစ်မြောက်ရေးအဖွဲ့သာရှိသေးပြီး သင်တန်းဖြစ်မြောက်ရေးကိုတော့ CRPH အဖွဲ့ဝင် ဝန်ကြီးဦးလွင်ကိုလတ်၊ ဗိုလ်မှုးကြီး ဖီးနစ် (ယ္ခု တပ်မဟာ ၆ ဗျူဟာမှုး) ၊ ဗိုလ်မှုးကြီး စိုးနိုင်အပါအဝင် တောင်ပိုင်းစစ်ဒေသဖြစ်မြောက်ရေးအဖွဲ့ဝင်တွေကနေ သင်တန်းလိုအပ်ချက်အားလုံးကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပါတယ်။ သင်တန်းတာဝန်ခံကတော့ ဆရာပီကေပါ။ SOF သင်တန်းမှာ ကျေးလက်စစ်ဆင်ရေးပုံစံအားလုံး၊ မြို့ပြစစ်ဆင်ရေးနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေးပုံစံ Drill အားလုံးကို KNU သင်တန်းဆရာတွေ၊ US (marine) သင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား/ချင်းတိုင်းရင်းသား) နဲ့ အခြေခံစစ်ပညာ တစ်လခွဲ၊ အထူးစစ်ဆင်ရေးသင်တန်း နှစ်လ၊ မွန်းမံသင်တန်းတစ်လ ၊ အားလုံး (၄)လခွဲ ကနေ တချို့ (၆) လအထိ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားလေ့ကျင့်ရပါတယ်။ အပတ်စဥ် (၁) မှာဆိုရင် ရဲဘော်တစ်ဦးကို အစကနေ မွန်းမံပြီးတဲ့အထိ လက်နက်အမျိုးအမျိုး၊ Drill အမျိုးမျိုး နဲ့ ကျည် (၂၅၀) လောက်အထိ လက်တွေ့ပစ်ခတ်လေ့ကျင့်ရပါတယ်၊ အဖွဲ့လိုက်စစ်ရေးလေ့ကျင့်မှုတွေလုပ်ရသလို မြို့ပြအတွက် လိုအပ်ရင် တစ်ယောက်တည်း mission တွေလုပ်နိုင်ဖို့ Special Agent တစ်ယောက်လိုလည်း တစ်ကိုယ်တော်လှုပ်ရှားပစ်ခတ်နည်းတွေကအစ လေ့ကျင့်ရပါတယ်။ နည်းစနစ်တကျနဲ့ အကြမ်းတမ်းဆုံး Physical Training တွေကိုလည်း မနားတမ်း ထပ်ခါထပ်ခါလေ့ကျင့်ရပါတယ်။ SOF သင်တန်းတခုဖြစ်မြောက်ဖို့ ဘတ်ဂျက်လိုအပ်ချက်ဟာ အခြားသင်တန်းတွေထက် များစွာ ရင်းနှီးရသလို၊ ရဲဘော်တွေလည်း လပေါင်းများစွာ အပင်ပန်းအဆင်းရဲခံ ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ စိတ်ဓာတ်ပိုင်း ခိုင်မာသူတွေဟာ သင်တန်းပြီးမြောက်တဲ့အထိ ဖြတ်ကျော်နိုင်ကြပြီး သတ်မှတ်စံနှုန်းနဲ့ စွမ်းရည်မမှီခဲ့သူ ရဲဘော်တချို့လည်း သင်တန်းဆင်းပွဲ (Graduation Ceremony ) မှာ ဝင်ရောက်ခွင့်မရလိုက်ကြပါဘူး။ SOF သင်တန်းဆင်းပြီးတဲ့ရဲဘော်ဖြစ်ရင် တိုက်ပွဲအတွေ့အကြုံလုံးဝမရှိတဲ့အဆုံး အကောင်းဆုံးချေမှုန်းရေးလုပ်နိုင်သူတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ စစ်စွမ်းရည်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မာကျောတဲ့ စစ်သည်တော်ကောင်းတယောက်ဖြစ်လာပါတယ်။ (SOF သင်တန်းတွေအကြောင်း သီးသန့်ရေးသားဖော်ပြသွားပါမည်။)
အပိုဒ် ၇။ အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနဲ့ မွန်းမံသင်တန်းတွေအားလုံးပြီးတဲ့အချိန် တပ်ရင်းစုဖွဲ့မှုကနေ တပ်ဖွဲ့ ဖွဲ့စည်းပုံနဲ့ ပထမဆုံးစုဖွဲ့မှုကို တောင်ပိုင်းတာဝန်ခံ ဝန်ကြီးဦးလွင်ကိုလတ်ဦးဆောင်ပြီး စတင်ဖွဲ့စည်းခဲ့ပါတယ်။ တပ်ဖွဲ့ဖွဲ့စည်းပုံကိုတော့ အခြား EAO ဖွဲ့စည်းပုံတွေနဲ့မတူပဲ အသေးဆုံး Unit ပုံစံ Team တွေကနေ စဖွဲ့ပါတယ်၊ Team - leader တွေအများကြီးနဲ့ ရန်ကုန် (Yangon SOF)၊ ဧရာဝတီ (Ayeyawady SOF)၊ မွန်ပြည်နယ် (Mon SOF) နဲ့ ပဲခူး (Bago SOF) ဆိုပြီးဖွဲ့ခဲ့ပါတယ်။ SOF ကို တောင်ပိုင်းတခုလုံးအတွက်ရည်ရွယ်ဖွဲ့စည်းခဲ့ပေမဲ့ အဲဒီအချိန်က ကျေးလက်စစ်ဆင်ရေးတွေမရှိသေးတဲ့အတွက် ကရင်ပြည်နယ်နဲ့ တနင်္သါရီဒေသတွေမှာ ခုလှုပ်ရှားနေသလို စစ်ကြောင်းတွေမဖွဲ့ခဲ့ပါဘူး။ တပ်စုဖွဲ့မှု စလုပ်စဥ်က SOF ရဲဘော်တစ်ယောက်ချင်းစီတိုင်းကို မြို့ပြအသီးသီးရဲ့ ကိုယ်ကျွမ်းကျင်ရာ စစ်ဒေသ/စစ်ဆင်ရေးဧရိယာအလိုက် လူနဲ့တာဝန်တွဲပြီး စနစ်တကျ စုဖွဲ့မှုလုပ်ခဲ့တာပါ၊ အများစုက ရန်ကုန်မှာ တာဝန်ယူဆောင်ရွက်ချင်သူတွေများတဲ့အလျောက် ရန်ကုန်အတွက်က အင်အားပိုများခဲ့ပါတယ်၊ ရန်ကုန်ကို စစ်ဆင်ရေးဧရိယာ (၈) ခုသတ်မှတ်ပြီး Team ၁၆ ခု၊ Squad ၈ ခုဖွဲ့စည်းခဲ့ပါတယ်၊ မွန်ပြည်နယ် Squad တစ်ခု၊ ဧရာဝတီ Squad နှစ်ခု၊ ပဲခူး squad တစ်ခုနဲ့ ဖွဲ့စည်းခဲ့ပါတယ်၊ တပ်ဖွဲ့ဖွဲ့စည်းပုံကို တပ်စိတ် ၁၂ စိတ်၊ တပ်စု ၆ စု၊ တပ်ခွဲ ၃ ခွဲနဲ့ ပထမဆုံးတပ်ဖွဲ့ကို အင်အား (၁၂၀) ဦးနဲ့စတင်ခဲ့ပါတယ်၊ တပ်ဖွဲ့မှုးအနေနဲ့ ကျွန်တော့်ကိုတာဝန်ပေးခြင်းခံရပြီး တပ်ဖွဲ့တာဝန်ခံအနေနဲ့ ဆရာပီကေက တာဝန်ယူဆောင်ရွက်ပါတယ်။

❤54👍10
အပိုဒ် ၈။ တပ်ဖွဲ့မဖွဲ့ခင်တုန်းက ဒီအဖွဲ့ကို NUG လုံကာ ရဲ့လက်ရုံးတပ်ဖွဲ့အနေနဲ့ထားမယ်ဆိုပြီးသိခဲ့တာပါ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ MOD ရဲ့ (၁/၂၀၂၂) စာအရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းခြင်းနဲ့အတူ SOF တပ်ဖွဲ့ဟာလည်း တောင်ပိုင်းရဲ့အစောဆုံးအတည်ပြုဖွဲ့စည်းခဲ့တဲ့ တပ်ရင်း/တပ်ဖွဲ့ ဖြစ်လာခဲ့ပြီး တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ တိုက်ရိုက်ကွပ်ကဲမှုနဲ့သွားမဲ့ အထူးလက်ရုံးတပ်ဖွဲ့ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့က တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးတာဝန်ခံ ဝန်ကြီးဦးလွင်ကိုလတ်ကို တာဝန်ခံရပါတယ်၊ စစ်ဆင်ရေးကိုကျတော့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ စစ်ဆင်ရေးချုပ်ဖြစ်တဲ့ ဗိုလ်မှုးကြီးစိုးနိုင်ကနေ တိုက်ရိုက်ညွှန်ကြားပါတယ်။ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ကို အဖွဲ့ဝင်ငါးဦးနဲ့ဖွဲ့စည်းခဲ့ပြီး ကွပ်ကဲရေးအဖွဲ့ရဲ့အောက်မှာ တောင်ပိုင်းစစ်ဦးစီးအဖွဲ့ကို စစ်တိုင်းတစ်ခုချင်းစီရဲ့တာဝန်ခံ ၆ ဦးနဲ့ SOF တာဝန်ခံအနေနဲ့ကျွန်တော်အပါ (၇) ဦး + ကွပ်ကဲရေးအဖွဲ့ဝင် (၅) ဦး၊ စုစုပေါင်း (၁၂) ဦးနဲ့ဖွဲ့စည်းခဲ့ပါတယ်၊ ကျွန်တော်အပါ စစ်တိုင်းတာဝန်ခံအားလုံးက စစ်ဆင်ရေးချုပ်ဖြစ်တဲ့ ဗိုလ်မှုးကြီးစိုးနိုင်ရဲ့ညွှန်ကြားချက်အတိုင်း စစ်ဆင်ရေးတွေ ဆောင်ရွက်ရပါတယ်။ (ယ္ခု အသစ်ပြောင်းလဲပြင်ဆင်လိုက်တဲ့ တောင်ပိုင်းစစ်ဒေသဖွဲ့စည်းပုံအရလည်း SOF တပ်ဖွဲ့ဟာ တောင်ပိုင်းစစ်ဒေသရဲ့ တခုတည်းသော လက်ရုံးတပ်ဖွဲ့ (P29999/အထူးတပ်ဖွဲ့) ဖြစ်ပြီး တောင်ပိုင်းစစ်ဆင်ရေးမှုးရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ စစ်ဆင်ရေးဆောင်ရွက်ရသလို မြေပြင်မှာတော့ သက်ဆိုင်ရာ EAO ဗျူဟာမှုးများရဲ့ စီစဥ်ညွှန်ကြားချက်နဲ့လည်း စစ်ဆင်ရေးတွေဆောင်ရွက်ရပါတယ်။
အပိုဒ် ၉။ ပထမဆုံးတပ်ဖွဲ့စုဖွဲ့မှုပြီးပြီးချင်း တပ်ဖွဲ့ဝင်ရဲဘော်အားလုံး မိမိတာဝန်ကျရာ စစ်ဒေသနဲ့ စစ်ဆင်ရေးဧရိယာတွေဆီ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။ လက်နက်ခဲယမ်း နဲ့ လိုအပ်တဲ့စစ်သုံးပစ္စည်းအားလုံးကို စစ်ဆေးဖမ်းဆီးခံရမှုတွေများတဲ့ကြားကပဲ နည်းလမ်းအမျိုးမျိုးနဲ့ မြို့ပြတွေဆီအရောက် SOF ထောက်ပို့သုံးယောက်က အခေါက်ခေါက်အခါခါ ကြိုတင်ပို့ဆောင်ခဲ့ရပါတယ်။ SOF တစ်ဖွဲ့တည်းအတွက်မဟုတ်ပဲ ရန်ကုန်၊ ဧရာဝတီ၊ မွန်ပြည်နယ်နဲ့ ပဲခူးအားလုံးအတွက်ပါ စွန့်စားခဲ့ကြတယ်။
(ရန်ကုန်မှာဆိုရင် ကိုမောင်ကျော် (ခ) ကိုဇေယျာသော်ကြီးက ကိုယ်တိုင်လာယူပါတယ်၊ တခါတလေကားနဲ့၊ တခါတလေ ခြေလျင်၊ ပြီးရင် နှုတ်ခမ်းမွေးကားကား မုတ်ဆိတ်မွှေးဖွားဖွားနဲ့ ပုံဖျက်လှုပ်ရှားနေတဲ့ ကျွန်တော်တို့ရဲ့ဆရာကြီးက SOF ထောက်ပို့ရဲဘော်တွေကို တွေ့တိုင်း သတိဆွဲအလေးပြုခဲ့သေးတာ၊ ဘယ်လောက်အထိလည်းဆိုရင် ကိုယ်အားပေးတဲ့ နိုင်ငံကျော် အဆိုတော်ကြီးမှန်းတောင်မသိရပဲ သူများပြောပြမှ သိရတဲ့အထိ၊ ကိုဇေယျာသော်က ရန်ကုန်ရဲ့ ဟီးရိုးကြီးပါဗျာ။)
မြို့ပြတွေဆီ ရောက်နှင့်နေပြီးဖြစ်တဲ့ SOF တပ်ဖွဲ့ဝင်တွေဟာ Team အလိုက်၊ Squad အလိုက်၊ သက်ဆိုင်ရာ စစ်ဆင်ရေးဧရိယာတွေမှာ မြေပြင်အခြေအနေ နဲ့ ရန်သူ့သတင်းအချက်အလက်အားလုံးကို စုံစမ်းထောက်လှမ်းရေးလုပ်ကြပါတယ်၊ ထောက်လှမ်းရေးဆီကရတဲ့အချက်အလက်အားလုံးကိုစုပြီး ပစ်မှတ်မှတ်ပုံတင်ခြင်း (ပစ်မှတ်ရွေးချယ်သတ်မှတ်ခြင်း) ကိုစတင်နေပြီဖြစ်ပါတယ်၊ ပစ်မှတ်တခုချင်းစီအတွက် Team / Squad အလိုက် စစ်ဆင်ရေးအစီအစဥ် (mission plan) တွေရေးဆွဲပြီး ကျွန်တော်ကနေတဆင့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးတာဝန်ခံ (ဝန်ကြီးဦးလွင်ကိုလတ်) နဲ့ စစ်ဆင်ရေးချုပ်ဆီတင်ရပါတယ်၊ စစ်ဆင်ရေးချုပ်က EAO ခေါင်းဆောင်ဖြစ်တဲ့အတွက် မြို့ပြအတွက် အဖြစ်သင့်ဆုံး ပစ်မှတ်တွေကိုလည်း ကျွန်တော်တို့ကိုယ်တိုင်ပဲ အကြံပြုချက်ပေးပြီး အားလုံးတိုင်ပင်ဆုံးဖြတ်ကြပါတယ်၊ SOF တွေတိုက်ခိုက်မဲ့ပစ်မှတ်အားလုံးဟာ စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ အကြမ်းဖက်စစ်တပ် တပ်စွဲတဲ့နေရာတွေ၊ လုံခြုံရေးဂိတ်နဲ့ စစ်ဆေးရေးဂိတ်တွေက စစ်သားနဲ့ရဲတွေပဲဖြစ်ပါတယ်၊ ရန်ကုန်၊ ဧရာဝတီနဲ့ မွန်ပြည်နယ်မှာ ရှိတဲ့ စစ်ရေးပစ်မှတ် ၁၂ ခုအရင်ဆုံး ရွေးချယ်သတ်မှတ်ပြီးပါပြီ။ စစ်ရေးပစ်မှတ်အားလုံးကို သိတာက ကျွန်တော်၊ ကိုပီကေနဲ့ ဦးလွင်ကိုလတ်ပဲဖြစ်ပြီး တပ်ဖွဲ့ဝင်တွေကတော့ Team / Squad အလိုက်လုပ်မဲ့ ပစ်မှတ်တခုချင်းစီကိုပဲ သိရှိထားတာပါ။

❤47👍17
အပိုဒ် ၁၀။ ပစ်မှတ်တွေအားလုံးအတွက် အသင့်အနေအထား ( Combat ready) ဖြစ်နေတဲ့အချိန်မှာ NUG ကကြေငြာမဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စောင့်ရပါတယ်၊ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်တာနဲ့ တပြိုင်နက် SOF mission တွေကို တခုပြီးတခု အကောင်အထည်ဖော်ရမှာပါ၊ SOF တပ်ဖွဲ့ စဖွဲ့ကတည်းက တာဝန်တွေပါပြီးသားပါ၊ "အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ ပထမဆုံးလုပ်ရမဲ့တာဝန်တွေက ပြည်သူ့ခုခံတွန်းလှစ်စစ် (D-day) စကြေငြာတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြို့ပြမှာ အရင်ဆုံးဆောင်ရွက်ရမှာပါ။" ညွှန်ကြားချက် တာဝန်တွေအတိုင်း အရင်ဆုံးစတင်မဲ့ စစ်ရေးပစ်မှတ် (၁၂) ခုကို တပတ်အတွင်း အပြီးဆောင်ရွက်ဖို့အထိ အသေးစိတ် စီစဥ်ထားပြီးပါပြီ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလ က ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အကြမ်းဖက်စစ်ကောင်စီကို စတင်တွန်းလှန်တိုက်ခိုက်ကြဖို့ ကြေငြာလိုက်ပါတယ်၊ အဲဒီအချိန်ကစပြီး SOF တပ်ဖွဲ့ရဲ့ မြို့ပြစစ်ဆင်ရေးမစ်ရှင်တွေကို တစ်ခုပြီးတစ်ခုဆိုသလို မနားတမ်း သက်စွန့်ကြိုးပမ်း စတင်တိုက်ခိုက်ခဲ့ကြပါတော့တယ်။
(၂၈.၆.၂၀၂၄)
[ မှတ်တမ်းရေးသူ - #AungSanShar (SOF) ]
[ ဆက်လက် ဖော်ပြပါဦးမည်။]
#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
(၂၈.၆.၂၀၂၄)
[ မှတ်တမ်းရေးသူ - #AungSanShar (SOF) ]
[ ဆက်လက် ဖော်ပြပါဦးမည်။]
#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
❤113👍17
ကျေးဇူးတင်ရှိခြင်း
-----------------
- တော်လှန်ရေး သုံးနှစ်တာကာလမှာ တပ်ရင်းတပ်ဖွဲ့အသီးသီးကို အဘက်ဘက်က ကူညီထောက်ပံ့ပေးနေတဲ့ ပြည်တွင်းပြည်ပက အလှူရှင်အားလုံးကို အမြဲဂါရဝထား လေးစားကျေးဇူးတင်လျှက်ပါ။
- အခုအချိန်အထိ ပြည်သူလူထုရဲ့ မျှော်လင့်ချက်အပြည့်နဲ့ အားကုန်ရုန်းကန်ပြီး ကြိုးစားပေးနေလို့လည်း အောင်မြင်မှုတွေရနေကြတာဖြစ်ပါတယ်။
- SOF ကိုလည်း အမြဲကူညီထောက်ပံ့ပေးနေတဲ့ Helping Halps နဲ့ TPZ တော်လှန်ရေးထောက်ပို့မိသားစုတွေကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ခင်ဗျာ။
Admin (SOF)

❤85👍14🥰1
SOF တပ်ဖွဲ့တွင် အာဇာနည်နေ့ အလေးပြုခြင်းအခမ်းအနားကျင်းပ
--------------------
ဇူလိုင်လ ၁၉၊ ၂၀၂၄။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ၏ တပ်ရင်းစခန်းတွင်
(၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင်တော်လှန်ရေး သမိုင်းတလျှောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ အသက်ပေးလှူ ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတော်တဝက်ချ၍ အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ကြပါသည်။
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ

❤89👍6