"အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သုံးနှစ်ပြည့်မှတ်တမ်း"
အပိုင်း (၂)
"SOF ရဲ့ ပထမဆုံးလုပ်ရမဲ့တာဝန်က ပြည်သူ့ခုခံတွန်းလှန်စစ် (D-day) စကြေငြာတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြို့ပြမှာ အရင်ဆုံးဆောင်ရွက်ရမှာပါ"
အပိုဒ် ၆။ အထူးစစ်ဆင်ရေးသင်တန်းစတဲ့အချိန်က NUG / MOD အနေနဲ့ တောင်ပိုင်းစစ်ဒေသဖြစ်မြောက်ရေးအဖွဲ့သာရှိသေးပြီး သင်တန်းဖြစ်မြောက်ရေးကိုတော့ CRPH အဖွဲ့ဝင် ဝန်ကြီးဦးလွင်ကိုလတ်၊ ဗိုလ်မှုးကြီး ဖီးနစ် (ယ္ခု တပ်မဟာ ၆ ဗျူဟာမှုး) ၊ ဗိုလ်မှုးကြီး စိုးနိုင်အပါအဝင် တောင်ပိုင်းစစ်ဒေသဖြစ်မြောက်ရေးအဖွဲ့ဝင်တွေကနေ သင်တန်းလိုအပ်ချက်အားလုံးကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပါတယ်။ သင်တန်းတာဝန်ခံကတော့ ဆရာပီကေပါ။ SOF သင်တန်းမှာ ကျေးလက်စစ်ဆင်ရေးပုံစံအားလုံး၊ မြို့ပြစစ်ဆင်ရေးနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေးပုံစံ Drill အားလုံးကို KNU သင်တန်းဆရာတွေ၊ US (marine) သင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား/ချင်းတိုင်းရင်းသား) နဲ့ အခြေခံစစ်ပညာ တစ်လခွဲ၊ အထူးစစ်ဆင်ရေးသင်တန်း နှစ်လ၊ မွန်းမံသင်တန်းတစ်လ ၊ အားလုံး (၄)လခွဲ ကနေ တချို့ (၆) လအထိ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားလေ့ကျင့်ရပါတယ်။ အပတ်စဥ် (၁) မှာဆိုရင် ရဲဘော်တစ်ဦးကို အစကနေ မွန်းမံပြီးတဲ့အထိ လက်နက်အမျိုးအမျိုး၊ Drill အမျိုးမျိုး နဲ့ ကျည် (၂၅၀) လောက်အထိ လက်တွေ့ပစ်ခတ်လေ့ကျင့်ရပါတယ်၊ အဖွဲ့လိုက်စစ်ရေးလေ့ကျင့်မှုတွေလုပ်ရသလို မြို့ပြအတွက် လိုအပ်ရင် တစ်ယောက်တည်း mission တွေလုပ်နိုင်ဖို့ Special Agent တစ်ယောက်လိုလည်း တစ်ကိုယ်တော်လှုပ်ရှားပစ်ခတ်နည်းတွေကအစ လေ့ကျင့်ရပါတယ်။ နည်းစနစ်တကျနဲ့ အကြမ်းတမ်းဆုံး Physical Training တွေကိုလည်း မနားတမ်း ထပ်ခါထပ်ခါလေ့ကျင့်ရပါတယ်။ SOF သင်တန်းတခုဖြစ်မြောက်ဖို့ ဘတ်ဂျက်လိုအပ်ချက်ဟာ အခြားသင်တန်းတွေထက် များစွာ ရင်းနှီးရသလို၊ ရဲဘော်တွေလည်း လပေါင်းများစွာ အပင်ပန်းအဆင်းရဲခံ ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ စိတ်ဓာတ်ပိုင်း ခိုင်မာသူတွေဟာ သင်တန်းပြီးမြောက်တဲ့အထိ ဖြတ်ကျော်နိုင်ကြပြီး သတ်မှတ်စံနှုန်းနဲ့ စွမ်းရည်မမှီခဲ့သူ ရဲဘော်တချို့လည်း သင်တန်းဆင်းပွဲ (Graduation Ceremony ) မှာ ဝင်ရောက်ခွင့်မရလိုက်ကြပါဘူး။ SOF သင်တန်းဆင်းပြီးတဲ့ရဲဘော်ဖြစ်ရင် တိုက်ပွဲအတွေ့အကြုံလုံးဝမရှိတဲ့အဆုံး အကောင်းဆုံးချေမှုန်းရေးလုပ်နိုင်သူတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ စစ်စွမ်းရည်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မာကျောတဲ့ စစ်သည်တော်ကောင်းတယောက်ဖြစ်လာပါတယ်။ (SOF သင်တန်းတွေအကြောင်း သီးသန့်ရေးသားဖော်ပြသွားပါမည်။)
အပိုဒ် ၇။ အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနဲ့ မွန်းမံသင်တန်းတွေအားလုံးပြီးတဲ့အချိန် တပ်ရင်းစုဖွဲ့မှုကနေ တပ်ဖွဲ့ ဖွဲ့စည်းပုံနဲ့ ပထမဆုံးစုဖွဲ့မှုကို တောင်ပိုင်းတာဝန်ခံ ဝန်ကြီးဦးလွင်ကိုလတ်ဦးဆောင်ပြီး စတင်ဖွဲ့စည်းခဲ့ပါတယ်။ တပ်ဖွဲ့ဖွဲ့စည်းပုံကိုတော့ အခြား EAO ဖွဲ့စည်းပုံတွေနဲ့မတူပဲ အသေးဆုံး Unit ပုံစံ Team တွေကနေ စဖွဲ့ပါတယ်၊ Team - leader တွေအများကြီးနဲ့ ရန်ကုန် (Yangon SOF)၊ ဧရာဝတီ (Ayeyawady SOF)၊ မွန်ပြည်နယ် (Mon SOF) နဲ့ ပဲခူး (Bago SOF) ဆိုပြီးဖွဲ့ခဲ့ပါတယ်။ SOF ကို တောင်ပိုင်းတခုလုံးအတွက်ရည်ရွယ်ဖွဲ့စည်းခဲ့ပေမဲ့ အဲဒီအချိန်က ကျေးလက်စစ်ဆင်ရေးတွေမရှိသေးတဲ့အတွက် ကရင်ပြည်နယ်နဲ့ တနင်္သါရီဒေသတွေမှာ ခုလှုပ်ရှားနေသလို စစ်ကြောင်းတွေမဖွဲ့ခဲ့ပါဘူး။ တပ်စုဖွဲ့မှု စလုပ်စဥ်က SOF ရဲဘော်တစ်ယောက်ချင်းစီတိုင်းကို မြို့ပြအသီးသီးရဲ့ ကိုယ်ကျွမ်းကျင်ရာ စစ်ဒေသ/စစ်ဆင်ရေးဧရိယာအလိုက် လူနဲ့တာဝန်တွဲပြီး စနစ်တကျ စုဖွဲ့မှုလုပ်ခဲ့တာပါ၊ အများစုက ရန်ကုန်မှာ တာဝန်ယူဆောင်ရွက်ချင်သူတွေများတဲ့အလျောက် ရန်ကုန်အတွက်က အင်အားပိုများခဲ့ပါတယ်၊ ရန်ကုန်ကို စစ်ဆင်ရေးဧရိယာ (၈) ခုသတ်မှတ်ပြီး Team ၁၆ ခု၊ Squad ၈ ခုဖွဲ့စည်းခဲ့ပါတယ်၊ မွန်ပြည်နယ် Squad တစ်ခု၊ ဧရာဝတီ Squad နှစ်ခု၊ ပဲခူး squad တစ်ခုနဲ့ ဖွဲ့စည်းခဲ့ပါတယ်၊ တပ်ဖွဲ့ဖွဲ့စည်းပုံကို တပ်စိတ် ၁၂ စိတ်၊ တပ်စု ၆ စု၊ တပ်ခွဲ ၃ ခွဲနဲ့ ပထမဆုံးတပ်ဖွဲ့ကို အင်အား (၁၂၀) ဦးနဲ့စတင်ခဲ့ပါတယ်၊ တပ်ဖွဲ့မှုးအနေနဲ့ ကျွန်တော့်ကိုတာဝန်ပေးခြင်းခံရပြီး တပ်ဖွဲ့တာဝန်ခံအနေနဲ့ ဆရာပီကေက တာဝန်ယူဆောင်ရွက်ပါတယ်။

❤54👍10