လက်နက်ချ အလင်းဝင်လာသူအား ဆုကြေးငွေချီးမြှင့်ခြင်း
----------------------
ဧပြီလ ၂၀ ရက်၊ ၂၀၂၄။
မတ်လ ၁၅ ရက်နေ့ မဲသရောထတိုက်ပွဲမစခင်
ရန်သူဘက်မှ တပ်ကြပ်ကြီး သက်နိုင်ဦးသည်
MA4 ပူးတွဲသေနတ် (၁) လက်၊ ၄၀မမ ဗုံးသီး (၁၀)
လုံး၊ ၅.၅၆ ကျည် (၂၀၀) ဖြင့် KNLA နှင့် SOF
တော်လှန်ရေးပူးပေါင်းအဖွဲ့သို့ လက်နက်ချ
အလင်းဝင်လာသောကြောင့် (မြန်မာငွေကျပ်
သိန်းရှစ်ဆယ်နှင့်ညီမျှသော) ဆုကြေးငွေ
ဘတ်ရှစ်သောင်း (80000 Baht) ချီးမြှင့်ခဲ့ပါသည်။
အလင်းဝင်လာသူ တပ်ကြပ်ကြီး သက်နိုင်ဦးအား
ဆုကြေးငွေအပြင် နေထိုင်ရေး၊ အလုပ်အကိုင်
ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ
ဆက်လက်ဆောက်ရွက်ပေး လျှက်ရှိပြီး
အခြား စစ်ကောင်စီတပ်ဘက်မှ မည်သူမဆို
SOF သို့ ဆက်သွယ်၍ လာရောက်ပူးပေါင်းပါက
ထိုက်ထိုက်တန်တန် ဆုကြေးငွေများ
ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အသိပေး
ထုတ်ပြန်အပ်ပါသည်။
[ SOF တပ်ဖွဲ့သို့ ဆက်သွယ်လိုပါက facebook messenger 👇👇👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
SOF စစ်ကြောင်း(၁)၏ facebook Link 👇
https://www.facebook.com/profile.php?id=61557324863033&mibextid=JRoKGi
SOF စစ်ကြောင်း (၂)၏ facebook link 👇
https://www.facebook.com/profile.php?id=61556994905645&mibextid=kFxxJD
သတင်း၊ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများ👇👇👇
S.O.F ၏ telegram link 👇https://t.me/sof220211
S.O.F ၏ youtube link 👇 https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP]
ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

Facebook
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F. 9,513 likes · 5,476 talking about this. Armed forces
❤34👍23🥰4
၁။ ရန်သူလိုချင်တဲ့အကွက်ထဲ မရောက်မိဖို့
သတိကြီးကြီးထားကြစေချင်ပါတယ်။
ရန်သူကိုရန်သူလိုဆက်ဆံရတာမခက်ပါဘူး၊
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရတာ ခက်တယ်။
ရန်သူကိုမိတ်ဆွေဖြစ်အောင် မလုပ်ချင်ရင်တောင်
ရန်သူတွေပိုများမလာဖို့တော့ သတိထားရမယ်။
ပိုပြီးသတိထားရမှာက ရှိပြီးသားမိတ်ဆွေကိုပါ
ရန်သူလိုမဆက်ဆံမိဖို့၊ မိတ်မပျက်ဖို့ပါ။
၂။ အားလုံးက စစ်ကောင်စီယုတ်မာတာ၊
မတရားအာဏာသိမ်းတာကို လက်မခံကြပါဘူး။
ပြန်တိုက်တဲ့သူနဲ့ မတိုက်သေးတဲ့သူနဲ့
တိုက်ဖို့စိုင်းပြင်းနေတဲ့သူပဲ ရှိပါတယ်။
တချို့ကလည်း တိုက်နေတယ်၊ ထုတ်မပြောဘူး၊
တချို့က တိုက်မရသေးပေမဲ့ ကူညီပေးနေတယ်။
သေချာတာက စစ်ကောင်စီကိုလိုလားတဲ့
စစ်ကောင်စီရဲ့မဟာမိတ်ဆိုတာ မရှိပါဘူး။
ကျွန်တော်တို့ရဲ့ မဟာမိတ်တွေပဲ ဖြစ်ရမယ်။
၃။ သင်္ကန်းညီနောင်နဲ့ မြဝတီစစ်ဆင်ရေးတွေဟာ
အားလုံး နည်းလမ်းပေါင်းစုံနဲ့ ပေါင်းစည်းလိုက်လို့
အောင်မြင်မှုရတာပါ။
တစ်ယောက်တည်း တစ်ဖွဲ့တည်းအားနဲ့
ဘယ်တိုက်ပွဲမှ မနိုင်ပါဘူး။
အသက်တွေကတန်ဖိုးကြီးပါတယ်၊
ဒါပေမဲ့ အသက်တွေပေးတိုင်းလည်း အောင်မြင်တာမဟုတ်ပါဘူး။
နောက်တလှမ်းဆုတ်ရလို့လည်း ရှုံးနိမ့်သွားတာမဟုတ်ပါဘူး၊
ကျွန်တော်တို့ဘယ်တော့မှမရှုံးဘူး။
စစ်ကောင်စီရှုံးနေတာ၊ စစ်ကောင်စီအသက်ငင်နေတာ၊
ဒါကြောင့် စိတ်ဓာတ်ကျစရာကိုမရှိတာ။
၄။ စစ်အာဏာရှင်ကို တော်လှန်ဖို့ လူငယ်ချည်းလည်းမရဘူး၊
လူကြီးတွေပဲလည်း မရဘူး။
လူကောင်းတွေချည်းလည်းမဖြစ်နိုင်ဘူး၊
ကောင်းကောင်း ဆိုးဆိုး တသားတည်းပေါင်းရမယ်။
မတူတာတွေခဏဖယ်ထား၊ တူတာတွေပေါင်းစည်းပြီး
ဘုံရည်မှန်းချက်ကို ရအောင် ညှိယူရမယ်။
သည်းခံနိုင်ရမယ်၊ အနစ်နာခံနိုင်ရမယ်၊ စိတ်ရှည်ရမယ်၊
လေးစားရမယ်၊ အပြစ်မတင်ရဘူး။
စည်းရုံးရေးတဖက် တိုက်ခိုက်ရေးတဖက်နဲ့
တွဲလက်ညီညီ အားလုံး ရှေ့ဆက်နိုင်ရမယ်။
(24.4.2024)
AungSanShar
photo crd Artstrike

❤91👍37😁1
တောင်စွန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်း
--------------------
မေလ ၃ ရက်၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းအား မေလ ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊ federal wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
တောင်စွန်းစခန်းအား ဧပြီ (၇) ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီ (၁၇) ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ (၃) ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းတွင် အပြီးသတ် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့သည်။ စခန်းသိမ်းရှင်းလင်းရေးဆောင်ရွက်ပြီး လက်နက်ကြီး လက်နက်ငယ် (၄၀) ကျော် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆) ဦးသေဆုံးကာ တပ်ရင်းမှုးအပါ (၁၃) ဦးထွက်ပြေးသွားသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ MI35 (၅) ကြိမ် ၊ Y12 ဗုံးကျဲလေယဥ်ဖြင့် (၂၃) ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ (၅၀) ကျော် ထိခိုက်ပျက်စီးခဲ့သည်။ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်

❤85👍14👏6
Media is too big
VIEW IN TELEGRAM
တောင်စွန်းပွဲ ပွိုင့်5 နဲ့ဖွင့်
———————————
တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များမှ ရန်သူအား နေ့ညမပြတ် ဒရုန်း လက်နက်ကြီးများဖြင့် အနီးကပ်တိုက်ခိုက်ချေမှုန်းမှု မှတ်တမ်းရုပ်သံ။
Video - SOF
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
———————————
တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များမှ ရန်သူအား နေ့ညမပြတ် ဒရုန်း လက်နက်ကြီးများဖြင့် အနီးကပ်တိုက်ခိုက်ချေမှုန်းမှု မှတ်တမ်းရုပ်သံ။
Video - SOF
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
❤110👍27👏11😘1
တောင်စွန်းစခန်းပေါ် အောင်လံလွင့်ထူခဲ့ပြီ
------------------------------------
တောင်စွန်းစခန်းကို ၂၀၂၃ခု နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိ တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခဲ့ပါတယ်။ ငါးရက်တိတိ ရန်သူရဲ့လေကြောင်းမနားတန်းတိုက်ခိုက်မှု၊ ရန်သူအင်အား တစ်ရာကျော်အထိ ခုခံကာကွယ်မှု၊ ဒရုန်းနဲ့ ခဲယမ်းလက်နက်အင်အားနည်းပါးမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်၊ SOF ရဲဘော်(၆) ဦးနဲ့ ပူးပေါင်းအဖွဲ့က (၃) ဦး အသက်တွေပေးခဲ့ရတယ်။
ဒီတစ်ကြိမ်က စစ်ရေးဗျူဟာအရပြန်တိုက်တာဖြစ်သလို ရာဇဝင်ကြွေးဆပ်တာလည်း ဟုတ်ပါတယ်၊ တောင်စွန်းဆိုတဲ့အသံကြားတာနဲ့ ချေမှုန်းလိုစိတ်တွေ ထိမ်းမရတဲ့အထိဖြစ်နေခဲ့ကြတယ်၊ စခန်းပေါ်မှာကျန်ခဲ့တဲ့ ကိုယ့်ရဲဘော်တွေရဲ့ အရိုးတွေပြန်ကောက်ပြီး ဂုဏ်ပြုချင်နေတာ၊ အရိုးနဲ့အောင်လံထူချင်တာ၊ ဒီလိုရာဇဝင်ကြွေးမျိုး ငါတို့ပဲဆပ်ခွင့်ရှိတယ်။
ဒီတကြိမ်မှာ မနှစ်ကတက်ခဲ့တဲ့ရဲဘော်တွေပြန်ပါသလို SOF ခွန်အားသစ် ရဲဘော်တွေလည်းပါတယ်၊ တောင်စွန်းသမိုင်းကိုသိနေခဲ့ကြတယ်၊ နောက်ဆုံး KNLA၊ SOF၊ Lion ၊ Drone ပူးပေါင်းအဖွဲ့တွေရဲ့ မဆုပ်မနစ် တွန်းလှန်တိုက်ခိုက်မှုကြောင့် ၊ သူရဲကောင်းတွေရဲ့ ပေးဆပ်မှုကြောင့် တောင်စွန်းဟာ ခြေဖဝါးအောက် ပြားပြားမှောက်ရသလို ကရင်အမျိုးသားအလံတော်နဲ့ ပြည်သူ့ကာကွယ်ရေးအလံတော်ကို မားမားစွင့်စွင့် လွင့်ထူနိုင်ခဲ့ပါပြီ။
မင်းတို့ပေးဆပ်ခဲ့တဲ့နေရာမှာ မင်းတို့အလေးပြုနေတဲ့ အလံတော်တွေကို မင်းတို့ကိုယ်စား ကိုယ်တိုင်စိုက်ထူပေးခဲ့တယ်၊ တာဝန်မကျေသေးတာရှိရင် ငါအသက်ရှိနေသေးသ၍ ဆက်ပြီးပေးဆပ်နေဦးမယ်၊ အသက်၊ သွေး၊ ချွေး နဲ့ ဘဝတွေပေးဆပ်ခဲ့ကြသူ တော်လှန်သူရဲကောင်းအားလုံးကို အလေးပြုပါတယ်။
#အောင်စံရှား

❤142👍26👏9🥰3