အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
ကွီလုံတိုင်စခန်း၊ မဲသရောထစခန်းနှင့် ရေသရောက်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ခြင်း
-----------------------
မတ်လ ၂၃ ရက်၊ ၂၀၂၄။

KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) နှင့်  ဒရုန်းပူးပေါင်းတပ်ဖွဲ့များသည်  KNU တပ်မဟာ (၆) အတွင်းရှိ စစ်ကောင်စီ၏ နယ်စပ်အထိုင်စခန်းများဖြစ်သော ကွီလုံတိုင်စခန်း၊ မဲသရောထစခန်းနှင့် ရေသလျှောက်စခန်းများ၏ စစ်ကူနှင့် ရိက္ခာပို့စစ်ကြောင်းများအား ဆက်တိုက် ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။

ကွီလုံတိုင်စခန်းအား (၂.၁၁.၂၀၂၃) ရက်နေ့တွင် တက်ရောက်ချေမှုန်းခဲ့ပြီး ရန်သူဘက်မှ (၄) ဦးသေဆုံးကာ စခန်းစွန့်ခွာထွက်ပြေးသွားကြသည်။ ထွက်ပြေးသည့်စစ်သားများအား လိုက်လံချေမှုန်းစဥ် MA2အမျိုးအစား သေနတ်(၁) လက်နှင့် MA1 အမျိုးအစား သေနတ် (၁) လက်ရရှိခဲ့သည်။ ၄င်းတပ်သားများသည် ရေသရောက် စခန်းသို့ ပူးပေါင်းသွားခဲ့သည်။ (၄.၁၁.၂၀၂၃) ရက်နေ့တွင် KNLA နှင့် SOF တပ်ဖွဲ့မှနယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ကာ ၄င်းစခန်းအား စိုးမိုးထိမ်းချုပ်နိုင်ခဲ့သည်။

မဲသရောထစခန်းနှင့် ရေသလျှောက်စခန်းများအား (၁၄.၃.၂၀၂၄) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲပြီး (၁၉.၃.၂၀၂၄) ရက်နေ့တွင် မဲသရောထအထိုင်စခန်းအား အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းနိုင်ခဲ့သည်။

၄င်းအား နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများလုပ်ဆောင်နေစဥ် (၂၀.၃.၂၀၂၄) ရက်နေ့ ည(၁၀း၀၀) နာရီခန့်အချိန်တွင်  ရေသရောက်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ၍ ထိခိုက်ဒဏ်ရာများစွာဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံထွက်ပြေးသွားခဲ့သည်။ (၂၁.၃.၂၀၂၄) နေ့တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၄င်းစခန်းများ၏ နယ်စပ်တလျှောက် KNLA နှင့် S.O.F တော်လှန်ရေးတပ်ဖွဲ့များမှ စိုးမိုးထိမ်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။

[[ SOF တပ်ဖွဲ့သို့ တပ်ဖွဲ့ဝင်အဖြစ် ဆက်သွယ်ဝင်ရောက်လိုပါက facebook messenger 👇👇👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
SOF စစ်ကြောင်း(၁)၏ facebook Link 👇
https://www.facebook.com/profile.php?id=61557324863033&mibextid=JRoKGi
SOF စစ်ကြောင်း (၂)၏ facebook link 👇
https://www.facebook.com/profile.php?id=61556994905645&mibextid=kFxxJD
သတင်း၊ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများ👇👇👇
S.O.F ၏ telegram link 👇https://t.me/sof220211
S.O.F ၏ youtube link 👇 https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP] ]]

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#P29999 - အထူးတပ်ဖွဲ့
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော် (MOD)
56👍7👏6
အမှတ် - ၁ စစ်ဒေသ (မြောက်ပိုင်း) တွင် အထူးစစ်ဆင်ရေးသင်တန်းအောင်မြင်စွာပြီးဆုံး
---------------------------
မတ်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီမှ အကြမ်းဖက်မှုနှိမ်နှင်းတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အထူးတာဝန်ပေးဆောင်ရွက်ရမည့် SSTF - ပြည်သူ့ရဲတပ်ဖွဲ့ မှရဲဘော်များ၊ ပလဖ - မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ရဲဘော်များအား အထူးစစ်ဆင်ရေးသင်တန်းပေးခြင်း အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်သည်။

သင်တန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF မှ သင်တန်းနည်းပြများ၊ မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသားနည်းပြများ နှင့် SSTF မှနည်းပြအကူများက သုံးလကြာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲကို (၁၈.၃.၂၀၂၄) ရက်နေ့တွင် မြောက်ပိုင်းစစ်ဒေသ လွတ်မြောက်တစ်နေရာ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF မှ သင်တန်းနည်းပြများတက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းများပြောကြားကာ သင်တန်းသားရဲဘော်များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(ဓာတ်ပုံ - SSTF-People's Polic)
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
59👍6🥰3
​မေးမြန်းခန်း

"အောင်မြင်မှုတွေက ဆက်တိုက်ဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း ဒီဘက်မှာ အောင်မြင်မှု ဖြစ်လာမယ်"

︎တောင်ပိုင်းစစ်ဒေသ ၊ S.O. F အထူးတပ်ဖွဲ့ ရဲ့ တပ်ဖွဲ့မှုး ကိုအောင်စံရှားနဲ့မေးမြန်းခန်း



ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်
မြေ မြန်မာ-ထိုင်းနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှုစစ်ဆင်ရေးများ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ ၊အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှု ဆိုင်ရာများ အပါအဝင် SOF စုဖွဲ့မှု၊ စတင်ဖွဲ့စည်းချိန်မှာလက်ရှိအထိ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများ၊ တိုင်းရင်းသားတပ်များနှင့် အတူ တိုက်ပွဲဝင်ခဲ့မှု အတွေ့အကြုံများ၊ လက်ရှိ စစ်ရေးအခြေအနေ သုံးသပ်ချက်များ စသည်တို့ကို SOF တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ဖြစ်သူ ကိုအောင်စံရှားအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။


ဟန်နွေ/People’s Spring

မေး။SOF တပ်ဖွဲ့ဖြစ်ပေါ်လာပုံအကြောင်း အကျဉ်း ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့ SOF တပ်ဖွဲ့ကိုကတော့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ရက် အဲဒီနေ့မှာ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေးကနေပြီးတော့ အတည်ပြုသတ်မှတ်ပေးပြီးတော့ တပ်ရင်း စတင်ဖွဲ့စည်းဖြစ်တာပေါ့။ ပထမဆုံး တောင်ပိုင်းစစ်ဒေသမှာ MOD(ကာကွယ်ရေးဝန်ကြီးဌာန)ကပေးတဲ့ အပတ်စဉ်(၁) အဲဒီ အပတ်စဉ် (၁)က ကွန်မန်ဒိုတွေနဲ့ စနိုက်ပါတွေနဲ့အားလုံး အယောက် ၅၅ယောက်ကို အခြေတည်ပြီးတော့ အပတ်စဉ် (၂)မှာ ရှိတဲ့ ချေမှုန်းရေးသမားတွေနဲ့ အားလုံး ပြန်စုစည်းပြီးအထူးစစ်ဆင်ရေး သင်တန်းဆိုပြီး ပြန်လုပ်တယ်။ လုပ်ပြီးတော့မှ ပထမဆုံး သင်တန်းဆင်းဆင်းခြင်းပဲ ရဲဘော် အင်အား ၁၇၀နဲ့ တပ်ရင်းစဖွဲ့တာပေါ့။ အဲဒီမှာ တပ်ရင်း စဖွဲ့ကာစက ကျနော့်ကို တပ်ရင်းမှူးအဖြစ် တာဝန်ပေးခြင်းခံရတယ်။ အဲဒီတုန်းကတော့ SOF တပ်ဖွဲ့မှာ တပ်ဖွဲ့တာဝန်ခံဆိုပြီးတစ်ယောက်ရှိတယ်။ နောက်တော့ အဲဒီတာဝန်ခံက အခြားလေ့ကျင့်ရေးပိုင်းမှာ တာဝန်ယူပြီးတော့ တပ်ဖွဲ့ရဲ့ တာဝန်ခံအဖြစ်ရော တပ်ရင်းမှူးအဖြစ်ရော ကျနော့်အနေနဲ့ စပြီးတာဝန်ပေးခြင်းခံရတယ်။ စပြီးတော့ဆောင်ရွက်ခဲ့တယ်။ အရင်ဆုံး KNU ရဲ့ တပ်ရင်း(၁၈)နယ်မြေထဲမှာ စတင်လေ့ကျင့်ရေးလုပ်တယ်။ပြီးတော့တပ်ရင်းစဖွဲ့တာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာပဲ မွမ်းမံသင်တန်းပြီးတဲ့အခါ စပြီးဖွဲ့ဖြစ်တာပေါ့။ အဲဒီကနေ SOF တပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့တာပေါ့။ ပြောရလို့ရှိရင် MODမှာ ပထမဆုံး ဖွဲ့တဲ့ တပ်ရင်းလို့ပြောလို့ရပါတယ်။



မေး။SOF သင်တန်း နည်းပြတွေထဲမှာ အမေရီကန် မရိန်းတပ်သားတချို့ပါ လာသင်ပေးတဲ့အပေါ် ပြည်သူတွေအတော်စိတ်ဝင်စားကြတယ် ။ မရိန်းနည်းပြတွေ သင်တန်းပေးဖြစ်ပုဲကိုရောပြောပြပေးလို့ရမလား။

ဖြေ။ အဓိက SOF သင်တန်းကတော့ သင်တန်းအပတ်စဉ် (၁) ကနေ အခု အပတ်စဉ် (၅)အထိ ပြီးသွားပြီ။ အဲဒီ ကာလတစ်လျောက်လုံးမှာ သင်တန်းရေးရာနဲ့ပတ်သက်လို့ရှိရင် KNLAက သင်တန်းနည်းပြတွေပါတယ်။ နောက်ပြီး မရိန်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းဆရာ ဆိုတာလည်း မြန်မာနိုင်ငံသားပါပဲ။ ဒါပေမဲ့ မရိန်းတပ်ဖွဲ့တွေမှာ တရားဝင် ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိမှာ မြန်မာနိုင်ငံသား ဖြစ်နေပြီဖြစ်တဲ့ သင်တန်းနည်းပြတွေ အနေနဲ့ တောက်လျှောက် ကျနော်တို့ သင်တန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတာ။ ၂၀၂၁ ကနေ ဒီနေ့ဒီအချိန်ထိ ပေါ့ အဲဒီ မရိန်းတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ မြန်မာနိုင်ငံသား သင်တန်းဆရာနည်းပြတွေ မြန်မာလူမျိုးတွေလည်း ပါသလို ချင်းလူမျိုးတွေလည်း ပါတယ် ကျနော်တို့ တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး သင်တန်းရေးရာမှာ အဓိက အထူးစစ်ဆင်ရေးသင်တန်းတွေ မြို့ပြ စစ်ဆင်ရေးသင်တန်းတွေကို အဓိက ဦးစားပေးပြီး သင်ကြားပေးနေတာပေါ့။



မေး။SOF ရဲ့ ကွန်မန်ဒို သင်တန်းတွေပြီးသွားရင် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လောက်ရှိလဲ ။ SOF နဲ့ ပူးပေါင်းချင်တဲ့ လူငယ်တွေကို ဘာပြောချင်လဲ ။

ဖြေ။ SOFသင်တန်းကျတော့ အဓိက မြို့ပြ စစ်ဆင်ရေး၊ မြို့တွင်း စစ်ဆင်ရေးပေါ့ အဲဒါ တွေ ရော နောက်ပြီး ကျေးလက်စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေရော အားလုံးကိုခြုံံပြီးတော့ ပေးတာပေါ့။ နောက်ပြီးတော့ Physical training ပတ်သက်ပြီးတော့ ကျနော်တို့ ပေးတယ်။ ပြီးလို့ရှိရင် ဘာသာရပ်တစ်ခုချင်းစီပေါ့ စနိုက်ပါသင်တန်း၊လက်နက်ကြီး သင်တန်း၊ နောက် ဒရုန်းသင်တန်းပေါ့နော် နောက် ဆေးသင်တန်း အဲဒီလို သင်တန်းတွေကိုလည်း မွမ်းမံသင်တန်းအနေနဲ့ ဆက်တိုက်ကျနော်တို့ လုပ်ပေးနေတာပေါ့နော်။ SOF အထူးစစ်ဆင်ရေးသင်တန်းမှာပဲ ကျေးလက်စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အခြေခံသင်တန်းတစ်ဖြတ်ရှိမယ် ပြီးလို့ရှိရင် အထူးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး မြို့တွင်းစစ်ဆင်ရေး၊ မြို့သိမ်းစစ်ဆင်ရေးအတွက် ရည်ရွယ်ပြီးပေးတဲ့ အထူးလေ့ကျင့်ရေး သင်တန်းတွေရှိတယ်။ နောက် Physical training သီးသန့်လုပ်တာရှိတယ်။ စောန ပြောသလို ဘာသာရပ်တစ်ခုချင်းစီအလိုက်ကို မွမ်းမံ စနစ်တကျ ပေးတာရှိတယ်။ သင်တန်းဆိုတဲ့ သဘောကတော့ သင်တန်းမှာ များများလေ့ကျင့်တယ် သင်တန်းမှာ ကျည်တစ်ရာ ရှိရင် သင်တန်းမှာပဲ ၈၀ သုံးတယ်။ ကျန်တဲ့ ကျည် ၂၀ကိုက တကယ့် တိုက်ခိုက်ရေးမှာထိထိရောက်ရောက်နဲ့သုံးတယ်ပေါ့နော်။ လေ့ကျင့်ရေးက
40👍8🥰5
အရေးကြီးတယ်။ သေသေချာချာ စနစ်တကျနဲ့ နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်နိုင်ဖို့ လိုတယ်။ အဲဒီလို လေ့ကျင့်နိုင်မှ တကယ် စစ်ဆင်ရေးလုပ်တဲ့အခါ မှာ ကျည်တစ်တောင့်ဆိုတစ်တောင့် ထိရောက်တယ်။ သို့မဟုတ်ဘဲ လေ့ကျင့်ရေးမှာ ဖြစ်သလို သင်တန်းပြီးသွားလို့ရှိရင် အဲဒီ ရဲဘော်တစ်ယောက်ရဲ့ စွမ်းရည်မပြည့်၀ မှုက တိုက်ပွဲအတွင်းမှာ ကျည်၊ ခဲယမ်း အသုံးပြုမှုတွေလည်းများသလို ပြီးလို့ရှိရင် ရဲဘော်တွေကို သေတွင်းထဲကို ပို့သလိုဖြစ်တယ်။ စစ်ဆင်ရေးနဲ့ သင်တန်းလေ့ကျင့်ရေးမှာ မကောင်းတဲ့အခါ သူတို့ရဲ့ အသက်အန္တရာယ်က အစ ထိခိုက်နိုင်ခြေ အများကြီးရှိတယ်။ ဒါကြောင့် SOF သင်တန်းကို အခြား PDF သင်တန်းတွေ ထက်အချိန်ပိုယူတယ်။ ပိုပြီးတော့ အပင်ပန်းခံတယ်။ ပိုပြီးတော့ လေ့ကျင့်ခိုင်းတယ် ပိုပြီးတော့ ဘတ်ဂျက်ငွေကိုလည်း ပိုပြီးတော့ များများသုံးတယ်။ အဲဒီတော့ စစ်ဆင်ရေးလုပ်တဲ့အခါ EAO အဖွဲ့တွေနဲ့ပဲ ပေါင်းပေါင်း အခြား PDF အဖွဲ့တွေနဲ့ပဲ ပေါင်းပေါင်း ဘယ်အဖွဲ့နဲ့ ပေါင်းပြီး စစ်ဆင်ရေး လုပ်လုပ် စစ်ဆင်ရေးဘက်မှာ အားသာချက်ရှိတယ်ပေါ့နော်။ လုံး၀ အတွေ့အကြုံမရှိဘူးဆိုရင်တောင် SOF သင်တန်းဆင်းပြီးသား လူတစ်ယောက်က တော့ မြို့ပြ စစ်ဆင်ရေးရော ကျေးလက်စစ်ဆင်ရေးရော စခန်းသိမ်းတိုက်ပွဲတွေကိုရော မြို့သိမ်းတိုက်ပွဲတွေရော အားလုံးဆောင်ရွက်နိုင်တဲ့ အခြေအနေရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရတယ်ပေါ့နော်။ အဓိကတော့ ရဲဘော်တစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့လိုတယ်။ စွမ်းရည်ရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲပြီးတော့ စွမ်းရည်မရှိရင်လည်း ကိုယ်ကိုယ်ကိုယ် သတ်တာနဲ့အတူတူပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိရမယ် ပြီးတော့ တိုက်ရည်ခိုက်ရည် စွမ်းရည်ပိုင်းမှာလည်းအားသာရမယ်။နောက်ပြီးတော့ ကျန်းမာရေး ပေါ့နော် ရုပ်ပိုင်း စိတ်ဓာတ်ရေးရာ ပိုင်းရော လုံး၀ အားကောင်းတဲ့ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် ကျနော်တို့လေ့ကျင့်တာပေါ့နော်။

မေး။SOF ဖွဲ့စည်းမှု အပြီး ဘယ်အချိန်မှာ စတင်ပြီး စစ်
ဆင်ရေးဆောင်ရွက်ခဲ့ပါသလဲ။ တိုက်ပွဲဝင်ခဲ့တဲ့ နေရာဒေသနဲ့တိုက်ပွဲတွေအကြောင်း ပြန်ပြောပြပေးပါလား။ SOFကို လက်နက်တပ်ဆင်မှု အပါအဝင် တပ်ဖွဲ့အတွက် လိုအပ်ချက်တွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပါသလဲ။

ဖြေ။ ။ ကျနော်တို့ စစ်ဆင်ရေးစပြီးတော့ ဆောင်ရွက်ခဲ့တာက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ရက်နေ့ပေါ့။ ပြည်သူ့ခုခံတွန်းလှန်စစ်စပြီဆိုပြီးတော့ ကျနော်တို့ရဲ့ ယာယီသမ္မတကြီး ကြေညာချက်နဲ့အတူ တပြိုင်တည်း စခဲ့တာ။ တပ်ဖွဲ့စဖွဲ့တာက ဇူလိုင် ၂၁ရက်မှာ လွတ်မြောက်နယ်မြေဘက်မှာ စုဖွဲ့မှုလုပ်တယ်။ ပြီးတာနဲ့ ဩဂုတ်လအတွင်းမှာ ရန်ကုန်ရယ်၊ ဧရာ၀တီရယ် မွန်ပြည်နယ် အဲဒီဒေသတွေကို ကျနော်တို့ အဓိက ထားပြီး တပ်ရင်းတစ်ရင်းလုံး မြို့ပြကို တာဝန်ပေးခြင်းခံရတယ်။ မြို့ပြစစ်ဆင်ရေးကို စခဲ့တာပေါ့။ အရင်ဆုံး တိုက်ပွဲတွေဆိုရင် မြို့ပြတိုက်ပွဲတွေ ပိုများပါတယ်။ ကျနော်တို့ ရန်ကုန်မှာဆိုရင် ပထမဆုံး သေနတ်သံ စဖောက်တဲ့ စစ်ဆင်ရေးလို့ ပြောလို့ရတဲ့ လှိုင်သာယာ ဘုရားလမ်းမီးပွိုင့်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ကျနော်တို့ စတင်ပစ်ခတ်တိုက်ခိုက်တာပေါ့။ အဲဒီမှာ စစ်ကောင်စီတပ်သား ၄ဦးနေရာတင် ကျဆုံးသွားတယ်။ နောက် လှိုင်သာယာ ထန်းတပင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အဲဒါတွေကို တိုက်ခိုက်ချေမှုန်းတာလုပ်ခဲ့တယ်။ နောက် ဗားကရာစစ်ဆင်ရေးပေါ့။ ဗားကရာ မစ်ရှင်ဆိုရင်လည်း ဗားကရာမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေတဲ့ ဂိတ်ကို စစ်ဆင်ရေးလုပ်တယ်။ အလားတူ စမ်းချောင်း ၊ ဗိုလ်တထောင် အဲဒီမှာရှိတဲ့ လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေး တွေလည်း ကျနော်တို့ လုပ်ခဲ့တယ်။ ဒါက ပျံလွှားအောင်စစ်ဆင်ရေးအနေနဲ့ MOD ရဲ့ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေး စစ်ဆင်ရေးမှူး ၊တောင်ပိုင်းတိုင်း စစ်ဆင်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ကျနော်တို့ အစီအစဉ်အတိုင်းလုပ်ခဲ့တာပေါ့။ နောက် နန်းထိုက်အောင်စစ်ဆင်ရေးဆိုပြီး ပြန်စတယ်။ စတဲ့အချိန်မှာလည်း ကျနော်တို့ နန်းထိုက်အောင် စစ်ဆင်ရေးဆိုပြီး အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ အရာရှိလိုင်းခန်းတွေကို ၆၀မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ မစ်ရှင်တွေလုပ်တယ်။ နောက်ပြီးတော့ ဗဟန်းအရာရှိ ရိပ်သာဂိတ်မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပေါ့နော် သူတို့ကို ဝင်ရောက်တိုက်ခိုက်တာတွေလုပ်တယ်။ နောက် မြောက်ဒဂုံမှာရှိတဲ့ ရဲရိက္ခာထောက်ပံ့ရေးရုံးဂိတ်ပေါ့အဲဒီမှာလည်း ကျနော်တို့ ကားနဲ့ ဝင်ပစ်တဲ့ စစ်ဆင်ရေးလုပ်တယ်။ စစ်ဆင်ရေးလုပ်တိုင်း အလစ်အငိုက် ရန်သူကို ကျနော်တို့ စစ်ဆင်ရေးတွေလုပ်ခဲ့တယ်။ လုပ်တိုင်း ကျနော်တို့ အောင်မြင်တယ်။ စစ်ကောင်စီတပ်သားတွေရော ရဲတွေရော ပွဲတိုင်း ပွဲတိုင်းမှာ ၅ယောက်၊ ၆ယောက်၊ ၄ယောက် အဲဒီလိုမျိုး နေရာတင်မှာပဲ ချေမှုန်းလိုက်နိုင်တယ်။ ဒါပေမဲ့ လက်နက်ကောက်တာတော့ အဲဒီမှာ မရှိဘူးပေါ့။
36🥰5
နောက်ပြီးတော့ မြို့ပြစစ်ဆင်ရေးမှာပဲ ဧရာ၀တီတိုင်းမှာဆိုရင် စကစခန့်တဲ့ ဝန်ကြီးချုပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ကြားဖြတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေလုပ်နိုင်ခဲ့တယ်။ ရန်ကုန်မှာဆိုရင်လည်း ရန်ကုန်တောင်ပိုင်းခရိုင်မှာဆိုရင် မစ်ရှင်တွေအများကြီးလုပ်နိုင်ခဲ့တယ်။ လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ မစ်ရှင်တွေပဲ။ စစ်ကောင်စီ ယာဉ်တန်းတွေ ညဘက် ကင်းလှည့်တဲ့ ယာဉ်တန်းတွေပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းခွဲပြီး ဝင်ပြီးစီးနင်းတာတွေရှိတယ်။ နောက် မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်၊ အပေါင်၊ ဇင်းကျိုက် အဲဒီမှာ ရှိတဲ့ ရဲစခန်းတွေကို ၄၀မမ၊ ၆၀မမ ဗုံးသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်တယ်။ နောက်ပြီး အဲဒီမှာ အဓိက ဆိုးသွမ်းနေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ လက်နက်နဲ့ ခြိမ်းခြောက်သောင်းကျန်းနေတဲ့ အဖွဲ့တွေ အဲဒီအဖွဲ့တွေကို စစ်ဆင်ရေးလုပ်တာရှိတယ်။ မော်လမြိုင်၊ ပေါင် ၊ ဇင်းကျိုက်ပေါ့ အဲဒီမှာ လက်နက်တွေအမြောက်အများရတယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်တွေဆီကပေါ့။ အဲဒီ စစ်ဆင်ရေးတွေလုပ်ခဲ့တယ်။ နောက်ပိုင်း ၂၀၂၁ ခုနှစ် မြို့ပြစစ်ဆင်ရေးလုပ်ပြီးတဲ့အချိန် ရဲဘော်တွေကို ပြန်စုတယ်။ စုပြီးတော့ ကျေးလက်စစ်ဆင်ရေးအနေနဲ့ တောင်းပိုင်းမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ပေါ့ အဓိက တပ်မဟာ(၄)မှာ အရင်ဆုံး SOF စစ်ကြောင်းဆိုပြီး ပထမဆုံးစုဖွဲ့မှုလုပ်တယ်။

KNLAနဲ့ ကျနော်တို့ SOF ပူးပေါင်းပြီးတော့ပေါ့။ တပ်မဟာ(၄)မှာလည်း ကျေးလက်စစ်ဆင်ရေးတွေအများကြီးလုပ်ခဲ့တယ်။ တပ်မဟာ(၆)မှာကျတော့ ကျနော်တို့ စခန်းသိမ်းပွဲတွေ များများလုပ်နိုင်ခဲ့တယ်။ ပထမဆုံးစခန်းသိမ်းပွဲဆိုရင် ဘုရားသုံးဆူမြို့မှာရှိတဲ့ ဘုရားတောင်စခန်းသိမ်းပွဲ ကျနော်တို့ အောင်မြင်စွာလုပ်နိုင်ခဲ့တယ်။ နောက်ပြီး သံဖြူဇရပ်မှာရှိတဲ့ တောင်ကလေးရဲစခန်းပေါ့ အဲဒီစခန်းသိမ်းပွဲ ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲတွေမှာဆိုရင် ကျနော်ကိုယ်တိုင်လည်း ဦးဆောင်တယ် ကျနော်ကိုယ်တိုင်လည်းတက်တယ်။ အဲဒီလိုပုံစံနဲ့ တက်ညီလက်ညီနဲ့ အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။ နောက်ပြီးတော့ စခန်းသိမ်းပွဲတွေ မှာ တောင်စွန်းစခန်းသိမ်းပွဲလုပ်နိုင်ခဲ့တယ်။ နောက် နယ်စပ်အထိုင်စခန်းတွေဖြစ်တဲ့ အခုအချိန်ထိဆိုရင် ကွီလုံတိုင်စခန်း၊ရေတလျောက်စခန်း၊ မဲသရောထ စခန်း အဲဒီ စခန်းသိမ်းပွဲတွေလုပ်နိုင်ခဲ့တယ်။ ပြီးတော့ နယ်မြေစိုးမိုးရေးတွေအခုထိ ဆောင်ရွက်နေနိုင်တယ်ပေါ့နော်။ နောက်ပြီး ကော့ကရိတ်မှာ ရှိတဲ့ တောင်ကြာအင်းစခန်းသိမ်းပွဲလည်းလုပ်နိုင်ခဲ့တယ်။ အဲဒီမှာဆိုရင် ကွန်မန်ဒိုအဖွဲ့တွေနဲ့ SOF အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းပြီးတောင်ကြာအင်းရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ ကော့ကရိတ်မြို့တွင်းစစ်ဆင်ရေးနဲ့ပတ်သက်လို့ရှိရင် ၂၀၂၃ ဒီဇင်ဘာလက စပြီးတော့ ကျနော်တို့ စစ်ဆင်ရေးလုပ်ခဲ့တာ အခုဆိုရင် ၃လခွဲ ၄လနီးပါးရှိပြီ။ကော့ကရိတ်စစ်ဆင်ရေးမှာဆိုရင်လည်း SOF တပ်ဖွဲ့ဝင်တွေ ကဏ္ဍတစ်ခု နေရာတစ်ခုမှာ တာဝန်ယူပြီးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တယ်။ မြို့တွင်း စစ်ဆင်ရေးဆိုရင် ကြာအင်းဆိပ်ကြီးပေါ့။ ကြာအင်းဆိပ်ကြီး မြို့တွင်းစစ်ဆင်ရေး ဆိုရင် သုံးကြိမ်ရှိပြီ။ အဓိက တိုက်ပွဲပြင်းထန်တာ ၂ကြိမ်။အဲဒီ နှစ်ကြိမ်လုံးမှာ ကျနော်ကိုယ်တိုင်လည်းပါတယ်။ ကျနော်ကိုယ်တိုင်လည်း မြို့ထဲဝင်တယ်။ စစ်ဆင်ရေးလုပ်ခဲ့တာပေါ့။ ကြာအင်းဆိပ်ကြီးမှာကျတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အဓိက ပစ်မှတ်ထားပြီးတိုက်ခိုက်တာ။ နောက်ရဲစခန်းတွေ နောက်သူတို့ရဲ့ ဗျူဟာကုန်းတွေ ပစ်မှတ်ထား တိုက်ခိုက်တာရှိတယ်။ အဲဒီမှာလည်း ကျနော်တို့ လက်နက်အနည်းငယ်ရသလို ကျနော်တို့ ရဲဘော်တွေလည်း လက်နက်ကြီး ထိခိုက်ဒဏ်ရာရတာရှိတယ်။ နောက် ဒေသခံ ပြည်သူလူထုလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး လေယာဉ်ဗုံးကြဲတာတွေကြောင့် ထိခိုက်သေဆုံးတာအချို့လည်းရှိတယ်။ နောက် ကော်ဘရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးလည်း ကြာအင်းဆိပ်ကြီးမှာ စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ရတာပေါ့။ကျေးလက်စစ်ဆင်ရေးနဲ့ပတ်သက်ရင် လက်ရှိက ဒီဘက်မှာ ရှိတဲ့ စစ်ကြောင်း တော်တော်များများနဲ့ SOF ပူးပေါင်းပြီး ဆောင်ရွက်နေတာပေါ့။ အဓိကတော့ KNLAနဲ့ PDF စစ်ကြောင်းတွေနဲ့ SOFက နေရာတော်တော်များများ လှုပ်ရှားဆောင်ရွက်ရတာရှိပါတယ်။ တပ်မဟာ(၆)ဂွင်ထဲမှာ အများဆုံးပေါ့။

မေး။SOF က KNLA ရယ် ၊အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မတ်လ ဆန်းကစပြီး ကရင်ပြည်နယ်မှာ စစ်ကောင်စီကို ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။ ဒီစစ်ဆင်ရေးတွေနဲ့ပတ်သပ်ပြီး ပြည်သူတွေကို အသိပေးလို့ရသမျှ ပြောပေးပါလား။

ဖြေ။ ဒီမတ်လ ထဲမှာဆိုလို့ရှိရင် တောင်ပိုင်းမှာ KNLAနဲ့ ဒီဘက်က PDF ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေး ဆောင်ရွက်မှုတွေ အောင်မြင်မှုတွေအများကြီးရှိတယ်။ အဓိကတော့မြ၀တီ သင်္ဃန်းညီနောင်ဘက်မှာဆိုရင် KNLAနဲ့ နောက် ကော်ဘရာ ၊နောက် ကျားသစ်နက် အဲဒီ ပူးပေါင်း စစ်ကြောင်းတွေအနေနဲ့ အဲဒီမှာ ၃၅၅၊ ၃၅၆ နောက် သင်္ဃန်းညီနောင် ရဲစခန်း နောက် ဖလူးစခန်းပေါ့နော်။ အဲဒီ တပ်ရင်းတွေပါ သိမ်းနိုင်တဲ့ အခြေအနေ တွေ ဖြစ်လာတယ်။ အခုလည်း ဆက်ပြီးတော့ တိုက်ပွဲတွေ အကောင်အထည်ဖော်နေတယ်။ မကြာခင်မှာလည်း အဲဒီဘက်မှာ ဆက်ပြီးတော့ တပ်ရင်းတွေ ဗျူဟာတွေ ကို
40🥰5👍3