အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
ဓာတ်ပုံမှတ်တမ်းကောင်း
----------------------
(14.2.2024)

တောင်ပိုင်းရဲ့ အမာခံ ဖိုက်တာတချို့ဖြစ်တဲ့

ကော်ဘရာစစ်ဆင်ရေးမှုး ဗိုလ်တာဘော၊
lion စစ်ကြောင်းမှုး ဗိုလ်အယ်စေးဝါး၊
SOF တပ်ဖွဲ့မှုး ကိုအောင်စံရှား
ရေးဘီလူးခေါင်းဆောင် ကိုကြက်၊
ဒေါနစစ်ကြောင်းမှုး ကိုဘိတ်၊

အားလုံးစုပေါင်းအမှတ်တရ👍

"တောင်ပိုင်းရဲ့အင်အားတွေ အားလုံးစုစည်းမိတဲ့အခါ အောင်မြင်မှုက မကြာခင်ရလာတော့မှာပါ"

အားတင်းထားကြပါ💪💪💪

(၁၄.၂.၂၀၂၄)
143👍37🥰3🤣2
ကော့ကရိတ်မြို့စစ်ရေးသတင်းထုတ်ပြန်ချက်
-----------------------------
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄။

KNU တပ်မဟာ (၆) နယ်မြေ၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများအား၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ KNLA နှင့် PDF နှင့် ဒရုန်း ပူးပေါင်းတပ်များမှ စတင်ထိုးစစ်ဆင်၍ ပူးပေါင်းစစ်ဆင်ရေး​ဆောင်ရွက်ခဲ့သည်။

၄င်းပူးပေါင်းစစ်ဆင်ရေးကာလအတွင်း (၁.၁၂.၂၀၂၃) ရက်နေ့တွင် ကော့ကရိတ်တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်း နှင့် လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်၊ (၄.၁၂.၂၀၂၃) ရက်နေ့တွင် ကော့ကရိတ်မြောက်ဘက်ခြမ်းရှိ ရန်သူအထိုင်ချတပ်စွဲထားသော အမှတ် (၃) ဂိတ်၊ (၆.၁၂.၂၀၂၃) ရက်နေ့တွင် ဘားအံ - မြဝတီ (အာရှလမ်း)ပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်းတွင်တပ်စွဲထားသော အထိုင်စခန်း၊ (၂၇.၁၂.၂၀၂၃) ရက်နေ့တွင် ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းတွင်တပ်စွဲထားသောနေရာ၊ (၂၈.၁၂.၂၀၂၃) ရက်နေ့တွင် တောင်ကြာအင်းရဲစခန်း၊ (၂.၂.၂၀၂၄) ရက်နေ့တွင် ဘားအံ - မြဝတီလမ်း (အာရှလမ်းပိုင်း) ပေါ်ရှိ စစ်ကောင်စီ၏အထိုင်စခန်းများဖြစ်သော ရေကူးကန် နှင့် ဆီဆိုင် ဂိတ်စခန်းများအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ကာ အားအံ - မြဝတီ (အာရှလမ်းပိုင်း) နှင့် မြို့ပေါ် ဧရိယာ ၆၀ % ကို စိုးမိုးထိမ်းချုပ်ထားလျှက်ရှိသည်။

ယနေ့အချိန်အထိ ရန်သူဘက်မှ လက်နက်ချအညံ့ခံသူ (၁၄) ဦးရှိပြီဖြစ်ကာ သေဆုံးသူအရေအတွက် (၃၀) ဦး၊ ဒဏ်ရာရသူ အများအပြားနှင့် ရန်သူ့လက်နက် (၄၆) လက်ကို KNLA၊ SOF နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိခဲ့သည်။ မိမိတို့ဘက်မှ ရဲဘော် (၇) ဦး မြင့်မြတ်စွာအသက်ပေးလှုခဲ့ရပြီး ရန်သူ၏ လေယာဥ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ (၃) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ရန်သူဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ နေ့စဥ်ပစ်ခတ်လျှက်ရှိပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူလူထုပစ္စည်းများအား ခိုးယူလျှက်ရှိသည်။ ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ရှောင်တိမ်းနေရပြီး KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ​MOD ၏ ပြည်သူလူထုလုံခြုံရေးဌာနတို့ပူးပေါင်းကာ ကူညီထိမ်းသိမ်းစောင့်ရှောက်ထားလျှက်ရှိကြောင်း ပြည်သူသို့ လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။
(source - တောင်ပိုင်းစစ်ဒေသ ၊ MOD)

[အောက်ပါ Facebook , telegram & YouTube လင့်ခ်များတွင်လည်း ဝင်ရောက်ကြည့ရှုနိုင်ပါသည်။

facebook link 👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
telegram link 👉 https://t.me/sof220211
youtube link 👉 https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP]

#ပြန်ကြားရေး
#အထူးစစ်​ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
51👍18
Media is too big
VIEW IN TELEGRAM
ကော့ကရိတ်ကို ၆၀ ရာခိုင်နှုန်းထိန်းလိုက်ပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

ထိုင်း-မြန်မာ နယ်စပ် အဓိကကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရာခိုင်နှုန်းထက်ဝက်ကျော် သိမ်းယူလိုက်နိုင်ပြီဖြစ်တယ်လို့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး အောင်စံရှား က ဧရာဝတီကို အတည်ပြုပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ S.O.F နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေဟာ ဒီစစ်ဆင်ရေးကို ၂၀၂၃ ဒီဇင်ဘာ လကုန်မှာကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခလရ ၉၇ တို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

စစ်တပ်ဟာ မြို့ကျမသွားရေးအတွက် လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်က အဆောက်အဦတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ S.O.F အဖွဲ့ခေါင်းဆောင် အောင်စံရှား ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

source - The Irrawaddy
58👍15👏5
Media is too big
VIEW IN TELEGRAM
ကော့ကရိတ် - သင်္ကန်းညီနောင် - မြဝတီ (အာရှလမ်းပိုင်း) စစ်ကြောင်းခရီးစဥ်လေးတင်ပေးလိုက်ပါတယ်။

တော်လှန်ရေးသီချင်းလေးတွေနားထောင်ရင်းပေါ့ 🎼🎧📽

#အောင်စံရှား
#SOF
103👍15