အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
"တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း"

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SPECIAL OPERATION FORCE - SOF) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တစ်ခုတည်းသော တိုက်ခိုက်ရေးနှင့်ချေမှူန်းရေး အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့အမှတ်မှာ ( P29999/ အထူးတပ်ဖွဲ့ ) ဖြစ်သည်။

တပ်ဖွဲ့ကို KNU တပ်မဟာ ၆၊ တပ်ရင်း (၁၈) နယ်မြေအတွင်း ပထမဆုံးသင်တန်းအမှတ်စဥ် (၁) မှ အထူးရွေးချယ်ထားသော ကွန်မန်ဒို နဲ့ စနိုက်ပါသမား (၅၄)ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့သည်။ ပထမဆုံးအထူးစစ်ဆင်ရေးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင်အား (၁၇၀) ဦးဖြင့် တပ်ရင်းတစ်ရင်းစတင်တည်ထောင်ခဲ့သည်။

စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် တပ်ရင်းတပ်ဖွဲ့ဝင်အားလုံးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ (ပြည်သူ့ခုခံတွန်းလှန်စစ်) မစတင်မှီ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ နှင့် မွန်ပြည်နယ် မြို့ပြအသီးသီးသို့ ကြိုတင်စေလွှတ်၍ ပြည်သူ့ခုခံတွန်းလှန်စစ်နှင့်အတူ စစ်ဆင်ရေးလုပ်ငန်းများအား ပထမဆုံး (တော်လှန်ရေးမျှားဦးအနေဖြင့်) စတင်ဆောင်ရွက်ခဲ့ကြသည်။ တောင်ပိုင်းစစ်ဒေသ၏ "ပျံလွှားအောင်" "နန်းထိုက်အောင်" မြို့ပြစစ်ဆင်ရေးတာဝန်များကို ဦးဆောင်၍ သက်စွန့်ကြိုးပမ်း ကိုယ်ကျိုးစွန့် ထမ်းရွက်ခဲ့ကြပြီး ကျေးလက်စစ်ဆင်ရေးအနေဖြင့်လည်း KNLA တပ်ရင်းများနှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သါရီစစ်ဒေသခွဲများတွင်လည်း တပြိုင်တည်း စတင်ခဲ့ကြသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SPECIAL OPERATION FORCE - SOF) သည် ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသမှုး၏ တိုက်ရိုက်ညွှန်ကြားချက်များကိုခံယူ၍ S.O.F တပ်ဖွဲ့ရုံး တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှူများအတိုင်း တော်လှန်ရေးတာဝန်များကို ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။

[ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား အောက်ပါ facebook, telegram နှင့် youtube လင့်ခ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး facebook page messenger မှလည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

facebook link 👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
telegram link 👉 https://t.me/sof220211
youtube link 👉 https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP]

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
53👍12😁1
Page အသစ်လေး like & share လုပ်ပေးကြပါဦး
👍6748
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) အောင်မြင်စွာပြီးဆုံးကြောင်း ထုတ်ပြန်ခြင်း
--------------------------——-
ဖေဖော်ဝါရီလ (၁၂) ရက်၊ ၂၀၂၄။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) သင်တန်းအား KNU တပ်မဟာ (၆) နယ်မြေအတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F မှ ဦးဆောင်သင်ကြားပေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါသည်။

သင်တန်းဆင်းပွဲတွင် အလံတော်အားအလေးပြုခြင်းနှင့် သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှုး - ၂ ရဲဘော်စောရှားမှ အမှာစကားပြောကြားခြင်း၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှုး အောင်စံရှားမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုသစ္စာရည်သောက်ခြင်းနှင့် စစ်ရေးပြလှည့်လည်၍ အလေးပြုခြင်းများဆောင်ရွက်ခဲ့ကြသည်။

အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) အား အခြေခံစစ်ပညာသင်တန်း တစ်လခွဲ၊ အထူးစစ်ဆင်ရေးသင်တန်း နှစ်လ၊ အထူးမွန်းမံသင်တန်းများအဖြစ် အဖွဲ့များခွဲ၍ (စနိုက်ပါသင်တန်း၊ ဆေးသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဒရုန်းသင်တန်း) တစ်လဖြင့် (မေလ ၁၅ ရက်၊ ၂၀၂၃) မှ ( စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃) အထိ စုစုပေါင်း လေးလခွဲကြာ သင်ကြားခဲ့ရသည်။

သင်တန်းအား KNLA မှသင်တန်းနည်းပြများ၊ U.S မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းနည်းပြများ၊ S.O.F သင်တန်းနည်းပြများမှ ကြီးကြပ်သင်ကြားပေးခဲ့ပြီး မွန်၊ ကရင်၊ တနင်္သါရီရှိ တော်လှန်ရေးအဖွဲ့အသီးသီးမှ အထူးရွေးချယ်စေလွှတ်ထားသော အထူးတပ်ဖွဲ့ဝင် သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အထူးစစ်ဆင်ရေးသင်တန်းဆင်း ရဲဘော်များအား တောင်ပိုင်းစစ်ဒေသ၏ SPECIAL OPERATION FORCE - S.O.F အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၉၉၉၉/အထူးတပ်ဖွဲ့) အောက်တွင် စစ်ကြောင်း (၂) အဖြစ် ထပ်မံဖွဲ့စည်းခဲ့ပြီး အခြားသင်တန်းဆင်းရဲဘော်များမှာ မိခင် တပ်ရင်း/တပ်ဖွဲ့များအတွင်း ပြန်လည်ဝင်ရောက်၍ တော်လှန်ရေးတာဝန်များထမ်းဆောင်နေပြီဖြစ်သည်။

အပတ်စဥ် (၅) သင်တန်းဆင်းရဲဘော်များဖြင့်ဖွဲ့စည်းထားသော S.O.F စစ်ကြောင်း (၂) သည် သင်တန်းဆင်းပြီးပြီးချင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ခလယ်တံခွန်တိုက်တိုက်ပွဲ၊ ချောင်းနှစ်ခွတိုက်ပွဲ၊ ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိတ်ကြီးမြို့တွင်းတိုက်ပွဲ၊ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲ၊ ကော့ကရိတ်မြို့တွင်းတိုက်ပွဲများနှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစခန်းသိမ်းပွဲများကို ဆက်တိုက်ဆင်နွှဲခဲ့ကြပြီး အောင်ပွဲများစွာရယူနိုင်ခဲ့ကြပြီဖြစ်သည်။

အပတ်စဥ်(၅) သင်တန်း လေ့ကျင့်ရေး ဓာတ်ပုံံ/ ဗွီဒီယို မှတ်တမ်းများနှင့် ဆက်စပ်သတင်းများအား ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းအတွက် သင်တန်းသားများ စတင်လက်ခံနေပြီဖြစ်ကြောင်း ပြည်သူသို့ လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD
78👍5