အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
မင်္ဂလာပါ
135👍22👏5🤝4
တိုက်ပွဲသတင်းထုတ်ပြန်ခြင်း
------------------------------
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F (P2 9999 / အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ကျေးလက်စစ်ဆင်ရေးနှင့် မြို့တွင်းစစ်ဆင်ရေး အထူးတာဝန်များကို အရှိန်မြှင့်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ ၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် ကျူးကျော်အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၊ federal wings ဒရုန်းအဖွဲ့၊ ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များမှ (၂၇.၁၂.၂၀၂၃) ရက်နေ့ နံနက် ၅း၃၀ နာရီမှစတင်၍ ထိုးစစ်ဆင်​တိုက်ခိုက်ခဲ့ပြီး (၂၈.၁၂.၂၀၂၃) ည ၈း၀၀ နာရီအချိန်တွင် အပြီးတိုင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ပါသည်။

၄င်းစစ်ဆင်ရေးအတွင်း ရန်သူဘက်မှ သေဆုံးသူ (၁၄) ဦးရှိပြီး လက်နက်ချအညံ့ခံသူ (၁၁) ဦး၊ လက်နက်မျိုးစုံ (၂၈) လက် နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပြည်သူ့ရဲဘော် (၁) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်စစ်​တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ (၁၀) လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူအများအပြား လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း အထူးစစ်ဆင်ရေးတာဝန်များကို ကြိုးစားဆောင်ရွက်လျှက်ရှိပြီး တိုက်ပွဲသတင်းများအား အခါအားလျော်စွာ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူသို့ လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။

ပြန်ကြား​​ရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသ၊ MOD
71👍14👏8🥰1
Media is too big
VIEW IN TELEGRAM
တောင်ကြာအင်းရဲစခန်းမှ စကစ အလောင်းများအား မီးသင်္ဂြိုလ်ပေးခြင်း"

- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ ဂဠုန်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းအား (၂၇.၁၂.၂၀၂၃) ရက်နေ့ နံနက် ၅း၃၀ နာရီအချိန်တွင် စတင်ထိုးစစ်ဆင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး (၂၈.၁၂.၂၀၂၃) ရက်နေ့ ည ၈း၀၀ နာရီအချိန်တွင် အပြီးတိုင် သိမ်းဆည်းနိုင်ခဲ့သည်။

- (၂၉.၁၂.၂၀၂၃) ရက်နေ့တွင် ရန်သူ့စခန်းရှိ မိုင်းနှင့် လက်နက်ခဲယမ်းများအား ရှင်းလင်းရေးဆောင်ရွက်စဥ် သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားအလောင်းများကို တိုက်ပွဲတွင်း စစ်စည်းကမ်းများအတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F မှ  ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးခဲ့ပါသည်။

(Admin / ဇန်နဝါရီလ ၄ ရက်)
79👍35👏8😁2🔥1
Media is too big
VIEW IN TELEGRAM
“တော်လှန်သူတို့ စကားဝိုင်း” အပိုင်း (၁) (ရုပ်သံ)
~
Lion Battalion ဗျူဟာစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားတို့ရဲ့ တွေ့ဆုံဆွေးနွေးမှု အပိုင်း(၁) မှာ -

- SOF နဲ့ Lion Battalion တို့ ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်နေကြလဲ ?
- ချောင်းနှစ်ခွတိုက်ပွဲမှာ ဘယ်လောက်ထိ အောင်မြင်မှု ရခဲ့လဲ?

ဆိုတဲ့ အကြောင်းအရာတွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
…………
#ငွေမောင်းသံ မီဒီယာ
86👍14👏13😁1
"တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း"

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SPECIAL OPERATION FORCE - SOF) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တစ်ခုတည်းသော တိုက်ခိုက်ရေးနှင့်ချေမှူန်းရေး အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့အမှတ်မှာ ( P29999/ အထူးတပ်ဖွဲ့ ) ဖြစ်သည်။

တပ်ဖွဲ့ကို KNU တပ်မဟာ ၆၊ တပ်ရင်း (၁၈) နယ်မြေအတွင်း ပထမဆုံးသင်တန်းအမှတ်စဥ် (၁) မှ အထူးရွေးချယ်ထားသော ကွန်မန်ဒို နဲ့ စနိုက်ပါသမား (၅၄)ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့သည်။ ပထမဆုံးအထူးစစ်ဆင်ရေးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင်အား (၁၇၀) ဦးဖြင့် တပ်ရင်းတစ်ရင်းစတင်တည်ထောင်ခဲ့သည်။

စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် တပ်ရင်းတပ်ဖွဲ့ဝင်အားလုံးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ (ပြည်သူ့ခုခံတွန်းလှန်စစ်) မစတင်မှီ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ နှင့် မွန်ပြည်နယ် မြို့ပြအသီးသီးသို့ ကြိုတင်စေလွှတ်၍ ပြည်သူ့ခုခံတွန်းလှန်စစ်နှင့်အတူ စစ်ဆင်ရေးလုပ်ငန်းများအား ပထမဆုံး (တော်လှန်ရေးမျှားဦးအနေဖြင့်) စတင်ဆောင်ရွက်ခဲ့ကြသည်။ တောင်ပိုင်းစစ်ဒေသ၏ "ပျံလွှားအောင်" "နန်းထိုက်အောင်" မြို့ပြစစ်ဆင်ရေးတာဝန်များကို ဦးဆောင်၍ သက်စွန့်ကြိုးပမ်း ကိုယ်ကျိုးစွန့် ထမ်းရွက်ခဲ့ကြပြီး ကျေးလက်စစ်ဆင်ရေးအနေဖြင့်လည်း KNLA တပ်ရင်းများနှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သါရီစစ်ဒေသခွဲများတွင်လည်း တပြိုင်တည်း စတင်ခဲ့ကြသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SPECIAL OPERATION FORCE - SOF) သည် ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသမှုး၏ တိုက်ရိုက်ညွှန်ကြားချက်များကိုခံယူ၍ S.O.F တပ်ဖွဲ့ရုံး တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှူများအတိုင်း တော်လှန်ရေးတာဝန်များကို ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။

[ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား အောက်ပါ facebook, telegram နှင့် youtube လင့်ခ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး facebook page messenger မှလည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

facebook link 👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
telegram link 👉 https://t.me/sof220211
youtube link 👉 https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP]

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
53👍12😁1
Page အသစ်လေး like & share လုပ်ပေးကြပါဦး
👍6748