အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
Media is too big
VIEW IN TELEGRAM
အဇင်းတိုက်ပွဲ
S.O.F တိုက်ပွဲမှတ်တမ်းရုပ်သံ

အောက်တိုဘာလ ၂၆/၂၇ ရက်နေ့များတွင် ၊ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ၊ အကြမ်းဖက်စစ်တပ်၏ ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းပို့ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၈ / ၅၅၈၊ ခလရ ၅၆၁ / ၅၅၇ အင်အား (၁၀၀) ခန့်ရှိသည့် စစ်ကြောင်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဦးဆောင်သောတပ်ဖွဲ့ နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဇင်းကျေးရွာအနီး နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့သည်။ ၄င်းတိုက်ပွဲအပြီး စကစ စစ်ကြောင်းမှ (၃၀) ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
53👏8👍6
Media is too big
VIEW IN TELEGRAM
(2.11.2023) ကြာအင်းဆိတ်ကြီး မြို့တွင်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

နိုဝင်ဘာလ (၂) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံး တို့အား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စစ်ကြောင်း (၂) စစ်ကြောင်းမှုးဦးဆောင်သော တပ်ဖွဲ့ ၊ lion battallion စစ်ကြောင်း၊ ပုဏ္ဏကတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့မှ နေရာစုံတပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုအတွင်း ရန်သူ (၁၁) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ MA-1 သေနတ်တစ်လက်၊ MA-2 စက်လက်တစ်လက်၊ ပူးတွဲဗုံးလောင်ချာတစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့်ကျည်ကာတစ်စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရမိခဲ့သည်။
66👏7👍3
Media is too big
VIEW IN TELEGRAM
"ရဲဘော်သီဟအား အမိန့်ပြန်ခြင်း"

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စစ်ကြောင်း (၁)၊ တပ်ခွဲ (၁) မှ တပ်ခွဲတပ်ရေးဗိုလ် ရဲဘော်သီဟ (ကိုယ်ပိုင်အမှတ် P29999017) သည် (၂၊၁၁၊၂၀၂၃) ရက်နေ့ ကွီလုံတိုင်တိုက်ပွဲတွင် ရှေ့တန်းမှ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပါသည်။

ရဲဘော်သီဟအား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း အမိန့်ပြန်ခြင်းကို (၃၊ ၁၁၊ ၂၀၂၃) ရက်နေ့တွင် တပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ ၄င်း၏ ဘာသာရေးဆိုင်ရာ ထုံးတန်းစဥ်လာများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်မှတ်တမ်းများကိုလည်း စနစ်တကျသိမ်းဆည်းကာ ဂုဏ်ပြုခြင်းအစီအစဥ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ရဲဘော်သီဟအတွက် တပ်ဖွဲ့မှ များစွာစိတ်မကောင်းဖြစ်ရပြီး တပ်ဖွဲ့၏ အာဇာနည်သူရဲကောင်းအဖြစ် အလေးအမြတ် ဂုဏ်ပြုဦးညွှတ်လိုက်ရပါသည်။

ရဲဘော်သီဟ ကောင်းရာသုခတိ ရောက်ရှိပါစေ။

ပြန်ကြားရေးတာဝန်ခံ
အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD
🙏9025👍4❤‍🔥1🔥1🥰1
တိုက်ပွဲသတင်းထုတ်ပြန်ခြင်း
------------------------------
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက် နေ့တွင် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ (၁၁) ရက်နေ့ ည ၁၂း၀၀ နာရီ အချိန်တွင် ၄င်းစခန်းနှစ်ခုဆီသို့ စစ်ကူလာသော တပ်မ - ၂၂ လက်အောက်ခံ ခလရ - ၈၁ ရန်သူ့စစ်ကြောင်းနှင့် S.O.F စစ်ကြောင်း (၂) တို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ (၃)ဦး သေဆုံးပြီး (၇)ဦး ဒါဏ်ရာပြင်းထန်ရခဲ့ကာ ခဲယမ်းကျည်များ သိမ်းဆည်းရမိခဲ့သည်။

နိုဝင်ဘာလ (၁၂) ရက်နေ့၊ မနက် ၈း၃၀ နာရီမှစကာ ဘုရားကုန်းအနီးတွင်နေရာယူထားသော အင်အား (၅၄) ဦးရှိ ရန်သူစစ်ကြောင်းနှင့် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်တစ်ဦး ပေါင်း (၂)ဦး စနိုက်ပါထိမှန်၍ သေဆုံးခဲ့သည်။

နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာတွင် ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၁း၄၅ နာရီ အချိန်တွင် ရန်သူဘက်မှ အကျအဆုံးများစွာဖြင့် လက်နက်ချ အညံ့ခံခဲ့သည်။ ဗိုလ်မှူး(၁)ဦး၊ ဒုဗိုလ်(၂)ဦး အပါအဝင် ရန်သူ (၁၄) ဦး သေဆုံးခဲ့ပြီး (၂၈) ဦး အရှင်ဖမ်းမိခဲ့ကာ (၁၂)ဦး ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

နိုဝင်ဘာလ (၁၅) ရက်နေ့ညတွင် ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား ထပ်မံပိတ်ဆို့ရှင်းလင်းခဲ့ပြီး ရန်သူ (၅) ဦး သေဆုံးကာ လက်နက်များထပ်မံ သိမ်းဆည်းရရှိခဲ့သည်။ တိုက်ပွဲ (၆) ရက်တာအတွင်း ရန်သူသေဆုံး (၂၂) ဦး၊ လက်နက်ချအညံ့ခံသော အရှင် (၂၈) ဦး၊ လက်နက်မျိုးစုံ (၅၅) လက်ရရှိခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ရဲဘော် (၃) ဦး ​တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး (၁၀) ဦးထိခိုကိဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

(တိုက်ပွဲမှတ်တမ်းများအား အောက်ပါ telegram နှင့် youtube link များမှ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
telegram 👉https://t.me/sof220211
youtube 👉https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP )

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD
👍6335👏9🥰4