စစ်ကောင်စီ၏ ခုတ်ခွါးရှေ့တန်းစခန်းနှင့် စစ်ကူလာတဲ့စစ်ကြောင်း၊ ကြာအင်းဆိပ်ကြီးရဲစခန်း၊ ထွေအုပ်ရုံးနှင့် မြေစာရင်းရုံးတို့ကို KNLA၊ S.O.F၊ Cloud Wings၊ Federal Wings တို့ပူးပေါင်းတိုက်ခိုက်။
====================
ဇူလိုင်လ ၁၇ရက်၊ ၂၀၂၃ခုနှစ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့အုပ်ချုပ်ရေး၊ လုံခြုံရေးများ ဆောင်ရွက်ပေးနေတဲ့ ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲစခန်း ၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး တို့အပြင် ခမရ-၅၅၈ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်း(၂) အခြေပြုနေတဲ့ ခုတ်ခွါးစစ်စခန်းနှင့် ခုတ်ခွါးစခန်းကို စစ်ကူလာနေတဲ့ ခမရ-၅၅၈ တပ်ရင်းမှူးဦးစီး စစ်ကြောင်း(၁)၊ ခမရ-၄၃၂ တပ်ရင်းစစ်ကြောင်း(၂) တို့အား ၁၁.၇.၂၀၂၃ ရက်နေ့မှစတင်ကာ ၁၆.၇.၂၀၂၃ရက်နေ့အထိ နေ့စဉ် ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ခုတ်ခွါးစစ်စခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ကြေမွပျက်ဆီးသွားပြီး ရန်သူစစ်ကောင်စီလက်အောက်ခံတပ်သား (၅)ဦးခန့်သေဆုံးကာ ၁၀ဦးထက်််မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်သူစစ်ကောင်စီတပ်မှ လေယာဉ်များဖြင့် ဗုံးများလာကြဲခြင်း၊ လက်နက်ကြီး ၁၂၀မမ၊ ၈၁မမ၊ ၆၀မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိမိတို့ KNLA၊ S.O.F၊ Cloud Wings ၊ Federal Wings ပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာမရှိခဲ့ကြောင်း ပြည်သူသို့လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F
Cloud wings ဒရုန်းတပ်ဖွဲ့
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

❤46👏6👍2
(၇၆) နှစ်မြောက် အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်းအနားပြုလုပ်
----------------------------------
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃။
ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်းအနားအစီအစဥ်များအား နံနက် ၇း၀၀ နာရီအချိန်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်နက်တည်း အသီးသီးကျင်းပခဲ့ကြသည်။
အလေးပြုခြင်းအစီအစဥ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အားအလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ကျဆုံးခဲ့ကြသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်းနှင့် တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးမှုးရဲဘော်စောရှားပေးပို့သောအာဇာနည်နေ့သဝဏ်လွှာအားဖတ်ကြားခဲ့ကြသည်။
အာဇာနည်နေ့အမှတ်တရအဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ S.O.F ၏ အာဇာနည်ရဲဘော်များအကြောင်း ဂုဏ်ယူဖွယ်၊ လွမ်းဆွတ်အောင့်မေ့ဖွယ် မှတ်တမ်းအကြောင်းအရာများ ပြန်လည်ပြောပြခဲ့ကြပြီး အခမ်းအနားအစီအစဥ်အား အဆုံးသတ်ခဲ့ကြပါသည်။
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

❤36