အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
"KNLA၊ S.O.F နဲ့ ရေးဘီလူးပူးပေါင်း၍ ပြည်ထောင်စုလမ်းမကြီးပေါ် အမဲလိုက်ခြင်း"

(18.6.2023 👉 24.6.2023)
40👏2
Media is too big
VIEW IN TELEGRAM
"KNLA၊ S.O.F နဲ့ ရေးဘီလူးပူးပေါင်း၍ ပြည်ထောင်စုလမ်းမကြီးပေါ် အမဲလိုက်ခြင်း"

(18.6.2023 👉 24.6.2023)
77👍10🥰3👏1
အကြမ်းဖက်စစ်တပ်၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းအား ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း
==================
ဂျူလိုင်လ ၅ရက်၊ ၂၀၂၃။

KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၂၈၃ တပ်ရင်းဌာနချုပ်၊ ခုတ်ခွါးစစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့်

အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သားများအခြေပြုတပ်ဆွဲထားတဲ့ နေရာအများအပြားကို ဇွန်လ(၂၉)ရက်နေ့က စတင်ကာ (၈၁)မမဗုံးသီးများ၊ (၆၀)မမ ဗုံးသီးများနှင့် လက်နက်ကြီးများအသုံးပြုပြီး နေ့စဉ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပါသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများရဲ့ အခြေပြုနေရာများ ကြေမွပျက်စီးသွားကာ ရန်သူစစ်ကောင်စီလက်အောက်ခံ အမြောက်တပ် အမတ-၃၁၈မှ ဗိုလ်၁ဦးနှင့် တပ်သား၁ဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရပြီး စစ်ကောင်စီတပ်သား ( ၅ ) ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ရန်သူစစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၀မမ၊ ၈၁မမ၊ ၆၀မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိမိတို့ KNLA ၊ S.O.F ၊ Cloud Wings ပူးပေါင်းတပ်ဘက်မှ လူ၊ ပစ္စည်း ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာ မရှိခဲ့ကြောင်း ပြည်သူသို့ လေးစားစွာအသိပေးတင်ပြအပ်ပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
55👍8👏3🥰1
https://m.facebook.com/story.php?story_fbid=pfbid0Cgq9n1rrZSqG52UnJjtemsJ5PQA4mUbwBN7xTYsT8vS9xEBL3QS3jADE484UfCfRl&id=100084970777184&mibextid=Nif5oz
တောင်ကလေးရဲစခန်း၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား မိုင်းနှင့်ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်
=================
ဇူလိုင်လ ၉ ရက်၊ ၂၀၂၃ ။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် တောင်ကလေးရဲစခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်အသုံးပြုလျှက်ရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀မမ၊ ၈၁မမ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀မမ/ ၈၁မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။

၄င်းတိုက်လိုက်မှုကြောင့် ဇူလိုင်လ (၆) ရက်နေ့တွင် တောင်ကလေးရဲစခန်းရှိ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လ (၇) ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းရှိ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လ (၇) ရက်နေ့တွင် စစ်ကောင်စီအသုံးပြုလျှက်ရှိသော မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းငွေကျပ်သန်းပေါင်း နှစ်ထောင်( ၂ ဘီလီယံကျပ်) ခန့်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း ပြည်သူသို့ လေးစားစွာအသိပေးတင်ပြအပ်ပါသည်။

#ပူးတွဲပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#Cloud Wings ဒရုန်းတပ်ဖွဲ့
39👍7👏6
မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမလုံခြုံရေးအတွက် KNLA၊ S.O.F၊ PDF ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ်စစ်ဆေးနေ
=================
ဇူလိုင်လ ၁၃ ရက်၊၂၀၂၃။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးလုံခြုံရေးအတွက် KNLA၊ S.O.F နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေကြတဲ့ မော်တော်ယာဉ်တွေ စစ်ဆေးခြင်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။

အခုလို ဆောင်ရွက်လျက်ရှိရာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၉ နာရီ ၄၁ ကနေ ၁၁ နာရီအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူစစ်ဆေးတာတွေကို ဆောင်ရွက်ခဲ့ပြီး ခရီးသွားပြည်သူတွေဘက်ကလည်း အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ အရပ်သားကားနဲ့ ခရီးသည်တင်ကားတွေကို အသုံးပြုပြီး လက်နက်ခဲယမ်းတွေအပါအဝင် စစ်အင်အားတိုးချဲ့တာတွေ ဆောင်ရွက်နေတဲ့အတွက် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေအနေနဲ့လည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါ ကြည်ဖြူစွာအစစ်ဆေးခံဖို့ ထပ်မံတိုက်တွန်းအပ်ပါတယ်။

[source - ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် (၃)၊ တောင်ပိုင်းစစ်ဒေသ၊ J.O.C]

#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
35👍1