အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
S.O.F စစ်ကြောင်း(၁)ချေမှုန်းရေးတပ်စုပုံ
81👍5🥰3
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း
------------------------------------
ဇွန်လ ၁၉ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ်
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ခွဲအသီးသီးရှိရဲဘော်များမှ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကိုဆောင်ရွက်ခဲ့သည်။

အမေဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်မြန်မာပြည်သူအားလုံး၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်၊ ပြည်သူလူထု၏အကျိုးအတွက် အစဥ်တစိုက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သောကြောင့် တိုင်းပြည်၏ မိခင်ရတနာသဖွယ်ဂုဏ်ပြုမှတ်တမ်းတင်သောအားဖြင့် စိန်တလုံးသရက်ပျိုးပင် (၇၈) ပင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကျမ်းမာအသက်ရှည်၍ လွတ်လပ်ငြိမ်းချမ်းစွာ နိုင်ငံနှင့်ပြည်သူလူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
52👍6
ရေးနဲ့ သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်
နေ့စဉ်လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးနေ
-------------------------------
ဇွန်လ ၂၀ ရက်၊ ၂၀၂၃။

မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ
မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနဲ့ပတ်သက်ပြီး KNLA၊ S.O.F နဲ့ PDFပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိပါတယ်။

ဇွန်လ ၁၈ ရက်နေ့ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျောက်စစ်ဆေးခဲ့ရာ မနေ့ကနဲ့ ဒီကနေ့တွေမှာလည်း ရေးနဲ့ သံဖြူဇရပ်ကြားရှိ ကားလမ်းမပေါ် (၂) နေရာခွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သွားလာမှုကို စောင့်ကြည့်စစ်ဆေးခဲ့တာပါ။

ဒီကနေ့မှာ မနက် (၁၀း၀၀) နာရီခွဲကနေ မွန်းတည့် (၁၂း၃၀) အထိတစ်ကြိမ်နဲ့ နေ့လယ် (၃း၃၀) နာရီခွဲခန့်ကနေ (၄း၃ဝ) နာရီအထိ တစ်ကြိမ် နေရာ (၂) ခုခွဲပြီး စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးစဉ် အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူ (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

KNLA တပ်ရင်း ၂၇ ၊ S.O.F နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်း မတစ်လျှောက် နယ်မြေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည် ၁၁ နာရီခွဲခန့်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ (၃၁၇) အမြှောက်တပ်က ၈၁ မမ လက်နက်ကြီးနဲ့ ၅ ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ရာဘာခြံအတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတည်းက KNLA တပ်ရင်း ၂၇ က ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေကြတဲ့ကားတွေမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့တဲ့ လူနဲ့ ပစ္စည်းတွေ သယ်ဆောင်လာရင် စစ်ဆေး တွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမယ်ဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ (KNLA) တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမိန့်ထုတ်ပြန်ချက်အတိုင်း ပုံမှန်စစ်ဆေးသွားမှာဖြစ်ပေမယ့် သာမန်ခရီးသွားပြည်သူတွေအနေနဲ့ အမိန့်ကြေညာချက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ကြခြင်းဖြင့် စိတ်ချယုံကြည်စွာ သွားလာနိုင်ကြကြောင်း ပြည်သူသို့ လေးစားစွာအသိပေးအပ်ပါသည်။

(Source - အမှတ်(၃) ဒုစစ်ဒေသခွဲမှူးရုံး)

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
45👍5
| ဒုတပ်ရင်းမှူး စနိုက်ပါနဲ့ ဇီဝိန်ခြွေခံရပြီး စစ်ကြောင်း
တခုလုံး ထိုင်းဘက်ပြေးခဲ့ရတဲ့ ကွီလုံတိုင်အောင်ပွဲ |

◼️ကွီလုံတိုင်စခန်း နဲ့ အဲဒီစခန်းကို ရိက္ခာနဲ့ ခဲယမ်းပို့ဖို့လာတဲ့ စစ်ကြောင်းတခုလုံး ထွက်ပြေးသွားအောင် ဘယ်လိုတိုက်ခိုက်ခဲ့ကြသလဲ ဆိုတာကို တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ စစ်ကြောင်း(၁)ရဲ့ စစ်ကြောင်းမှူး ဆရာကျောင်းက The Voice of Spring ကို အခုလို ပြောပြပါတယ်။

◼️ KNLA နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) စစ်ကြောင်း(၁)က ဇွန်(၃)ရက်၊ မနက်(၅)နာရီခွဲမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒုတပ်ရင်းမှူး အပါအဝင် (၃)ဦး သက်တမ်းကုန်ဆုံးပြီး (၁၃)ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

----------------------------------------------------
source - The Voice Of Spring interview
----------------------------------------------------

#SOF
47👍7👏5