အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
| အောင်ပွဲရ ကြားအင်းဆိပ်ကြီး စစ်ဆင်ရေး |

အထိအခိုက်မရှိဘဲ အောင်မြင်မှုရအောင် ဘယ်လိုဆောင်ရွက်ခဲ့သလဲ။
အကြမ်းဖက်စစ်ကောင်စီက ဘယ်လိုတုန့်ပြန်ခဲ့ရသလဲ။
လက်ရှိမှာ ကြားအင်းဆိပ်ကြီးရဲ့ နယ်မြေစိုးမိုးမှုအခြေအနေ။

ပြီးခဲ့တဲ့ ဇွန် (၂ ) ရက်မှာ ပြုလုပ်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး Special Operation Force ရဲ့ တာဝန်ခံတပ်မှူး အောင်စံရှား နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်း တို့က The Voice of Spring ကို အခုလို ပြောပြပါတယ်။
41👏11👍3
ကြာအင်းဆိပ်ကြီးစစ်ဆင်ရေး (၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်)

၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး Special Operation Forceရဲ့ တာဝန်ခံတပ်မှူး အောင်စံရှား နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်း တို့က စစ်ဆင်ရေးအတွေ့အကြုံတွေကို ပြောပြထားတာ ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်။

#PVTV
#SpringRevolution
#PDF
38👏4👍3
Forwarded from Min Thar
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား
ကြားဖြတ်တိုက်ခိုက်ခြင်း
------------------------------
ဇွန်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။

KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၊ ကွီလုံတိုင်စခန်းအား ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်ရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၊ နံနက် ၅း၃၀ နာရီတွင် KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) မှကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ပထမဦးဆုံး စစ်ကြောင်းချီလာသည့် စကစစစ်ကြောင်အား စနိုက်ပါဖြင့်စတင်တိုက်ခိုက်ခဲ့ရာ စကစ စစ်ကြောင်းမှုး (ဒုတပ်ရင်းမှူး) တစ်ဦး မိမိတို့၏စနိုက်ပါလက်ချက်ဖြင့်သေဆုံးခဲ့သည်။ မနက် ၅း၃၀ နာရီမှညနေ ၆း၀၀ နာရီအထိအပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှုးအပါ သုံးဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အထိနာခဲ့သောစကစစစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့သည်။ တော်လှန်ရေးအင်အားစုများဘက်မှ ငါးဦးဗုံးစထိမှန်ခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရပါ။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
75👍12👏5😱1
S.O.F စစ်ကြောင်း(၁)ချေမှုန်းရေးတပ်စုပုံ
81👍5🥰3
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း
------------------------------------
ဇွန်လ ၁၉ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ်
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ခွဲအသီးသီးရှိရဲဘော်များမှ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကိုဆောင်ရွက်ခဲ့သည်။

အမေဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်မြန်မာပြည်သူအားလုံး၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်၊ ပြည်သူလူထု၏အကျိုးအတွက် အစဥ်တစိုက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သောကြောင့် တိုင်းပြည်၏ မိခင်ရတနာသဖွယ်ဂုဏ်ပြုမှတ်တမ်းတင်သောအားဖြင့် စိန်တလုံးသရက်ပျိုးပင် (၇၈) ပင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကျမ်းမာအသက်ရှည်၍ လွတ်လပ်ငြိမ်းချမ်းစွာ နိုင်ငံနှင့်ပြည်သူလူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
52👍6