အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.8K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲကျင်းပ
======================
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တာဝန်ခံ မှသင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုခြင်း၊ စစ်ရေးပြလှည့်လည်ခြင်းနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုခြင်းအစီအစဥ်များကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်။
သင်တန်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ (သုံးလ) သင်ကြားပေးခဲ့ပြီး (၁၇.၁၂.၂၀၂၂) ရက်နေ့တွင်သင်တန်းဆင်းပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့ကြသည်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#MOHAI
#NUG
54👍20🍓2😁1