အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
" တိုက်ရင်တိုက်၊ မတိုက်ရင်လေ့ကျင့်
တဆင့်ထက်တဆင့် စွမ်းရည်မြင့်စေရမည်
ကျစ်လစ်ခိုင်မာ ပိုမိုအားကောင်းလာစေရမည်"
-------------------------------
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်း အောင်မြင်စွာပြီး​မြောက်
-------------------------------
မေလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်းအား KNU တပ်မဟာ(၆) နယ်မြေအတွင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပြီးဖြစ်သည်။

အထူးလက်ဖြောင့်မွမ်းမံသင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ MSRF မှ အတွေ့အကြုံရှိထူးချွန်စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍
စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံံ၊ ပုံစံမျိုးစုံကို အချိန်တစ်လကြာသည်အထိ လက်တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ပြီး
တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်​မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#အမျိုးသားညီညွတ်ရေးအစိုးရ

မူရင်းလင့်ခ် 👇
https://m.facebook.com/story.php?story_fbid=209965765179115&id=100084970777184&mibextid=Nif5oz
56👍17
အကြမ်းဖက်လက်အောက်ခံ ခလရ၂၈၄၊ ကြာအင်းဆိပ်ကြီးရဲစခန်းနှင့် ရုံးများအားဝင်ရောက်တိုက်ခိုက်ခြင်း
===================
ဇွန်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။

KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fနှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း၍ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ ၂၈၄ နှင့် ရန်သူစစ်သားများတပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများအား ၂.၆.၂၀၂၃ ရက်နေ့၊ နံနက် ၅း၀၀ နာရီတွင် တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ရဲစခန်းနှင့် ရုံးများကြေမွပျက်စီးသွားပြီး ရန်သူဘက်မှ စစ်သားနှင့်ရဲ (၁၀) ဦးခန့်သေဆုံးခဲ့ကာ (၁၅) ဦးခန့် ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။ မိမိတို့ဘက်မှ S.O.F ရဲဘော်နှစ်ဦးခြေတောက်ဒဏ်ရာနှင့် တစ်ဦးရင်ဘတ်မိုင်းစထိမှန်ခဲ့ပြီး စိုးရိမ်စရာမရှိပါ။

စကစဘက်မှ လက်နက်ကြီး ၁၂၀ မမ၊ ရဟတ်ယာဥ်များ ဖြင့်မြို့ပေါ်နေရာအနှံ့လိုက်လံရမ်းသန်းပစ်ခတ်ခဲ့သည်။အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးအင်အားစုများမရှိသည့် ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် ရဟန်းတော်တစ်ပါး လက်နက်ကြီးထိမှန် ကွယ်လွန်ခဲ့ရသည်။ ဒေသခံ (၂) ဦးလည်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ကာ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

အကြမ်းဖက်စစ်တပ်နှင့် အပေါင်းပါဌာနဆိုင်ရာများအနေဖြင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် နှင့် မြို့ပြင်ကင်းပုန်းများတွင် ဒေသခံပြည်သူများအား မထင်ရင်မထင်သလို အကြောင်းမဲ့ ဖမ်းဆီး​ခြင်း၊ ပစ္စည်းများသိမ်းယူ​ခြင်းအပြင် သတ်ဖြတ်မှုများ မကြာခဏရှိနေသည်။ အကြမ်းဖက်စစ်တပ်သည် အုပ်ချုပ်ရေးယန္တရားမရှိပဲ ဥပဒေမဲ့လုပ်ရပ်များ​ဖြင့် ပိုမိုဆိုးသွမ်းလာနေပြီး မြို့ပေါ်ရပ်ကွက်များ၊ အနီးရှိကျေးရွာများအားလက်နက်ကြီးများဖြင့်လာ်း နေ့စဥ်ပစ်ခတ်နေသည်။ ၄င်းလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရသူများလည်း အမြဲရှိနေသည်။ ၄င်းအကြမ်းဖက်မှုများအား တော်လှန်ရေးအင်အားစုများ အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသို့ လေးစားစွာတင်ပြအပ်ပါသည်။

ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
အမျိုးသားညီညွတ်ရေးအစိုးရ
👍3514👏4