အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
SPECIAL OPERATION FORCE - S.O.F ၏
(အထူးစစ်ဆင်ရေးသင်တန်း လက်တွေ့ပစ်ခတ်မှုလေ့ကျင့်ခြင်း) "Livefire" (အပိုင်း - ၂) ဖြစ်ပါသည်။

(S.O.F တပ်ဖွဲ့၏ နေ့စဥ်လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံ/ဗွီဒီယိုနှင့် မှတ်တမ်းများအား

S.O.F Telegram channel 👇
https://t.me/aungsanshar
https://t.me/sof220211

S.O.F youtube channel 👇
https://youtube.com/@-s.o.f

S.O.F facebook page 👇
https://www.facebook.com/profile.php?id=100084970777184&mibextid=ZbWKwL
တို့တွင် ဝင်ရောက်ကြည့်ရှူရင်း like, share & subscribe လုပ်ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။)

#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
46👍7🥰2
အကြမ်းဖက်စကစလက်အောက်ခံ ပြည်သူ့စစ်များအား ဝင်ရောက်တိုက်ခိုက်၍ လက်နက်များသိမ်းဆည်း
-----------------------------
မေလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။

အကြမ်းဖက်စကစ လက်အောက်ခံ ပျူတပ်ဖွဲ့ဝင်များစုဝေးနေသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ နေအိမ်တစ်အိမ်အား MON - S.O.F ရဲဘော်များမှ (၁.၅.၂၀၂၃) မနေ့ကမနက် ၄း၃၀ နာရီတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ဆိုသူနှင့် အကြမ်းဖက်အဖွဲ့ဝင်များ ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ၄င်းနေအိမ်အား ဆက်လက်ရှာဖွေရာ M16 အမျိုးအစား သေနတ် ၁ လက်၊ M1 အမျိုးအစားရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၀၀ တောင့်၊ ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့သည်။

ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ အကြမ်းဖက်သမား ဖိုးချစ်သည် ရင်းငြိမ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ပေါင်မြို့နယ်အတွင်း CDM နှင့် အပြစ်မဲ့လူငယ်များအား ဖမ်းဆီးခြင်း၊ မတရားနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်း နှင့် တရားမဝင်လောင်းကစားလုပ်ငန်းမျိုးစုံကို အကြမ်းဖက်စကစနှင့်ပူးပေါင်းဆောင်ရွက်နေ​သောကြောင့် #နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် MON - S.O.F မှ ဝင်ရောက်တိုက်ခိုက်နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။

#MON - S.O.F
#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
👍4217👏5
" တိုက်ရင်တိုက်၊ မတိုက်ရင်လေ့ကျင့်
တဆင့်ထက်တဆင့် စွမ်းရည်မြင့်စေရမည်
ကျစ်လစ်ခိုင်မာ ပိုမိုအားကောင်းလာစေရမည်"
-------------------------------
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်း အောင်မြင်စွာပြီး​မြောက်
-------------------------------
မေလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်းအား KNU တပ်မဟာ(၆) နယ်မြေအတွင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပြီးဖြစ်သည်။

အထူးလက်ဖြောင့်မွမ်းမံသင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ MSRF မှ အတွေ့အကြုံရှိထူးချွန်စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍
စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံံ၊ ပုံစံမျိုးစုံကို အချိန်တစ်လကြာသည်အထိ လက်တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ပြီး
တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်​မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#အမျိုးသားညီညွတ်ရေးအစိုးရ

မူရင်းလင့်ခ် 👇
https://m.facebook.com/story.php?story_fbid=209965765179115&id=100084970777184&mibextid=Nif5oz
56👍17