အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
2.81K subscribers
678 photos
70 videos
51 links
information & communication
Download Telegram
သေချာနားထောင်ကြည့်၊ ကတုတ်ကျင်းထဲကနေ"တက်ခဲ့လေကွာ"ဆိုပြီး အပေါ်ကဖင်ကျယ်နေတာလေး😀
😁40👍184🤣1
"S.O.F အမျိုးသမီးရဲမေများ"
--------------------
S.O.F အမျိုးသမီးရဲမေအားလုံးသည် အမျိုးသားရဲဘော်များနည်းတူ အထူးစစ်ဆင်ရေးသင်တန်းကာလတစ်လျှောက် အခက်အခဲအားလုံး အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြသူများဖြစ်သည်။

S.O.F အမျိုးသမီးရဲမေအားလုံးသည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၏ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးအစီအစဥ်များအား ကိုယ်တိုင်ပါဝင်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

S.O.F အမျိုးသမီးရဲမေအားလုံးသည် တပ်ဖွဲ့၏ ဦးဆောင်မှု၊ စစ်ရေး၊ ထောက်/ပို့၊ ထောက်လှမ်းရေး ဂဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်။

S.O.F အမျိုးသမီးရဲမေအားလုံးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ပေါက်သည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

( ၂၀၂၁ နွေဦးတော်လှန်ရေးမှသည် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ပေါက်ရေးအတွက် ဌာနအသီးသီး၊ ကဏ္ဍအသီးသီး၊ အဖွဲ့အသီးသီး၌ တာဝန်ယူကြိုးပမ်းဆောင်ရွက်လျှက်ရှိသော အမျိုးသမီးအားလုံးသို့ လေးစားဂုဏ်ပြုအပ်ပါသည်။)

#အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F
89👍7🔥1
ပြုံးနေတဲ့သူမှာ ငိုခဲ့ရတဲ့ နေ့တွေ ရက်တွေ များခဲ့တယ်။

ပြီးပြည့်စုံတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ခက်ခဲပင်ပန်းမှုတွေအများကြီးဖြတ်ခဲ့ရတယ်။

ကိုယ်ကျိုးတစ်ခုမှ မရှိတဲ့ S.O.F တပ်ဖွဲ့ဝင်တစ်ယောက်စီတိုင်းမှာ ပေးဆပ်ခဲ့ရမှုက ကြီးလွန်းတယ်။

အနာဂတ်မဲ့တဲ့ လူငယ်မိန်းကလေးလို့ထင်ရပေမဲ့ မျှော်လင့်ချက်ပန်းတိုင်ကတော့ ရှိနေဆဲ။

(ဓာတ်ပုံ - S.O.F သင်တန်းနည်းပြ ရဲမေနော်ဖော)
67👍8👏6
SPECIAL OPERATION FORCE
( အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ) ၏
အထူးစစ်ဆင်ရေးသင်တန်း
(လေ့ကျင့်ရေးမှတ်တမ်း အပိုင်း - ၁) ဖြစ်ပါသည်။

(S.O.F တပ်ဖွဲ့၏ နေ့စဥ်လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံ/ဗွီဒီယိုနှင့် မှတ်တမ်းများအား

S.O.F Telegram channel 👇
https://t.me/aungsanshar
https://t.me/sof220211

S.O.F youtube channel 👇
https://youtube.com/@-s.o.f

S.O.F facebook page 👇
https://www.facebook.com/profile.php?id=100084970777184&mibextid=ZbWKwL
တို့တွင် ဝင်ရောက်ကြည့်ရှူရင်း like, share & subscribe လုပ်ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။)

#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#အမျိုးသားညီညွတ်ရေးအစိုးရ
52👍11👏2
ရန်ကုန်မြို့ကို သွားတောလား🏃
ကားမောင်းရင်းနဲ့ လေးကျိုးသွား🚙

သီဟိုစေ့တွေ ဖုတ်လို့စား🥑
စကစ Tayနတ်တွေ ထုတ်လို့ကြွား😁
42😁9👍6🥰2🤣1
ရဲဘော် မောင်နု ပစ်😂😂😂
46😁14🤣9👍1
ပဇီကြီးကျေးရွာမှ အပြစ်မဲ့ဒေသခံ​ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတစ်ဝက်ချအလေးပြုခြင်းနှင့် တစ်မိနစ်ငြိမ်သက်ခြင်း

#S.O.F
81👍6🥰1
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ မြန်မာ့ရိုးရာနှစ်ကူးသင်္ကြန်ကာလ ဒုလ္လဘရဟန်းခံခြင်းအလှူ
======================
ဧပြီလ ၁၉ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန်ကာလတွင် ကျဆုံးခဲ့ရသောရဲဘော်များအားရည်စူး၍ ဒုလ္လဘရဟန်းခံခြင်းအလှူမင်္ဂလာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ( မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၇ ရက် ) နေ့တွင် KNU တပ်မဟာ (၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌  ကျင်းပခဲ့သည်။

ရှေ့တန်း၊ နောက်တန်းနှင့် လုံခြုံရေးစခန်းများရှိ တပ်ဖွဲ့ဝင်ရဲဘော်များမှ ရဟန်း ၃၂ ပါး၊ ရှင်သာမဏေ ၅ ပါး၊ သီလရှင် ၅ ပါး စုစုပေါင်း သာသနာ့အနွယ်ဝင် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင် (၄၂) ပါးအတွက် ပရိက္ခရာရှစ်ပါး၊ ပစ္စည်းလေးပါး၊ ဝတ္ထု၊ နဝကမ္မ၊ ဆွမ်း နှင့် ဝေယာဝစ္စအသုံးစရိတ်များအား
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့်​ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်ရဲဘော်များနှင့် မိဘပြည်သူများ၏ မတည်လှူဒါန်းမှုများဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

အလှူဖြစ်မြောက်အောင် အဘက်ဘက်မှကူညီပေးခဲ့သူ အလှူရှင်များ၊ တပ်ဖွဲ့ဝင်ရဲဘော်များ၊ ရဲဘော်မိသားစုဝင်များနှင့် မိဘပြည်သူများအား S.O.F တပ်ဖွဲ့မှ များစွာကျေးဇူးတင်ရှိပါသည်။ တပ်ဖွဲ့အနေဖြင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသည့်အတိုင်း ကိုးကွယ်ယုံကြည်သည့်ဘာသာအသီးသီး၊ တပ်ဖွဲ့ဝင်အသီးသီး၏ ဘာသာရေးဆောင်ရွက်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် အခါအားလျော်စွာ စီစဥ်ပေးလျှက်ရှိကြောင်းနှင့် ရဟန်းခံအလှူကုသိုလ်အား ထပ်တူရနိုင်ကြပါစေကြောင်း မိဘပြည်သူအားလုံးသို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
53👍8🙏3🥰1😁1