Forwarded from Bo Moe Gyoe
“ယောက်ျားလေးတွေအနေနဲ့ပဲ ဒီတော်လှန်ရေးကို ပြီးမြောက်အောင် လုပ်မသွားနိုင်ဘူး”
………………………
(အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထူးအစီအစဉ်)
ကျွန်မ နာမည်က ရဲမေ နော်ဖောပါ။ ဒီတော်လှန်ရေး မတိုင်ခင်တုန်းကတော့ တက္ကသိုလ် တတိယနှစ် ကျောင်းသူပေါ့နော်။ လက်ရှိ တော်လှန်ရေးမှာ တာဝန်ထမ်းဆောင်နေတာကတော့ SOF တပ်ဖွဲ့ရဲ့ တပ်ခွဲ ၃၊ တပ်ခွဲ အရာခံဗိုလ်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ပူးပေါင်းပါဝင်မှု အခြေအနေကတော့ အများကြီးကို မြင်တွေ့ခဲ့ရတယ်။ ဆန္ဒစပြပီဆိုထဲက မိန်းခလေးတွေပါဝင်မှုက သုံးပုံနှစ်ပုံ ဒါမှမဟုတ် တစ်ဝက်နီးပါး ပါဝင်တယ်လို့ မြင်ရတယ်။ နောက် ဘယ်နေရာတွေမှာ ထပ်ပြီးတော့ တွေ့ရသေးလဲဆိုရင် ထောက်ပံရေးပေါ့နော်။ အစားအသောက်လေးတွေ လှူတာပဲ ဖြစ်ဖြစ် အအေးတိုက်တာပဲဖြစ်ဖြစ် သူတို့နိုင်ရာနိုင်ရာပေါ့နော် အဲ့လိုမျိုးလေးတွေမှာလည်း တွေ့ရတယ်။
နောက် ဒီတော်လှန်ရေးပိုင်းဘက်ကို ရောက်လာတဲ့ချိန်မှာတော့ ကြမ်းတမ်းခက်ခဲတဲ့ ဒီလို လက်နက်ကိုင်ဘက်တွေကို တချို့ဆိုရင် လာချင်တယ်။ ဒါပေမယ့် မိဘအသိုင်းအဝိုင်းဘက်က ပေးမလွှတ်တာတို့ အခြေအနေတွေရှိမယ်။ သူတို့မှာ စိတ်ပါပေမဲ့ မလာခဲ့ရတဲ့ လူတွေ အများကြီးတော့ ရှိတယ်။ တချို့လူတွေကျတော့ ထောက်ပို့အနေနဲ့ သူတို့ နိုင်ရာဘက်ကတွေ ဘာကူညီနိုင်မလဲ။ နောက်ဆုံးမကူညီနိုင်ဘူးဆိုရင် စကားနဲ့ပဲဖြစ်ဖြစ် လိုင်းပေါ်ကနေ ပါဝင်နေတဲ့သူတွေအတွက်ကို ဂုဏ်ယူကြောင်းအားပေးတယ်။ အခုချိန်ထိ သူတို့ပါဝင်ပြီးတော့ လှုပ်ရှားနေကြတာကို တွေ့ရတယ်။
နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကျတော့ တချို့ကျတော့ မိသားစုအသိုင်းအဝိုင်းကြောင့် ပထမ စစချင်း ဆန္ဒပြတုန်းက ဖြိုခွင်းမှုတွေ မရှိခင်တုန်းက အဆင်ပြေတယ်။ နောက်ပိုင်းဖြိုခွင်းမှုတွေဖြစ်လာတဲ့အချိန်ကျတော့ ပေးမလွှတ်တာပေါ့နော်။ အဲ့လိုအခြေအနေတွေကြောင့် ဆန္ဒပြခွင့် မရလိုက်တာပေါ့။ နောက်ပိုင်း ဒီ လက်နက်ကိုင်ဖို့ကျတော့လည်း အမျိုးသမီးတယောက်အနေနဲ့ အခက်အခဲ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ သတင်းပေးတာပဲဖြစ်ဖြစ်၊ သူတို့ ကင်းထောက် လုပ်ပေးတာပဲဖြစ်ဖြစ် အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ပေးတယ်။
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ရှေ့အနာဂတ်မှာဆိုရင် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ပက်သတ်ပြီးတော့ ပြောင်းလဲစေချင်တာကျတော့ အမျိုးသမီးတွေအပေါ် မြင်တဲ့အမြင်လေးတွေ ပြောင်းလဲစေချင်တယ်။ အမျိုးသမီးတွေက အားနည်းတယ်၊ မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးပေါ့နော်။ အဲ့လိုအမြင်လေးတွေကို ပြောင်းလဲစေချင်တယ်။ အမှန်တကယ်တော့ အဓိကတော့ စိတ်နဲ့ဆိုင်တယ်၊ စိတ်ကလုပ်နိုင်တယ်လို့ တွေးရင် လုပ်ကိုလုပ်နိုင်တယ်၊ အားနည်းတာ၊ အားကြီးတာနဲ့တော့မဆိုင်ဘူး။ ယောက်ျားလေးတွေအနေနဲ့ပဲ ဒီတော်လှန်ရေးကို ပြီးမြောက်အောင်လုပ်မသွားနိုင်ဘူး။
ယောက်ျားလေးတွေကျတော့ တိုက်ခိုက်ရေးအပိုင်းမှာပဲ ပိုအားသာတယ်။ ကျန်တဲ့အပိုင်းတွေကျတော့ သူတို့မှာ အားနည်းချက်ရှိတယ်။ အမျိုးသမီးတွေကျတော့ ကျန်တဲ့ Supporting ပိုင်းတွေ၊ ရုံးပိုင်းဆိုင်ရာတွေ၊ ကျန်တဲ့အထောက်အပံ့ပိုင်းတွေကျတော့ အမျိုးသမီးတွေက ပိုအားသာတယ်။ သူတို့က အဲ့အပိုင်းတွေကို ဝင်ပြီး အားဖြည့်လိုက်မယ်ဆိုရင် တော်လှန်ရေးအင်အားက ပိုပြီးတော့ ခိုင်မာပြီးတော့ တောင့်တင်းပြီးတော့ ကျစ်ကျစ်လစ်လစ်ရှိပြီးတော့ ပြီးမြောက်နိုင်တယ်ပေါ့နော်။ အဲ့ဒါကြောင့် အမျိုးသမီးတွေ တကယ်လို့ စိတ်အားထက်သန်ပြီးတော့ ပါဝင်ချင်တယ်ဆိုလို့ရှိရင် သူတို့ကို အားပေးကူညီစေချင်တယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတာပေါ့နော်။ အမျိုးသမီးတွေကို အမှတ်တရစကားပြောချင်တာကတော့ အမျိုးသမီးဖြစ်လို့၊ အားနည်းလို့ အဲ့လိုစိတ်မျိုးကို မထားစေချင်ဘူးပေါ့နော်။ ညီမကိုယ်တိုင်လဲ အရင်ကဆိုရင် တက္ကသိုလ်ကျောင်းသူတယောက်အနေနဲ့ ကြမ်းကြမ်းတမ်းတမ်းတွေ ဘာမှ လုပ်ကိုင်ခဲ့ရတာ မရှိဘူး။ ဒါပေမဲ့ တောထဲကို ရောက်လာတဲ့အချိန်မှာ ကိုယ်လုပ်နိုင်ပါ့မလားလို့ တွေးထားခဲ့ပေမယ့် လုပ်ချင်တဲ့စိတ် အပြည့်အဝရှိတော့ လုပ်ကြည့်တာပေါ့နော်။
သင်တန်းစတက်တဲ့အချိန်မှာ ယောက်ျားလေးတွေနဲ့တန်းတူ Physical training တွေ လျှောက်လုပ်တယ်။ စစချင်းတော့ အားအရမ်းနည်းတယ်။ ယောက်ျားလေးတွေနဲ့ လိုက်မှီဖို့ဆိုရင် ပိုကြိုးစားရတာပေါ့။ အဲ့လိုလေးတွေတော့ရှိတယ်။ ကိုယ်ကိုယ်တိုင်ရဲ့စိတ်ကပဲ အဓိကလို့ထင်တယ်။
ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း supporting ပေးမှုကလည်း တော်တော်လေး အရေးပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ ဘေးကပံ့ပိုးမှုနဲ့ ပေါင်းရင် အဲ့တာက အားအများကြီး ဖြစ်စေတယ်။ တော်လှန်ရေးလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းထဲမှာလည်း မိန်းခလေးတွေ အများကြီး ပါဝင်လာနိုင်တဲ့အခါကျလို့ရှိရင် အင်အားပိုရှိလာပြီး တော်လှန်ရေးကို အင်တိုက်အားတိုက် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်လာနိုင်မယ်လို့ထင်တယ်။
………………
ရဲမေနော်ဖော
တပ်ခွဲအရာခံဗိုလ်
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)

❤54👍2
Forwarded from Bo Moe Gyoe
“မိန်းကလေးတွေက ပိုပြီး စိတ်အားထက်သန်လို့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာနိုင်တာပါ”
~~~~~~~~~~~~
အမျိုးသမီးနဲ့ အမျိုးသားမှာ လူဦးရေ အတိုင်းအဆနဲ့တွက်ရင် အမျိုးသမီးက ပိုများတယ်။ မြန်မာနိုင်ငံ လူဦးရေအရပဲ ကြည့်ကြည့်၊ တကမ္ဘာလုံး အတိုင်းအတာအရပဲ ကြည့်ကြည့်၊ မိန်းကလေးတွေက ပိုများတယ်။
တော်လှန်ရေးကာလမှာ အမျိုးသမီးတွေ အများကြီး ပူးပေါင်းပါဝင်တဲ့အတွက် တကယ် ကျေးဇူးလည်းတင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်။ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ အကုန်လုံးကိုလည်း လေးစားတယ်။
ကလေးဘဝတုန်းက ဆော့တဲ့အချိန်မှာတောင် လက်နက်ကိုင်ပြီး မဆော့ခဲ့ဘူး။ ကြိုးခုန်တာ၊ ဇယ်တောက်တာ မိန်းကလေးဆော့တဲ့ပုံစံမျိုးပဲ ကျနော်တို့ ဆော့ခဲ့ကြတယ်။ သေနတ်ဆိုတာ ဒီတော်လှန်ရေးရောက်မှ မြင်ဘူးတာ၊ ကိုင်ဘူးတာ။ လက်နက်ကိုင်တော်လှန်ရေး စတဲ့အချိန်မှာ မိန်းကလေးတွေဟာ လက်နက်စကိုင်တဲ့အချိန်မှာတောင်မှ ယောက်ျားလေးတွေနဲ့ တန်းတူဖို့ တော်တော်ကြိုးစားခဲ့ရတယ်။
ဒီတော်လှန်ရေးကာလမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ အားလုံးကို လေးစားတယ်။ ချစ်တယ်။ ဆက်ပြီးတော့ အဆုံးအထိ ပါဝင်ဖို့လည်း ပြောချင်တယ်။
အမျိုးသမီးတွေကို ဖိနှိပ်တာ၊ နှိမ့်ချတာ၊ ခွဲခြားဆက်ဆံတာ၊ သူတို့ကို စိတ်အနှောက်အယှက် ဖြစ်စေတာပဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓာအရ သူတို့ မကြိုက်တာတစ်ခုခုကို ဖြစ်ဖြစ်၊ မပြုလုပ်စေချင်ဘူးပေါ့။ သူတို့ကို နှိမ့်ချဆက်ဆံတာတွေ၊ ဖိနှိပ်ဆက်ဆံတာတွေ၊ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ တောင်းဆိုချင်ပါတယ်။
အမျိုးသမီးတိုင်းကို ကိုယ့်အမေလို၊ ညီမလို၊ အစ်မလို စောင့်ရှောက်စေချင်တယ်။
တကယ်တမ်းက မိန်းကလေးတွေက အားနွဲ့တာ မဟုတ်ဘူး။ အားရှိတယ်။ စိတ်အားရှိတယ်။ စိတ်ဓာတ်က ယောက်ျားလေးတွေထက် ပိုပြီးအားသန်လို့ ဒီလက်နက်ကိုင် တော်လှန်ရေးမှာ ယောက်ျားလေးတွေနဲ့ တန်းတူလာနိုင်တယ်။
……….
ရဲမေမနှင်း
ဆေးတပ်စုမှူး

❤59
Forwarded from Bo Moe Gyoe
“စိတ်ဓာတ်ရှိရင် အရာရာကို ကျော်ဖြတ်နိုင်ပါတယ်”
………………………..
ညီမနာမည်က ရဲဘော်ဟနပါ။ ညီမက အခုလက်ရှိ SOF မှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
အာဏာစသိမ်းပြီး ၂ လပိုင်းကတည်းက ဆန္ဒပြကတည်းက အမျိုးသမီးထုကြီးက ထိပ်ဆုံးကနေ ရပ်တည်ခဲ့တယ်ပေါ့နော်။ ဒါက ဒီ ၂၁ ရာစုမှ မဟုတ်ဘူး၊ လွန်ခဲ့သော နှစ် ၃၀ ကျော် ၈၈ အရေးအခင်းမှာလည်း အမျိုးသမီးထုကြီးက ထိပ်ဆုံးကနေပြီး မားမားမတ်မတ်နဲ့ ပါဝင်ခဲ့တာပါပဲ။
ညီမတို့ အမျိုးသမီးတွေမှာ အခက်အခဲဆိုတာတော့ ရှိတယ်။ ဘယ်လိုလဲဆိုတော့ ပထမဦးဆုံးက ညီမတို့ ဖမ်းခံရမယ်ဆိုရင် အမျိုးသမီး အမျိုးသား ၂ ဦး အဖမ်းခံရရင် အမျိုးသားက နှိပ်စက်ခံရသလို၊ အမျိုးသမီးလည်း နှိပ်စက်ခံရမယ်။ ဒါပေမဲ့ အမျိုးသမီးကျတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ပိုပြီးတော့ ခံရနိုင်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ညီမတို့အမျိုးသမီးတွေက ပိုပြီးတော့ နစ်နာတယ်ပေါ့။
ထောင်ကနေပြီး ပြန်လွတ်လာတဲ့အခါမှာလည်း အကူအညီတွေတော့ အများကြီးလိုတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက် ထားတာတွေကို အားပေးကူညီမှုတွေ အများကြီး လိုအပ်ပါတယ်။
ယောက်ျား မိန်းမ မခွဲခြားဘဲ အဖွဲ့ထဲမှာ နေတယ်ဆိုပေမယ့် နေရ ထိုင်ရ အိပ်ရတာကျရင် ညီမတို့တွေမှာ အခက်အခဲလေးတွေ ပိုရှိနိုင်ပါတယ်။ ပြီးတော့ ညီမတို့ အမျိုးသမီးတွေမှာက လစဉ်ကိစ္စတို့လို ဗာရီရပိုများတာတွေ ရှိတယ်။ အဲ့လိုအချိန်ကျရင် တိုက်ခိုက်ရေးတွေ ဘာတွေနဲ့ကြုံတဲ့အခါ အခက်အခဲတွေ ရှိနိုင်တာပေါ့။
ဒါပေမဲ့ စိတ်ထက်ပါပဲ၊ စိတ်ဓာတ်မာပြီး ကြံ့ခိုင်မှုရှိရင်တော့ ဒါလေးတွေက ပမွှားလေးတွေပါ။ ဒီအသေးအမွှားလေးတွေကို ကျော်ဖြတ်နိုင်ရမှာပေါ့။
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့မှာမှ အမျိုးသမီးတွေအတွက် နေ့ထူးနေ့မြတ် နေ့တစ်နေ့ မဟုတ်ပါဘူး။ မွေးဖွားလာကတည်းက၊ လူရယ်လို့ ဖြစ်လာကတည်းက ကိုယ်က အမျိုးသမီးလို့ ခံယူထားရင် ကိုယ့်ရဲ့နေ့စဉ်နေ့တိုင်းက အမျိုးသမီးနေ့ပဲလို့ သိစေချင်ပါတယ်။ အဲ့ဒီအတွက် အမျိုးသမီးတွေအနေနဲ့က စိတ်ဓာတ်ကို ကြံ့ခိုင်အောင်နေရမယ်။ စိတ်ဓာတ်ရှိရင် အရာရာကို ကျော်ဖြတ်နိုင်ပါတယ်။ ကိုယ်က အမျိုးသမီး ဖြစ်တယ်ဆိုပြီး အားငယ်စရာ မလိုဘူး။ အမျိုးသားတွေနဲ့တန်းတူ ကိုယ်ဘာတွေ လုပ်နိုင်လဲ။ အမျိုးသားတွေတောင် မလုပ်နိုင်တဲ့အလုပ်တွေကို ကိုယ်တွေ အမျိုးသမီးတွေက လုပ်နိုင်နေတယ်ဆိုတာကိုလည်း တွေးထားရမယ်။
…….
ရဲဘော်ဟန
ဆေးတပ်သား

❤59👍2
S.O.F တပ်ခွဲအရာခံဗိုလ် ရဲမေနော်ဖော၏ "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့" ဂုဏ်ပြုအမှတ်တရစကား
( ရုပ်သံအား media များ ပြန်လည်ကူးယူဖော်ပြနိုင်ပါသည်)

❤46
နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် စကစ ရဲစခန်းအား ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း
-------------------------------
မတ်လ ၁၁ ရက်၊ ၂၀၂၃
ယနေ့ မွန်းလွဲ ၁း၃၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ စကစလက်အောက်ခံ ရင်းငြိမ် ရဲစခန်းအား S.O.F ဒရုန်းတပ်ဖွဲ့မှ ဗုံးသီး နှစ်လုံးဖြင့် တိတိကျကျ ဗုံးကျဲတိုက်ခိုက်နိုင်ခဲ့သည်။
ရန်သူရဲစခန်းမှ ထိခိုက်သေဆုံးမှူရှိကြောင်း၊ စစ်ကောင်စီ စစ်ကားလေးစီး သထုံဘက်မှဆင်းလာပြီး အရေးပေါ်လူနာတင်ယာဥ်နှင့် ဝင်ရောက်သယ်ဆောင်သွားသည့်အတွက် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အနေဖြင့် နွေဦးတော်လှန်ရေးအောင်မြင်ပြီးဆုံးသည်အထိ မြို့ပြစစ်ဆင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူသို့လေးစားစွာ အသိပေးဖော်ပြအပ်ပါသည်။
(S.O.F တပ်ဖွဲ့၏ နေ့စဥ်လှူပ်ရှားဆောင်ရွက်မှု ဓာတ်ပုံ/ဗွီဒီယိုနှင့် မှတ်တမ်းများအား
S.O.F Telegram channel 👇
https://t.me/aungsanshar
https://t.me/sof220211
S.O.F youtube channel 👇
https://youtube.com/@-s.o.f
S.O.F facebook page 👇
https://www.facebook.com/profile.php?id=100084970777184&mibextid=ZbWKwL တို့တွင် ဝင်ရောက်ကြည့်ရှူရင်း like, share & subscribe လုပ်ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။)
#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#အမျိုးသားညီညွတ်ရေးအစိုးရ

Telegram
Aung San Shar
communication
❤48👏6👍4
"အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း" ( S.O.F Review)
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ အထူးတိုက်ခိုက်ရေးနှင့်ချေမှူန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်သည်။ တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
တပ်ဖွဲ့ကို တပ်မဟာ ၆၊ တပ်ရင်း ၁၈ နယ်မြေထဲမှာ စတင်လေ့ကျင့်သင်ကြားထားတဲ့ အပတ်စဥ်(၁) မှ အထူးကွန်မန်ဒို နဲ့ အထူးလက်ဖြောင့်တပ်သား (sniper) ၄၄ ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပထမဆုံးအထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင်အား ၁၇၀ ဦးဖြစ်သည်။ ဆက်လက်ပြီး အထူးစစ်ဆင်ရေးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုပဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိသည်။
လေ့ကျင့်သင်ကြားပြီးသော တပ်ဖွဲ့ဝင်များကို ပြည်သူ့ခုခံတော်လှန်စစ်စတင်သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ မှစ၍ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ တနင်္သါရီ စစ်ဒေသခွဲအသီးသီး၌ မြို့ပြစစ်ဆင်ရေး ( ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေး) နှင့် ကျေးလက်စစ်ဆင်ရေးတာဝန်များကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။
မြို့ပြစစ်ဆင်ရေးလုပ်ငန်းများကို တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနှင့် တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံ၏ ညွှန်ကြားချက်များအတိုင်း S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံများ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှူများဖြင့် missions များကိုဆောင်ရွက်သည်။ ကျေးလက်စစ်ဆင်ရေးအနေဖြင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ S.O.F စစ်ကြောင်းအနေဖြင့် သီးခြားဆောင်ရွက်မှုရှိသလို အခြားသောစစ်ကြောင်းများနှင့်လည်း လိုအပ်သလိုပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ သတင်းအချက်အလက်နှင့် ထောက်ပို့ကိစ္စများအား S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက် စီစဥ်ဆောင်ရွက်ရသလို တောင်ပိုင်းစစ်ဒေသ၏ သက်ဆိုင်ရာဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရသည်။
SPECIAL OPERATION FORCE (S.O.F) အနေဖြင့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ တိုက်ရိုက်ညွှန်ကြားချက်များအတိုင်း S.O.F တပ်ဖွဲ့ရုံး (တပ်ဖွဲ့မှူး) ၏ ဦးဆောင်မှုဖြင့် ကျရာ/နိုင်ရာ တာဝန်များကို ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း နှင့် တပ်ဖွဲ့နှင့်သက်ဆိုင်သည့် ဆောင်ရွက်လျက်များနှင့် သတင်းအချက်အလက်များအား (review) ထပ်မံဖော်ပြပေးသွားမည်ဖြစ်ကြောင်း ပြည်သူသို့ လေးစားစွာ တင်ပြအစီရင်ခံအပ်ပါသည်။
https://www.facebook.com/အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF-107645928731880/
#အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)
#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
#အမျိုးသားညီညွတ်ရေးအစိုးရ
(မှတ်ချက်။ S.O.F page မှ review အဖြစ်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
#AungSanShar
#S.O.F Review

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍52❤6👏2
မွန်ပြည်နယ် ဇင်းကျိုက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရှင်းလင်း
----------------------------------------
မတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။
နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ် ဇင်းကျိုက်မြို့ပေါ် ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး (ခေါ်) စတီးဆိုသူအား ယနေ့မွန်းလွဲ ၁၂း၁၅ နာရီတွင် ရှင်းလင်းခဲ့သည်။
ကျော်စိုးမိုး (ခေါ်) စတီးဆိုသူသည် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲများနှင့်အတူပူးပေါင်း၍ လောင်းကစားဝိုင်းများ၊ ချဲထီ၊ ဖဲဝိုင်း၊ ကြက်ဝိုင်းများ ဦးဆောင်စီစဥ်၍ စက်ကြေးကောက်ကာ တရားမဝင်လုပ်ငန်းများဆောင်ရွက်နေသူဖြစ်သည်။
တရားမဝင် အရက်ဆိုင် နှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးနေသူဖြစ်သည်။
PDF များ၊ CDM များအား လိုက်လံဖော်ထုတ်၍ စစ်ကောင်စီနှင့်ပူးပေါင်းကာ သတင်းပေးခြင်း၊ အကြမ်းဖက်ဖမ်းဆီးထောင်ချခြင်း၊ မိသားစုဝင်များအား မတရားဖမ်းဆီး၍ ငွေကြေးအများအပြားတောင်းခံခြင်း၊ ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်နေသူဖြစ်သည်။
ဇင်းကျိုက်မြို့ ဥတ္တတားရွာတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး အဖြစ်မည်သူမှ မလုပ်လို၍ "သတ္တိရှိတဲ့ကောင်လာစမ်း၊ ဥတ္တတားရွာကို ငါကိုယ်တိုင်အုပ်ချုပ်ရေးမှူးလုပ်ပြမယ် " ဟု ကြုံးဝါးကာ PDF များအားစိန်ခေါ်နေသူဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဒေသခံပြည်သူများ အကြမ်းဖက်ခံရမှုများ၊ နစ်နာမှုများ အလွန်များလာ
သည့်အတွက် ယ္ခုကဲ့သို့ ရှင်းလင်းလိုက်ရခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက် သမား စတီးအား "Double Zip Drill" ဖြင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဆီးခုံတို့အား ရှစ်ချက်ပစ်ခတ်ခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီးစီရင်ခဲ့သည်။
"မွန်ပြည်နယ်ကြီး စစ်ကောင်စီ၏ မတရားဖိနှိပ်
အုပ်ချုပ်မှုဒဏ်မှ အမြန်ဆုံးကင်းဝေးရပါစေမည်ဖြစ်ကြောင်း ပြည်သူသို့ ထပ်လောင်းပြောပါရစေ။"
photo - credit
#ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F

👍42❤15👏8