Sports & News
43.2K subscribers
353 photos
55 links
ကြော်ငြာကိတ်စဆက်သွယ်ရန် @doepyarr
ဘောလုံးသတင်းများ အချိန်နှင့်တပြေးညီတင်ဆက်ပေးသည်
Download Telegram
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က PSG အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ယခုပွဲစဉ်တွင် ပထမအကျော့ကလို ကံမကောင်းခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့တွင် PSG အသင်းကို အဝေးကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရသောကြောင့် အိမ်ကွင်းတွင် ကစားခဲ့သည့် ဒုတိယအကျော့ပွဲစဉ်၌ သရေကစားရုံဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

သို့သော် လီဗာပူးလ်အသင်းသည် မတ်လ (၁၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အိမ်ကွင်း၌ PSG အသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

နှစ်ကျော့ပေါင်း (၁-၁) ဂိုးဖြင့် သရေကျနေခဲ့သည့်အတွက် အချိန်ပိုဆက်ကစားခဲ့သော်လည်း အနိုင်အရှုံးမပေါ်သေးသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ PSG အသင်းက (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲအပြီးတွင် လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ''အမှတ်ပေးဇယားမှာ အဆင့်(၁)ရပြီးမှ PSG အသင်းနဲ့ ဒီအဆင့်ဆုံတွေ့ရတာ မတရားပါဘူး။ ဒါပေမဲ့ ဘောလုံးမှာ ဒီလိုမျိုးပါပဲ။ ဒီပွဲကို စောင့်ကြည့်ကြတဲ့ ကမ္ဘာအနှံ့ကလူတွေ ကျေနပ်ကြမှာပါ။ ဂိုးရလဒ်တွေက ကျဉ်းမြောင်းပြီး ဒီလိုပွဲမျိုးမှာ အနိုင်ရဖို့ ကံကောင်းဖို့ လိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ကံကောင်းခဲ့ပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆလော့က PSG အသင်းနှင့်ကစားခဲ့သည့်ပွဲမှာ ၎င်း၏နည်းပြဘဝတွင် အကောင်းဆုံးပွဲဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဆလော့က ''ကျွန်တော့်ဘဝမှာ အကောင်းဆုံးပွဲတစ်ပွဲပါပဲ။ ကျွန်တော်တို့ကစားတာ ပြီးခဲ့တဲ့အပတ်ကနဲ့စာရင် အရမ်းကောင်းပါတယ်။ ပထမပိုင်း မိနစ် (၂၀)၊ (၂၅) မိနစ်လောက်မှာ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ PSG က ဂိုးစရသွားတယ်။ ဂိုးမသွင်းနိုင်တာကလွဲပြီး ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ မိနစ်(၉၀)အတွင်း ကျွန်တော်တို့ သရေရခဲ့သင့်တာပါ။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။
3👍2
မန်ယူအသင်း၏ဂန္ထဝင်နည်းပြဖြစ်သူ ဖာဂူဆန်က ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့သည့် ပေါင် (၂) ဘီလီယံတန်ကွင်းသစ် တည်ဆောက်မည့် အသင်း၏အစီအစဉ်မှာ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် မတ်လ (၁၁) ရက်တွင် ပေါင် (၂)ဘီလီယံအကုန်အကျခံပြီး တည်ဆောက်မည့် ကွင်းသစ်စီမံကိန်းကို အတည်ပြုခဲ့ပြီး ကွင်းသစ်၏ပုံစံဒီဇိုင်းကိုပါ ပြသခဲ့သည်။

မန်ယူအသင်း၏ကွင်းသစ်တွင် Tower (မျှော်စင်)သုံးခု ပါဝင်မည်ဖြစ်ပြီး ယင်းမှာ အသင်းအမှတ်တံဆိပ်ဖြစ်သည့် သရဲကိုင်ထားသည့် မှိန်းကို ပုံဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကွင်းသစ်၏ကွင်းသစ်တွင် မှန်နှင့် စတီးလ်ကိုအသုံးပြုထားသည့် ထီးပုံစံမျက်နှာကြက်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကွင်းသစ်သာ တည်ဆောက်ပြီးစီးခဲ့ပါက အင်္ဂလန်တွင် အကြီးဆုံးနှင့် အကောင်းဆုံးကွင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ကွင်းသစ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းနားတွင် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါကွင်းသစ်နှင့် ပတ်သက်၍ ပရိသတ်များအကြား ဝေဖန်မှုများ ရှိနေသလို၊ ထောက်ခံမှုများလည်း ရှိနေသည်။

ယခုအခါ မန်ယူဂန္ထဝင် နည်းပြ ဖာဂူဆန်က ကွင်းသစ်စီမံကိန်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ဖာဂူဆန်က ''မန်ယူအသင်းအနေနဲ့ အရာတိုင်းမှာ အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားနေသင့်ပါတယ်။ ကွင်းတွင်းမှာရော ကွင်းပြင်မှာရောပေါ့။ အဲဒီထဲမှာ ကျွန်တော်တို့ ကစားနေတဲ့ ဘောလုံးကွင်းလည်း ပါပါတယ်။ အိုးလ်ထရက်ဖို့ဒ်က ကျွန်တော့်အတွက်တော့ အရမ်းကောင်းတဲ့ အမှတ်ရစရာတွေနဲ့ ပြည့်နေတဲ့ နေရာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အခုအခွင့်အရေးကို ဖမ်းဆုပ်ပြီး ကွင်းသစ်တည်ဆောက်ဖို့ သတ္တိရှိရပါမယ်။ ဒါက အနာဂတ်အတွက်ဖြစ်ပြီး ကွင်းသစ်မှာ သမိုင်းသစ် ထပ်ရေးနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

မန်ယူအသင်း၏ကွင်းသစ်ကို ဗြိတိန်နာမည်ကျော်ဗိသုကာ နော်မန်ဖော်စကာ ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး (၅)နှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
👍53
လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် PSG အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိ်မ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ကွင်းအတွင်း မျက်ရည်ကျခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ပထမအကျော့တွင် အဝေးကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အင်္ဂါနေ့က ကစားခဲ့သည့် ဒုတိယအကျော့တွင် အိမ်ကွင်း၌ (၀-၁) ဂိုးဖြင့် ပြန်လည်ရှုံးနိ်မ့်ခဲ့သည်။

နှစ်ကျော့ပေါင်း (၁-၁) ဂိုးဖြင့် သရေကျနေသည့်အတွက် အချိန်ပိုဆက်ကစားခဲ့သော်လည်း ဂိုးမသွင်းနိုင်သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ PSG အသင်းက ဂိုးသမား ဒွန်နာရမ်မာ၏လက်စွမ်းပြမှုကြောင့် (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ဆာလာသည် ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကွင်းအတွင်းတွင် မျက်ရည်ကျခဲ့ခြင်းဖြစ်သည်။

ဆာလာ (၃၂ နှစ်)သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ အဆင်မပြေသေးကြောင်း သိရသည်။

ထို့ကြောင့် PSG အသင်းနှင့်ကစားခဲ့သည့်ပွဲမှာ ဆာလာအတွက် လီဗာပူးလ်အသင်းနှင့်အတူ ကစားသည့် နောက်ဆုံးချန်ပီယံလိဂ်ပွဲ ဖြစ်ဖွယ်ရှိနေကြောင်းလည်း သိရသည်။

ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် အဓိကခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၄၂) ပွဲတွင် (၃၂) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂၂) ကြိမ်အထိ ပြုလုပ်ထားသည်။
👍63👏1
Sports & News pinned Deleted message
နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနိုဂီမာရေ့စ်က လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းကို အနိုင်ယူပြီး သမိုင်းသစ်ရေးထိုးသွားမည်ဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းသည် မတ်လ(၁၆)ရက်(တနင်္ဂနွေနေ့)တွင် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် ဝင်ဘလေကွင်း၌ လီဗာပူးလ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

နယူးကာဆယ်အသင်းသည် ၁၉၅၄-၅၅ ရာသီတွင် FA ဖလား ရယူပြီးနောက် ပြည်တွင်းဆုဖလားများကို ရယူနိုင်ခြင်းမရှိသည်မှာ နှစ်ပေါင်း (၇၀) ကြာမြင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် နယူးကာဆယ်အသင်းသည် အသင်းသမိုင်းတစ်လျှောက် လိဂ်ဖလားပြိုင်ပွဲ၌ ဗိုလ်စွဲဖူးခြင်းမရှိသေးရာ နယူးကာဆယ်ကစားသမားများသည် လိဂ်ဖလားကို ရယူရန်ဆန္ဒပြင်းပြနေကြသည်။

နယူးကာဆယ်အသင်းသည် ယခုရာသီမတိုင်မီလိဂ်ဖလား ဗိုလ်လုပွဲသို့ ၁၉၇၅-၇၆ ရာသီနှင့် ၂၀၂၂-၂၃ ရာသီများတွင် (၂) ကြိမ် တက်ရောက်ဖူးသော်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဂီမာရေ့စ်က "ကျွန်တော်တို့အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ဗိုလ်လုပွဲမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ လိဂ်ဖလားဗိုလ်လုပွဲက ကျွန်တော်တို့အတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲလိုဖြစ်ပြီး အရာအားလုံးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအသင်းအတွက်သမိုင်းသစ်ရေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ အသင်းပရိသတ်တွေလည်း ဖလားမမြင်ဖူးတာကြာပါပြီ။ ကျွန်တော်တု့ိအနေနဲ့ ဘယ်အသင်းမဆို အနိုင်ယူနိုင် စွမ်းရှိပါတယ်"ဟု ပြောကြားခဲ့သည်။
12👍4
ဥရောပထိပ်တန်းအသင်းများ ၏စိတ်ဝင်စားခြင်းခံနေရသည့် စပို့ တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်သည် လာမည့်နွေတွင် ပြောင်းရွှေ့လိုသည့် ပရီးမီးယားလိဂ်(၃)သင်း ရှိနေပြီး ယင်းထဲတွင် ၎င်းကိုခေါ်ယူလိုသည့် မန်ယူအသင်း မပါဝင်ကြောင်း သတင်းထွက်နေသည်။

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယိုကယ်ရက်စ်(၂၆ နှစ်)သည် ဘရိုက်တန်၊ ဆွမ်ဆီး၊ ကိုဗင်ထရီတို့တွင် ကစားဖူးပြီး ယခုအခါ အင်္ဂလန်သို့ ပြန်လာရန် ဆန္ဒရှိနေကြောင်း သိရသည်။

ယိုကယ်ရက်စ်သည် ၂၀၂၃ နွေတွင် စပို့တင်းလစ္စဘွန်းသို့ ရောက်ရှိလာခဲ့ ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၉၀) တွင် (၈၂) ဂိုးထိ သွင်းယူထားသည်။

၎င်းရရှိခဲ့သည့် သွင်းဂိုးအများစုမှာ လက်ရှိမန်ယူနည်းပြ အာမိုရင်မ်နှင့် လက်တွဲခဲ့စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်းနည်းပြ အာမိုရင်မ်သည် ယိုကယ်ရက်စ်နှင့် မန်ယူအသင်းတွင် လက်တွဲရန်ဆန္ဒ ရှိနေသော်လည်း ကစားသမားကမူ မန်ယူအသင်းသို့ ပြောင်းရွှေ့လိုခြင်း မရှိကြောင်း သိရသည်။

ယခုအခါ ပေါ်တူဂီသတင်းစာ A Bola က ယိုကယ်ရက်စ်အနေဖြင့် လီဗာပူးလ်၊ မန်စီးတီး နှင့် အာဆင်နယ်ထဲမှ တစ်သင်းသင်းသို့သာ ပြောင်းရွှေ့လိုနေကြောင်းဖော် ပြခဲ့သည်။

စပို့တင်းလစ္စဘွန်းအသင်းသည် လာမည့်နွေတွင် ၎င်းကို ယူရိုသန်း (၇၀)ဖြင့် ရောင်းဖွယ်ရှိကြောင်းလည်း A Bola က ဖော်ပြခဲ့သည်။
10👍1
အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ဘိုင်ယန်မြူးနစ်အသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များမှာ ခက်ခဲမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် မတ်လ (၁၁)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် နယ်သာလန်ကလပ် ဖီယင်နုအသင်းကို အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

အင်တာမီလန်အသင်းသည် ပထမအကျော့ကလည်း ဖီယင်နုအသင်းကို အဝေးကွင်းတွင် (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ရာ နှစ်ကျော့ပေါင်း (၄-၁)ဂိုးဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် ကွာတားဖိုင်နယ်တွင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း အင်တာမီလန် အသင်းကဲ့သို့ပင် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်း အဆင့်တွင် တစ်နိုင်ငံတည်းသား ပြိုင်ဘက် လေဗာကူဆင်အသင်းအား နှစ်ကျော့စလုံးအနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အင်တာမီလန်နည်းပြ အင်ဇာဂီသည် လာဇီယိုအသင်းကို ကိုင်တွယ်စဉ်ကတည်းကလည်း ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ဖူးသလို၊ အင်တာမီလန်ကို ကိုင်တွယ်ရာတွင်လည်း ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ခဲ့ဖူးကြောင်း သိရှိရသည်။

ထို့ကြောင့် အင်ဇာဂီက ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ကျော့စလုံးမှာ ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

အင်ဇာဂီက "ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်တွေက ခက်ခဲမှာပါ။ ဘိုင်ယန်မြူးနစ်အသင်းကို အင်တာမီလန်အသင်းနဲ့ရော၊ လာဇီယိုအသင်းနဲ့ပါ ကျွန်တော် ရင်ဆိုင်ခဲ့ဖူး ပါတယ်။ ဘိုင်ယန်မြူးနစ်က အရမ်းကိုတောင့်တင်းပါတယ်။ ကျွန်တော်တို့ကတော့ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်တဲ့အခါမှာလည်း အခုကစားတဲ့ပုံစံအတိုင်းပဲ ကစားသွားမှာဖြစ်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ဧပြီ (၈/၉)ရက်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်း၌ ကစားရမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်အဖြစ် ဧပြီ (၁၅/၁၆) ရက်တွင် အိမ်ကွင်း၌ ကစားရမည် ဖြစ်ကြောင်း သိရသည်။
61👍12🎉4🔥3👏3👎2💔1
Messages in this channel will be automatically deleted after 1 month
Messages in this channel will be automatically deleted after 1 week
Messages in this channel will be automatically deleted after 1 day
❝ရွှေဆင်မောင်းမန်ဘာဝင်တိုင်းဖရီး 5,000 ရရှိမယ့်အစီအစဉ်❞ 🎁
ရွှေဆင်မောင်း365ရဲ့ လစဉ်ဖရီးယူနစ်သိန်း(1,00)အစီအစဉ်မှာပါဝင်ဖို့အတွက်
မင်မင်တို့ရဲ့ ယခုပို့စ်အောက်မှာ

●မိမိရဲ့ ရွှေဆင်မောင်း365 အကောင့်နံပတ်ကိုမန့်ပေးရပါမယ်ရှင့်၊၊
●ရွှေဆင်မောင်း365ဖေ့ဘုတ်စ်ပေ့စ်မှာတင်ထားသောပို့စ်ကိုရှယ်ပေးရပါမယ်ရှင့်၊၊
●ရွှေဆင်မောင်း365 တယ်လီဂရမ်Botမှာ ရှယ်ပေးပြီးမန့်ထားသောပုံကိုပို့ပေးရပါမယ်ရှင့်၊၊

ယူဆာနံပတ်မန့်ထားသောမန်ဘာဝင်များကို ဒီဇင်ဘာလ (30)ရက်နေ့ နေ့လည် (12)နာရီမှစပြီးယူနစ်များကိုအစဉ်လိုက်ဖြည့်သွင်းပေးသွားမှာဖြစ်ပါတယ်ရှင့်၊၊

●ရှယ်ပေးရမည့် ဖေ့ဘုတ်စ်ပို့စ်လင့်ခ်
https://www.facebook.com/share/p/1XkXWrXhe4/

●ရှယ်ပေးပြီးမန့်ထားသောပုံကိုပို့ပေးရမည့်Bot လင့်ခ်
https://t.me/shwesinbot

⚽️ဘောလုံး အကောင့်ဖွင့်ကစားရန် 💎

🌐𝘃𝗶𝗯𝗲𝗿 ~ 09686876918
🌐𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 ~ @Shwesinmaung
Please open Telegram to view this post
VIEW IN TELEGRAM
1
■ ပရီးမီးယားလိဂ် ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

◘ စပါး - ဘရိုက်တန် (ည ၁၁း၀၀ နာရီ)

စပါးအသင်းနည်းပြသစ် ဒစ်ဇယ်ဘီကတော့ ပွဲဦးထွက်အရှုံးနဲ့ စတင်လိုက်ရတယ်။ ဒစ်ဇယ်ဘီအဖို့ အခြေအနေပိုဆိုးသွားပြီး လက်ကျန်ခြောက်ပွဲက
အဆုံးစွန်အထိ အရေးကြီးသွားပြီ။ ဘရိုက်တန်အသင်းကတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေသေးတယ်။ ချောက်ကမ်းပါးနား ရောက်
နေတဲ့ စပါးကိုပဲ ရွေးချယ်ချင်တယ်။

◘ ချယ်လ်ဆီး - မန်ယူနိုက်တက် (ဧပြီလ ၁၉ ရက် နံနက် ၁း၃၀ နာရီ)

ချယ်လ်ဆီးရဲ့စတမ်းဖို့ဒ်ဘရစ်မှာ မန်ယူနိုက်တက်အသင်း နောက်ဆုံးအနိုင်ရခဲ့တာ ၂၀၁၉-၂၀ ရာသီကပါ။ မန်ယူနိုက်တက်အသင်း အမှတ်ပေး
ဇယားမှာ တတိယနေရာမှာပဲ ဆက်ရှိနေပေမဲ့ နောက်ဆုံးလေးပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့တယ်။ ဒါကြောင့် တတိယနေရာအတွက် ပြန်စိုးရိမ်လာ
ရတဲ့ အခြေအနေရောက်နေပြီ။ ချယ်လ်ဆီးကလည်း ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အရေးနိမ့်တဲ့အပြင် သွင်းဂိုးပါ ပျောက်ဆုံးနေတယ်။
စတမ်းဖို့ဒ်ဘရစ်မှာ သရေနဲ့ပဲ အဆုံးသတ်ဖို့များတယ်။

◘ အခြားပွဲစဉ်များ

ဘရန့်ဖို့ဒ် - ဖူလ်ဟမ်*
*လိဒ်စ် - ဝုလ်ဗ်
*နယူးကာဆယ် - ဘုန်းမောက်

Photos: Teams' Facebook
2
■ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

◘ အက်သလက်တီကို - ဆိုစီဒက် (ဧပြီလ ၁၉ ရက် နံနက် ၁း၃၀ နာရီ)

စပိန်ဘုရင့်ဖလားမှာ ချန်ပီယံဖြစ်ဖူးတဲ့အသင်းတွေဖြစ်ပြီး အက်သလက်တီကိုက ၁၀ ကြိမ်၊ ဆိုစီဒက်က ၃ ကြိမ် ဗိုလ်စွဲခဲ့ပါတယ်။ အက်သလက်
တီကိုအသင်းက ၂၀၁၂-၁၃ ရာသီနဲ့ ဆိုစီဒက်အသင်းက ၂၀၁၉-၂၀ ရာသီတွေမှာ နောက်ဆုံး ချန်ပီယံဖြစ်ထားခဲ့တယ်။ ဗိုလ်လုပွဲလမ်းကြောင်းမှာ
ဘက်တစ်၊ ဘာစီလိုနာအသင်းတွေကို ကျော်ဖြတ်ခဲ့ရတဲ့ အက်သလက်တီကိုအသင်းက ဆိုစီဒက်ထက် လမ်းကြောင်းပိုကျပ်ခဲ့တယ်။ ထိပ်တိုက်
တွေ့ဆုံမှုမှာလည်း ၂၀၂၁-၂၂ ရာသီ ဘုရင့်ဖလား ၁၆ သင်းအဆင့်မှာ ဆိုစီဒက် နောက်ဆုံးအနိုင်ရပြီးနောက် အက်သလက်တီကိုအသင်းကို
အနိုင်မရတော့ဘူး။ ဒီကာလအတွင်း လာလီဂါတွေ့ဆုံမှု ကိုးကြိမ်မှာ အက်သလက်တီကိုအသင်းက ခြောက်ပွဲအထိ အနိုင်ရပြီး သုံးပွဲ
သရေကျခဲ့တယ်။ အစဉ်အလာနဲ့ ခြေစွမ်းအရလည်း အက်သလက်တီကိုပဲ ဗိုလ်စွဲလိမ့်မယ်ထင်တယ်။

Photos: Teams' Facebook, RFEF
3
■ စီးရီးအေ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

◘ နာပိုလီ - လာဇီယို (ည ၁၀း၃၀ နာရီ)

နာပိုလီအသင်း ငါးပွဲဆက် အနိုင်ရပြီးမှ ပါးမားနဲ့ သရေသွားကျခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ပူပန်မှု သိပ်မရှိတော့တာလည်း
ဖြစ်နိုင်တယ်။ လာဇီယိုကလည်း အမှတ်မလိုတဲ့အသင်းပါ။ နာပိုလီ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

◘ ရိုးမား - အတ္တလန်တာ (ဧပြီလ ၁၉ ရက် နံနက် ၁း၁၅ နာရီ)

အမှတ်ပေးဇယား အဆင့် ၆ နဲ့ ၇ နေရာတွေမှာ ရပ်တည်နေကြတဲ့အသင်းတွေဖြစ်ပြီး အတ္တလန်တာက ဒီပွဲနိုင်မှ ချန်ပီယံလိဂ်ဝင်ခွင့် ဆက်
မျှော်မှန်းနိုင်မယ်။ အတ္တလန်တာက ရိုးမားကို နောက်ဆုံးလေးပွဲဆက် အနိုင်ရပြီး ၂၀၂၁-၂၂ ရာသီကတည်းက ရှုံးပွဲမရှိတော့ဘူး။ အဝေး
ကွင်းဖြစ်ပေမဲ့ အတ္တလန်တာ အမှတ်ရလိမ့်မယ်။

◘ အခြားပွဲစဉ်များ

အူဒီးနီးစ် - ပါးမား*

Photos: Teams' Facebook
5