Snow Queen🇲🇲🇲🇲🇲🇲
71.5K subscribers
65.4K photos
7.41K videos
2 files
6.74K links
သတင်းစုံတွေဖတ်ရှုနိုင်ဖို့ #SQ🇲🇲ကို Joinထားကြပါစို့။
Download Telegram
April-21

▪️တိုက်ပွဲသတင်း (ကော့ကရိတ်)

ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းအချိန်က ကော့ကရိတ်မြို့နယ်အတွင်းရှိ တပ်မတော်လခရစခန်းအား အကြမ်းဖက် KNU/PDF များက လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး အသက်ပေးလှူခဲ့ရပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KNU/PDF ၃ လောင်း
(၂) လက်နက်မျိုးစုံ ၄ လက်
(၃) ကျည်အိမ်/ခဲယမ်းများ

သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ (ပုံများအား ထပ်မံဖော်ပြပါမည်)
-
တိုက်ပွဲသတင်းစုံ
April-22

မဂ်လာပါ🙏🙏🙏

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

▪️SQ🇲🇲
( တရုတ်က မြောက်သုံးကောင်နဲ့တ၀က်ကိုအမိန့်ပေး)

၁။ မန်းတလေးကနေ မူဆယ်ထိ EAO
     အားလုံးဆုတ်ခွာပေးရမယ်။

၂။ TNLA ကို ထိန်းပေးဖို့ UWSAကို တာ၀န်ပေး
    လိုက်တယ် ကျောက်မဲ ပါဆုတ်ပေးရမယ်။

၃။  လားရှိုး၀န်းကျင် ဖြန့်ခွဲနေရာယူထားတဲ့ PDF
     စစ်ရေးမဖေါ်ဆောင်နိုင်ဖို့  တွေရဲ့လုံခြုံးရေးကို      
     UWSA   နှင့် MMDAA က ပူးတွဲလုံ‌ခြုံးရေး
     ယူပေးရမည်။

၄။ မြန်မာအစိုးရမှ  ကိုယ်ပိုင်အုပ်ချုပ်ရေးရ ၀
    နယ်နှင့် ကိုးကန့်နယ်များကို ညိမ်းချမ်းစွာ အတူ
   ယှဉ်တွဲနေထိုင်နိုင်ရေးနှင့်  ထာ၀ရညိမ်းချမ်းရေး
    အတွက် အာမခံချက်ပေးရမည်။

၅။ လက်နက်ကိုင် ပရိပက်ခ မဖြစ်ရေး ညှိနှိုင်းရေး
    ကော်မတီ အဖြစ် တရုတ်အစိုးရက ကြားနေ
    ဆောင်ရွက်ရန် စောင့်ကြည့်ရေးရုံး လားရှိုးတွင်
    ဖွင့်လှစ်ထားပေးမည်။

၆။ ယာယီလုံခြုံရေးကာလ အဖြစ် UWSAနှင့်
    MMDAA က လားရှိုးအနီး ယာယီတပ်စွဲ
   ထားပေးပြီး အစိုးရတပ်များ နေရာယူပေးပြီး
   ပါက ထွက်ခွာပေးရမည်။

၇။ ယခင် အစိုးရထိန်းချုပ်ထားသော ၀ အုပ်ချုပ်
   ခွင့်ရ မြို့နှစ်မြို့ကို  UWSAထံ အပ်နှံရန်
   တပ်မတော်မှ သဘောတူညီသည်။

၈။ တ၀က် ပဒက် ခွေးဖြစ်

   အတွင်းစည်း နယ်ခံ ၀ဘက်မှ သတင်းရယူ
  တင်ပေးခြင်းဖြစ်ပါတယ်။

ဆေခမ်း
21-4-2025
Forwarded from NP News
Media is too big
VIEW IN TELEGRAM
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်ညအစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက
(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်
ဖုန်း - 09-444681478 (Viber)
Forwarded from Snow Queen🇲🇲 SQ(2)🇲🇲
April-22

▪️လားရှိုးမြို့တွင်းသို့ စစ်တပ်ယာဉ်တန်းများဝင်ရောက်လာ

ဧပြီလ ၊ ၂၂ ရက် ၊ ၂၀၂၅ ခုနှစ်။


ယနေ့ ( ဧပြီ ၊ ၂၂၊၂၀၂၅) နံနက်(၇) နာရီခွဲဝန်းကျင်မှစ၍ လားရှိုးမြို့တွင်းသို့ စစ်တပ်ယာဉ်တန်းများ ဝင်ရောက်လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။

“ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်ကနေဝင်လာတာပါ ၊ တွေ့လိုက်တာကား (၄၀) ကျော်ပြီ ဆက်ဝင်လာနေတုံးပါ ” ဟု ဒေသခံတစ်ဦးကဆို။

▪️VOS
April-22

(ဧပြီ-၂၂၊ ၂ဝ၂၅) ၁ဝ:ဝဝ နာရီ

▪️လားရှိုးမြို့တွင်းသို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ယာဥ်တန်းများ
စတင်ဝင်ရောက်ပြီ

ပထမယာဉ် မြို့တော်ခန်းမရှေ့ရောက်သည့်တိုင် ယာဉ်တန်းဝင်ရောက်မှု မပြီးဆုံးသေး။
.
#HtayOung #OungMarine
.
April-22

▪️နွားထိုးကြီးမြို့ကို တိုက်ခိုက်ရန် စစ်သွေးကြွ အုပ်စုများသည် မြို့ဧရိယာအနီး၌ ယနေ့ နံနက် မှ စတင်ပြီး နေရာယူ လှုပ်ရှားမှု ပြုလုပ်လျက်ရှိနေသည်။


#PeopleMedia
April-22

ဒီနေ့ တွေ့မိတာလေးပါ
ကျွန်းလှနယ် သဖန်းဆိပ်ဆည်အတွင်းက တရားမဝင် ရွှေစက်တွေအကြောင်း People Media က တင်ထားတာတွေ့လို့။မူးမြစ်တလျောက် ရွှေစက်တွေ၊ရေနံမြေဒေသတွေ ကိုထိန်းချုပ်ဖို့ ၊စစ်ကြောင်းမထိုးနိုင်သေးရင်တောင် ဗုံးကြဲဖို့ ၊အကြမ်းဖက်တွေရဲ့ ဝင်ငွေစီးဆင်းရာ အရင်းအမြစ်တွေကို ရပ်တန့်ဖို့လိုတယ်ဆိုတာ အခါ တစ်ထောင်မက တင်ပြပြီးဖြစ်ပါတယ်။

မသိတာလည်းမဟုတ် သိကြတယ်။မရှင်းတော့ ပြည်သူတွေအမြင်မှာ အစုိးရက သူပုန်နဲ့ပေါင်းစားနေသလားဆိုတဲ့ စကားသံတွေထွက်လာတယ်။တွေးရင်လည်း တွေးချင်စရာပဲ။၂၀၂၂ ကတည်းက သတင်းပေးခဲ့ကြတာ ၂၀၂၅ အထိ ပြတ်ပြတ်သားသား ဘာဆိုဘာမှမလုပ်။

ဒီလို အကြမ်းဖက်တွေ ငွေရနေတဲ့ နေရာတွေမှာ ဂိတ်တွေ လုပ်၊ပိုက်ဆံကောက် ပြီးတော့ အကုန်အကျများစွာခံပြီး ကွင်းလမ်းတွေဖောက် စစ်တပ်စိုးမိုးရာမြို့တွေကို ရှောင်ခိုင်းနေတဲ့ နယ်မြေတွေ ဥပမာ အင်းတော် ရှောင်ကွင်းလမ်း၊ခင်ဦး​နယ်အစပ်ကနေ စတဲ့ ပေကြီး ေရှာင်ကွင်းလမ်းလိုမျိုးတွေကို ဘာလို့ မထိန်းချုပ်နိုင်ပါသလဲ။

ချန်နယ်တစ်ခုက ရေးတဲ့ ရွှေဘိုလို တရားဝင် စစ်တပ်ဂိတ်ကတောင် တစ်လ သိန်း ၂သောင်းကျော်ဝင်ရင် ကောက်ချင်သလိုကောက်၊တောင်းချင်သလိုတောင်းနေတဲ့ Pdf တွေ တစ်လ ဘယ်လောက် ဝင်မလဲ စဥ်းစားကြည့်လို့ရပါတယ်။

ထားအုံး ....
အကြမ်းဖက် တွေရဲ့ငွေဝင်တဲ့နေရာတွေကို မတုိ့မထိချင်ရင်တောင် ခု တင်ပြတဲ့နေရာတွေက အကြမ်းဖက်တွေရဲ့ လူ၊လက်နက် ကူးလူး သယ်ဆောင်ရာနေရာတွေဆိုတာ တင်ပြပြီးဖြစ်ပါတယ်။ကန့်ဘလူဒေသ အရှေ့ မလည်တိုက်နယ်က စပြီး တန့်ဆည်နယ် ကံထူးမ၊တောချဥ် ထိုမှ ကလေးဝ ဝင်ပေါက် ကနေ ကျွန်းလှနယ် သဖန်းဆိပ်ဆည် အနောက်ဘက်ဒေသအထိ ထိန်းချုပ်လျှင် မြန်မာပြည် အထက်ပိုင်းနဲ့ အလည်ပိုင်း ကို ထိန်းချုပ်နိုင်တယ်ဆိုတာ တင်ပြခဲ့ပြီးဖြစ်တယ်။

ဖြစ်စဥ်တွေကိုကြည့်ပါ။
ကောလင်းမြို့သိမ်းတိုက်ပွဲ၊ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ၊အင်းတော် မြုိ့သိမ်းတိုက်ပွဲ ၊ဗန်းမော်မြို့တိုက်ပွဲတွေမှာ မြန်မာပြည်အလယ်ပိုင်းက Pdf တွေနဲ့ တိုက်ခဲ့၊တိုက်နေဆဲပါပဲ။သူတို့တွေ ဘယ်လမ်းက သွားခဲ့တာလဲ။အင်အားများစွာ ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ သွားတာတွေ ရွာတွေက ထမင်းချက်ပေးရတာတွေကို ပြည်သူတွေက သတင်းပို့ပါလျှက်နဲ့ ယခုလိုအခြေအနေတွေဖြစ်နေတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

ကန့်ဘလူဒေသ မလည်ကနေ ကျွန်းလှနယ် သဖန်းဆိပ်ဆည်အနောက်ဖက်ဒေသကို မျဥ်းဆွဲလိုက်ပါ။၎င်းဒေသတွေကို အင်အားဖြည့်ပါ။နယ်မြေချဲ့ပါ။ မြန်မာပြည်အလယ်ပိုင်းတိုက်ပွဲတွေလျော့ပြီး အေးချမ်းလာပါလိမ့်မယ်။

▪️ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့
April-22

▪️ခင်ဦးနယ်သတင်း

ရွှေဘိုခရိုင်၊ခင်ဦးနယ် ရှိ ပျဥ်ထောင်ရွာကို အကြမ်းဖက်များမှ Drone များဖြင့် ဗုံးသီးချတိုက်ခိုက်နေ။ယခုအချိန်အထိ တိုက်ခိုက်နေပြီး Droneဖြင့် လာတိုက်ခိုက်နေသည်မှာ ၁၀ ခေါက် ကျော်ပြီဟုသိရ။

https://t.me/addlist/27vnWeEu8OoyYjZl
April-22

▪️မန္တလေး မဟာမြတ်မုနိဘုရားကြီးအတွင်း ရှင်းလင်းကုသိုလ်ပြုနေသော တပ်မတော်သားများ စည်ပင်ဝန်ထမ်းများအား ဆရာတော်သံဃာတော်များမှ တစ်ဦးလျှင် ၅၀၀၀ ကျပ် ချီးမြှင့်ဂုဏ်ပြု


၂၂-၄-၂၀၂၂
Forwarded from Snow Queen🇲🇲 SQ(2)🇲🇲
April-22

▪️ဇီးအောင်ချင်ရင် တက်လာခဲ့။
မြေပြန့်သားတွေရဲ့အစွမ်းပြပေးမယ်။
😉😉😉
April-22

▪️ကမ္ဘာ့ပထမဆုံး "လမ်းလျှောက်ဗုံး" မြန်မာ့တပ်မတော်မှတီထွင်လိုက်ပြီဖြစ်ကြောင်း။
🤔🤔🤔🙄🙄🙄
Media is too big
VIEW IN TELEGRAM
NUG ကို ဘာများမှတ်နေလဲ 😬😬🥴😂
Forwarded from Ko Myo Win (Myo Win)
ကျက်သရေမရှိတဲ့ သတင်း
========================

ပညာရေးဝန်ကြီးဌာနကနေ မီးလောင်သွားတဲ့ ကယား ၊ စစ်ကိုင်း ၊ မန္တလေးတိုင်း က Grate 12 စာမေးပွဲကို ပြန်ဖြေရမယ်လို့ ထုတ်ပြန်လိုက်ပါပြီ ( မြို့နယ်အချို့မှ အပ) ။ ယခင် ကောလဟာလ ကြားနေရစဥ် စာမထွက်သေးပါဘူးလို့ ဆိုပြီး ဘာတခုမှ မရေးခဲ့ပါဘူး ။

ယခုတော့ ရေးရပါလိမ့်မယ် ။ ဒီဆုံးဖြတ်ဟာ ပညာရေးဝန်ကြီးရဲ့ စုတ်ပဲ့ညံ့ဖျင်း အောက်တန်းကျတဲ့ စိတ်ကို ဖော်ကျူးနေတာ မြင်ရလို့ပါပဲ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆိုတာ ဘယ်လောက်ပင်ပန်းကြီးစွာ အားထုတ်ဖြေဆိုရတယ်ဆိုတာ အားလုံးသိကြပါတယ် ။

ကျောင်းသားဆိုမပြောနဲ့ မိဘတွေပါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ငွေဆင်းရဲ အားလုံးကြုံခဲ့ကြရတာ အထူးပြောဖွယ်မလိုပါဘူး ။ မိဘတွေရော ကျောင်းသားတွေကော အားလုံးချွေးပြန်အောင် ကြိုးစားပန်းစား တောင်ထိပ်ရောက်အောင် တက်ခဲ့ပြီးပြီ ။

အောက်ပြန်ရောက်ပြီး အမောဖြေနေမှ နောက်တခေါက်ပြန်တက်ကြရမယ် ဆိုတဲ့ ပညာရေးဝန်ကြီးရဲ့ ယုတ်မာမှုက ကမ်းကုန်သွားပေပြီ ။ ငလျင်ကြောင့် မီးလောင်မှုကြောင့် အဖြေလွှာဆုံးရှုံးသွားတာ ရှောင်လွှဲမရတဲ့ သဘာဝဘေးဒဏ်လေ ။ တာဝန်ရှိရင် လုံခြုံစိတ်ချရတဲ့ ( မီးဘေး ၊ ရေဘေး) နေရာမှာ ထိမ်းသိမ်းမထားတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ တာဝန်ရှိနေတာမျိုးလေ ။

အဖြေလွှာချည်း မီးလောင်ကုန်တယ် ထင်သလားဗျ ။ ကျောင်းသားတွေရဲ့ မှတ်စုတွေကရော မီးမလောင်တော့ဘူးလား ၊ တိုက်ပြိုတဲ့အထဲ ပါမလားတော့ဘူးလား ချီးဘရိန်းတွေ... ။ ကျုပ်လိုကျောင်းသားဆို စာမေးပွဲ ပြီးတာနဲ့ ပိဿာချိန် နဲ့ အကုန်ရောင်းပြီးပြီ ။

အခြားနည်းတွေ အများရှိနေပါလျှက် ပြည်သူတွေ ဆူပူလာနိုင်တဲ့ အညံ့ဆုံးနည်းကို တွေးခေါ်ဆုံးဖြတ်ကြတဲ့ အပေါ်မှာတော့ ညံ့မှန်းတော့သိတယ် အဲသလောက် ကျက်သရေ(ဋုန်း)အောင် ညံ့မှန်းမသိဘူး ။

ဖြေရှင်းနည်းတွေ ပြောထားကြတာ တွေ့ရပါတယ် ။

- မီးလောင်တဲ့ အဖြေလွှာရှင်တွေကို အကုန်အောင်တယ်လုပ်ပြီး တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေခိုင်းတဲ့ ( ဘာထူးမှာလည်းဗျာ) ၊

- အခြားဒေသက ကြိုးစားထားသူတွေ နစ်နာမတဲ့ 😂( အခြားဒေသက ဆေး / အင်ဂျင်နီယာ မှန်းထားကြတဲ့ မိဘတွေ ဝင်ခွင့် ပြိုင်ဘက်များမှာစိုးလို့ ၊ တချို့က မနာလိုလို့ ပြောနေတာလို့ ယူဆမိပါရဲ့) ၊

- တနိုင်ငံလုံး အအောင်ပေးမှ မျှတ မတဲ့ ( အခြားဒေသတွေမှာ ဖြေဆိုထားတဲ့ ကျဖို့များနေသော သူများရဲ့ ဆန္ဒပေါ့ ၊ ပွဲစားလောက စကားသုံးရရင် မဆီမဆိုင် ဒိုက်ဗင်ထိုးတယ်ပေါ့ဗျာ 😁😁)

ဒီပြောဆို အကြံပြုချက်တွေက မှန်သင့်သလောက်တော့မှန်ပါတယ် ။ သို့သော် ထွက်ပေါက်တွေလည်း ရှိပါတယ်ဗျ ။ တွေးမိတာလေး ဥပမာနဲ့ ပြောချင်ပါတယ် ။ အဲဒီတိုင်းတွေက ကျောင်းသားတွေကို အအောင်ပေးလိုက်ပါ ။ ဆေး နဲ့ အင်ဂျင်နီယာ အတွက် မနှစ်က ဝင်ခွင့်ရခဲ့ကြတဲ့ ကျောင်းသားဦးရေအတိုင်း ခွဲတမ်းပေးလိုက်ပါ ။

ဆေး နဲ့ အင်ဂျီနီယာအတွက် ဝင်ခွင့်ဖြေခိုင်းပါ ( ကိုယ့်ကိုကိုယ်သိတဲ့ ကျောင်းသားတွေပဲ ဖြေပါလိမ့်မယ် ၊ ဖြေတဲ့ထဲက အမှတ်အများဆုံးရသူတွေကို စီနီယာအတိုင်း ဖြတ်ချပြီး ခွဲတမ်းအတိုင်းသင်ကြားခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ်)

ကျန်တဲ့ ကျောင်းသားတွေကို ဝါသနာပါရာ တက္ကသိုလ်အသီးသီး ဝင်ခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ် ။ ဒါဆိုရင် အခြားဒေသတွေက ဆေး နဲ့ အင်ဂျီနီယာအတွက် ငွေကုန်ခံ ကြိုးစားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဝေစုလည်း မထိခိုက်သမို့ သူတို့ မကျေမနပ်ဖြစ်ကြမှာ မဟုတ်တော့ပါဘူး ။

အချို့ကတော့ ဟယ်ရီတန်ကို မျှော်မှန်းပြီး တနိုင်ငံလုံး အအောင်ပေးဖို့ စိတ်ကူးနေကြပါတယ် ။ အပေါစားသမိုင်းဝင် စာမေးပွဲကြီး တခု ထပ်ဖြစ်သွားမှာပေါ့ဗျာ ။

စာမေးပွဲ ပြန်ဖြေဖို့ဆိုတဲ့ နည်းလမ်းအစား အခြားသင့်တော်ရာ နည်းတွေ ဖြည့်စွက်စဥ်းစား လုပ်ကိုင်ဖို့ ကောင်းပါတယ် ။ အခုနေတုန်း ပါမောက္ခ ၁၀၀ လောက်ကို Grate 12 စာမေးပွဲ ပြန်ဖြေခိုင်းကြည့်လေ ။ ဘာသာစုံ အောင်မြင်သူ 5 % ရရင်ပဲ ကံကောင်း ။

နိုင်ငံရေးအရ ကိုယ့်ဖက်ကို စည်းရုံးတဲ့ အနေနဲ့ တောပြန် PDF တွေကို ထောက်ပံ့ငွေပေးစည်းရုံးနေရတဲ့ နစက ၊ မြို့ရွာတွေ အသိမ်းခံထားရပြီး စော်ကားခံနေရတဲ့ ကြားထဲက သူပုန်ပေါင်းစုံကို ဆွေးနွေးပါ ညှိနှိုင်းပါ နဲ့ ( နိုင်ငံရေးအရဖြစ်စေ) အော်နေရတဲ့ နစက ။


အဲသလို အခြေအနေမှာ လူယုတ်မာ PDF တွေက ကျောင်းသားသတ် ၊ ဆရာ / ဆရာမသတ် နေတဲ့ ကြားထဲက အသက်စွန့်စာသင်ပြီး ကြိုးစားဖြေထားရတဲ့ အဖြူထည် ကျောင်းသားတွေကြမှ စာမေးပွဲလက်နက် နဲ့ ထပ်မံနှိပ်စက်ပြီး အမုန်းစွဲအောင် လုပ်သင့် မလုပ်သင့်ကတော့ တွေးကြည့်ကြပေါ့ ။

ပညာရေးဝန်ကြီးဌာနကတော့ ဖရဲသီး အပေါဆုံးမို့ ဘာမှတ်ချက်မှ မပေးတော့ပါဘူး ။ နစက အနေနဲ့ကတော့ တိုင်းပြည်ဒီလောက်ဖြစ်နေတာ ဘာကြောင့်ဆိုတာ သိကြပါ ။ တဝမ်းပူနဲ့လည်း မတုံးပါနဲ့တော့ ၊ ဋ သန်လင်းချိတ် နဲ့ လည်း ဋုံးပြဖို့ အချိန် မဟုတ်တော့ပါဘူး ။

ကိုရွှေမျိုးဝင်း