Sniper Su
6.63K subscribers
2.12K photos
652 videos
1.06K links
ပြည်သူ့ဗဟိုပြုသတင်းများကို နေ့စဉ်မျှဝေပေးနေပါတယ်။🍀
Download Telegram
👍58🥰1411👏1
Sniper Su
Photo
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တာဝန်ကျေပွန်သည့် ပြည်သူ့စစ်မှုထမ်းများအား လက်မှတ်နှင့် တံဆိပ်များ ပေးအပ်ချီးမြှင့်

တောင်ငူ၊ ဧပြီ ၁၁

ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် စစ်သည်များအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်) နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှုးချုပ် သူရဇော်လွင်စိုးမှ
စစ်မှုထမ်းသက်တမ်းအတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့်အတွက် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးချင်းစီထံသို့ စစ်မှုထမ်းပြီးမြောက်ကြောင်း အထောက်အထားဖြစ်သည့် ပုံစံ (၁၂) နှင့် ဂုဏ်ပြုတံဆိပ်များကို လက်ရောက်ပေးအပ်ခဲ့သည်။

ယခုကဲ့သို့ ဂုဏ်ပြုခြင်းသည် စစ်မှုထမ်းဥပဒေအရ ပထမဆုံးအသုတ်များအဖြစ် တာဝန်ကျေပွန်ခဲ့ကြသည့် လူငယ်များ၏ ဇွဲ၊ လုံ့လနှင့် မျိုးချစ်စိတ်ဓာတ်ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

----------------------------
ပြည်သူ့ဗဟိုပြုသတင်းများကို နေ့စဉ်မျှဝေပေးနေတဲ့ Sniper Su channel ကို Join ရန်နှိပ်ပါ။

https://t.me/snipersu13
👍10223🥰8👏1🎉1
မော်လမြိုင်မြို့မှာ ဆိုင်ကယ်လိုင်စင်စာအုပ် ပျောက်တဲ့သူတွေရှိပါသလား။

အခုဖော်ပြတဲ့စာအုပ်တွေကို ကောက်ရထားတဲ့သူရှိပါတယ်။ ဖုန်းနံပါတ်
၀၉၆၈၄၁၄၉၄၁၃ ကို ဆက်သွယ်ယူငင်နိုင်ပါတယ်။
👍10310🤗3😱1
This media is not supported in your browser
VIEW IN TELEGRAM
တာဝန်ကျေခဲ့ပါပြီ။
👍12029🫡2🏆1
Kpay သွားလဲတာကို သင်္ကြန်မုန့်ဖိုးဆိုပြီး ရေးထည့်ပေးလိုက်တယ် အံ့ဩဘ 😂😂
😁91👍2611💘3👏1
Media is too big
VIEW IN TELEGRAM
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တာဝန်ကျေပွန်သည့် ပြည်သူ့စစ်မှုထမ်းများအား လက်မှတ်နှင့် တံဆိပ်များ ပေးအပ်ချီးမြှင့်

တောင်ငူ၊ ဧပြီ ၁၁

ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် စစ်သည်များအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်) နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ် သူရဇော်လွင်စိုးမှ
စစ်မှုထမ်းသက်တမ်းအတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကိုယ်ဖိရင်ဖိ ထမ်းဆောင်ခဲ့ကြသည့်အတွက် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးချင်းစီထံသို့ စစ်မှုထမ်းပြီးမြောက်ကြောင်း အထောက်အထားဖြစ်သည့် ပုံစံ (၁၂) နှင့် ဂုဏ်ပြုတံဆိပ်များကို လက်ရောက်ပေးအပ်ခဲ့သည်။
----------------------------
ပြည်သူ့ဗဟိုပြုသတင်းများကို နေ့စဉ်မျှဝေပေးနေတဲ့ Sniper Su channel ကို Join ရန်နှိပ်ပါ။

https://t.me/snipersu13
103👍61👏3
သင်္ကြန်နှစ်ဦးအလှူ
ကျောက်ကပ်ဆေးနေရတဲ့ မိန်းကလေးတစ်ဦးအတွက် အလှူငွေဖြစ်ပါတယ်။

ဒီမိန်းကလေးနဲ့အပြင်မှာ မသိပါဘူး။
ကျောက်ကပ်‌ဆေး နေရတဲ့အတွက် ပင်ပန်းလွန်းပြီး ဝေဒနာခံစားနေရတာ သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာတွေ့လိုက်လို့ လှူဖြစ်ပါတယ်။

ဒီအလှူဟာ မိဘပြည်သူများနဲ့သက်ဆိုင်ပါတယ်။
မိဘပြည်သူများပေးအပ်တဲ့ လစဉ်ကြေးထဲက လှူတာပါရှင်။

ဒါကြောင့် ကုသိုလ်ထပ်တူရကြပါစေလို့
မေတ္တာပို့သပါတယ်။

#SniperSu
151👍79🙏8👏2
"အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို"

----------------------------
ပြည်သူ့ဗဟိုပြုသတင်းများကို နေ့စဉ်မျှဝေပေးနေတဲ့ Sniper Su channel ကို Join ရန်နှိပ်ပါ။

https://t.me/snipersu13
👍10732🫡2💘1
Forwarded from Public Echo Online Media
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ်ဆေး

နေပြည်တော် ဧပြီ ၁၂

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မုခ်ဦးတည်ဆောက်နေမှု၊ ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားမှု၊ ယိမ်းအဖွဲ့များဇာတ်တိုက်လေ့ကျင့်ရေးကိစ္စ၊ သင်္ကြန်မဏ္ဍပ်များတည်ဆောက်နေမှု၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ရင်ပြင်၌ကျင်းပမည့် လမ်းလျှောက်သင်္ကြန်၌ နိုင်ငံကျော်တေးသံရှင်များက အကြိုနေ့နံနက်ပိုင်းမှ စတင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
----------------------------
ပြည်သူ့ဗဟိုပြု သတင်းမှန်များကိုတင်ဆက်ပေးနေတဲ့ အွန်လိုင်းမီဒီယာဖြစ်ပါတယ်။

https://t.me/publicecho
👍8128🥰2👏1
ပြည်သူ့ဗဟိုပြု သတင်းမှန်များကိုတင်ဆက်ပေးနေတဲ့ အွန်လိုင်းမီဒီယာဖြစ်ပါတယ်။

https://t.me/publicecho
👍5715👌2