Sumyatဇာတ်ကားချန်နယ်
23.6K subscribers
8.94K photos
971 videos
4.45K links
ဇာတ်ကားမရှာတတ်ရင်adminကိုမေးပါ
Admin @sellersumyat
Download Telegram
21 Jump Street (2012)

22 Jump Street(2014)

တောင်းထားတဲ့ စုံထောက်ဟာသကားလေး ရပါပြီ

ဒီကားကတော့ ၂၀၁၂ တုန်းက အောင်မြင်ခဲ့တဲ့ 21 jump street ရဲ့ အဆက်ဖြစ်ပြီး ပထမကားလိုပဲ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ပါ။
ပထမ ကားမှာ အထက်တန်းကျောင်းရဲ့ မူးယစ်ဆေးဖန်တီးနေသူတွေကို ရှာဖွေ ဖမ်းဆီးနိုင်လိုက်ပြီးနောက်မှာတော့
ဒီတစ်ခေါက် ရှမစ် နဲ့ ဂျန်ကို တို့ ကောလိပ် က မူးယစ်ဆေးဖြန့်နေတဲ့ အဖွဲ့ကို ဖော်ထုတ်ဖို့ တာဝန်ကျလာပါတော့တယ်။
ဒီတစ်ခေါက်မှာတော့ ကောလိပ်ကျောင်းသားအဖြစ်ဟန်ဆောင်ရင်း ရှမစ်ကလည်း ကောင်မလေးအသစ် ရလာသလို ဂျန်ကိုကလည်း သူငယ်ချင်းအသစ်တွေ ရလာတဲ့ အတွက် သူတို့အချင်းချင်း သဘောထားမတိုက်ဆိုင်မှု တွေ ပိုများလာပါတယ်။
အဲ့လို အခြေအနေကနေ ကောလိပ်က မူးယစ်ဆေး တွေဟာ တစ်နိုင်ငံလုံး ဆီ ပျံ့သွားမယ့် အရေး နဲ့ ကြုံလာတဲ့အခါ
သူတို့နှစ်ယောက် အတူတူ ပြန်လက်တွဲပြီး တားဆီးဖို့ ဖြစ်လာပါတော့တယ်။

ပထမကားက နာမည်ကြီးသရုပ်ဆောင်တွေ ပြန်လည်ပါဝင်ထားသလို Buddy Cop ရုပ်ရှင်တွေ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ပျော်မှာ သေချာတဲ့ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။

21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။
Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/2189
👍2
The Tiger: An Old Hunter’s Tale (2015)

ရိုက်ကူးတင်ဆက်ပုံ ကောင်းမွန်သလို Visual effect တွေ အရမ်းကို အသက်ပါလှပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ ကျား နဲ့ မုဆိုး တို့ကြားက သံယောဇဉ်တွေ …တိရစ္ဆာန်ပေမယ့် သားသမီးကို ချစ်ခင်တဲ့မိဘမေတ္တာကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။ရိုက်ကူးတင်ဆက်ပုံကောင်းတာကြောင့် 21st Chunsa Flim Art Award မှာ  Technical Award , 36th Korea Gold Award Festival မှာ Grand Prize, Best Director , Special Jury Price တွေရထားသလို 53rd Grand Bell Award ဆုပေးပွဲမှာ High Technology Special Award စတဲ့ဆုပေါင်းများစွာ ဆွတ်ခူးထားပါတယ်။

ဇာတ်လမ်းကတော့ ကိုးရီးယားကို ဂျပန်တွေအုပ်စိုးထားတဲ့ ၁၉၂၅ ခုနှစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ဂျီရီဆန်တောင်က နာမည်ကျော် မုဆိုးကြီး ချန်းမန်ဒုတ်….တစ်နေ့ အမဲလိုက်ရင်း ကျားတစ်ကောင်နဲ့ မျက်နှာချင်းဆိုင် ဆုံမိတယ်။သေနတ်နဲ့ချိန်ထားတုန်းမှာပဲ ကျားက ကျားပေါက်ကလေးနှစ်ကောင်ရှိတဲ့ ကျားမကြီးမှန်း သိလိုက်ရတော့ ပစ်ရမှာ နောက်တွန့်နေမိတယ်။

ဒါပေမယ့်လည်း အန္တရာယ်က အရှေ့မှာဆိုတော့ မတတ်သာတဲ့အဆုံး ပစ်သတ်လိုက်ရပါတတယ်။ကျားပေါက်လေးနှစ်ကောင်ကို သနားလို့ မသတ်ဘဲ ဟိုးတောင်ပေါ်က ဂူထဲမှာ သွားထားထားပြီး မုဆိုးကြီးကိုယ်တိုင်  ငှက်စတဲ့အကောင်လေးတွေ ရှာဖွေပြီး ဂူရှေ့မှာ သွားချထားပေးပြီး စောင့်ရှောက်ခဲ့တယ်။

ကျားပေါက်လေးနှစ်ကောင်ထဲက တစ်ကောင်ကတော့ မျက်စိတစ်ဖက်ကွယ်နေပမယ့် သတ္တိရှိရှိ ဘာကိုမှမကြောက်တဲ့ကျားလေး။ မျက်စိတစ်ဖက်လပ် ကျားကလေးကြီးလာတော့  ဂျီရီဆန်တစ်နယ်လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ “တောင်ကြီးသခင်” ဆိုပြီး နာမည်ကျော်နေတဲ့ အရမ်းကိုပါးနပ်တဲ့ ကျားကြီးတစ်ကောင်ဖြစ်လာပါတယ်။

ကြမ်းတမ်းရက်စက်တတ်ပေမယ့်ကျေးဇူးတရားကို သိတတ်တဲ့ကျားကြီးပါ။ဒီအချိန်မှာ ဂျပန်စစ်တပ်ကဗိုလ်ချုပ်ကြီးက ကျားတွေဖမ်းဆီးရတာကို အရမ်းဝါသနာပါပါတယ်။သူ့ရည်ရွယ်ချက်က ကိုးရီးယားကျားတွေကို မျိုးပြုတ်အောင်ကို လုပ်ပစ်ချင်တာပါ။ ကိုးရီယားနယ်အနှံ့ ကျားတွေရှားပါးလာပြီဖြစ်ပေမယ့် ဂျီရီဆန်တောင်က နာမည်ကျော်ကျားကြီးကိုတော့ မမိနိုင်သေးပါဘူး။ ဒီကျားကိုဖမ်းမိဖို့ အမျိုးမျိုး အဖုံဖုံကြိုးစားပါတော့တယ်ကျားနဲ့လူ ပြိုင် ဘယ်သူနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်လိုက်ပါ။

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/2190
Forever My Girl (2018)

ဒီဇာတ်ကားဟာ ၂၀၁၈ ခုနှစ်မှာထွက်ရှိထားတဲ့ ဒရမ်မာအမျိုးအစားကားဖြစ်ပါတယ်။။ကန်းထရီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ လီယမ်ဟာ အောင်မြင်မှုနောက်ကိုလိုက်ရင်းချစ်သူကောင်မလေးကိုလက်တွဲဖြုတ်ခဲ့ပါတယ်…နောင်ရှစ်နှစ်အကြာမှာမွေးရပ်မြေကသူငယ်ချင်းဟောင်းတစ်ယောက်ရဲ့အသုဘကိုလာရင်းနဲ့
သူတိုအချင်းချင်းတွေ့ဆုံဖိုဖြစ်လာပါတော့တယ်….အောင်မြင်မှုနောက်ကိုလိုက်ရင်းနဲ့ ချစ်ရသောချစ်သူကိုပစ်ထားခဲ့ရပေမယ့်လီယမ်မှာ သူ့ချစ်သူကောင်မလေးရဲ့နောက်ဆုံးပိုထားတဲ့ Voice Message လေးရှိတဲ့ဖုန်းအစုတ်လေးကိုပဲ ၈ နှစ်ကြာကြာပေတေကိုင်ရင်းမနက်နိုးတိုင်း အိပ်ခါနီးတိုင်း နေ့တိုင်းကိုအဲဒီ Message လေးနားထောင်ပြီးသူ့ရဲ့နေ့ရက်တိုင်းလိုလိုကို ဖြတ်သန်းခဲ့တာပါ….ဒီလိုမျိုးချစ်သူကို ချစ်တတ်တဲ့စိတ်ကတော့ တကယ်ကိုလေးစားစရာပါပဲ…သင်တိုမှာသာအဲလိုချစ်သူတစ်ယောက်ရှိရင် ဒီကားလေးကို Share ရင်းသူ့ကိုမျှဝေပေးလိုက်ပါ….တကယ်တော့ အချစ်ဆိုတာအနားမှာရှိနေပြီး ဂရုစိုက်နေမှ အချစ်လိုမခေါ်ပါဘူး…အချစ်ဆိုတာ သူ့အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူနဲ့ပတ်သတ်သမျှအရာတွေအကုန်လုံးကို တန်ဖိုးထားတတ်တဲစိတ်လေးတစ်ခုပါ…ဒီကားလေးဟာအေးစက်တဲ့ကားလေးတစ်ကားလိုထင်ရပေမယ့်ဒီခေတ်အသုံးအနှုးနဲ့ပြောရမယ်ဆိုရင်တကယ်ကို ရို တဲ့ကားလေးတစ်ကားပါ…စာအုပ်နဲ့ရုပ်ရှင်အကြားကွဲလွဲမှုတွေရှိနေတယ်လိုဒီကားဟာဝေဖန်ခံခဲ့ရပေမယ့်ပရိသတ်အားပေးမှုကိုရရှိထားပြီး Box Office မှာအမြတ်အစွန်းများစွာရရှိထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်…

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/2191
1👍1
A Dog’s Journey (2019)

IMDB (7.4/10)
အီသန်နဲ့ ဟန်နာတိုမှာ သိပ်ချစ်ရတဲ့ ဘေလီဆိုတဲ့ခွေးလေးတစ်ကောင်ရှိပါတယ်..အရမ်းကို အရိပ်အကဲသိလွန်းပြီး လိမ္မာတဲ့ခွေးလေးပါ

သူတိုဟာ သားဖြစ်သူဟင်နရီဆုံးပါးသွားတဲ့အခါမှာချွေးမဖြစ်သူ ဂလော်ရီယာနဲ့ မြေးလေးဖြစ်သူစီဂျေတိုနဲ့ အတူ နေထိုင်လာရင်းနဲ့ တစ်ရက်မှာတော့ချွေးမဖြစ်သူကအထင်လွဲစိတ်ဆိုးပြီး စီဂျေ့ကိုပါခေါ်ကာ အိမ်ပေါ်ကဆင်းသွားပါတော့တယ်

အီသန်နဲ့ ဟန်နာလည်း ရင်တွေကွဲပြီးကျန်ခဲ့ရပါတော့တယ်..အဲဒီလိုနဲ့နေလာရင်းနဲ့ ဘေလီလေး နေမကောင်းဖြစ်လာပြီးတော့ တစ်စတစ်စရောဂါသည်းရင်း ဆုံးပါးတော့မယ့်အချိန်မှာတော့ သခင်ဖြစ်သူ အီသန်က တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်

အဲဒါကတော့ စီဂျေလေးကိုစောင့်ရှောက်ကာကွယ်ပေးပြီးအတူတူပြန်ဆုံနိုင်အောင် ကူညီပေးဖိုပါပဲ..သခင့်ရဲ့အမိန့် သခင့်ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်လွန်းတဲ့ ဘေလီလေးဟာ နောက်ဘ၀မှာ ခွေးအဖြစ်နဲ့ပဲ ပြန်လာပြီးတော့သူစောင့်ရှောက်ပေးရမယ့် စီဂျေလေးကို လိုက်ရှာပါတော့တယ်

အီသန်ကိုလည်းတခြားဘ၀မှာတောင် သူမှတ်မိနေပြီး သူ့သခင်ရဲ့ စိတ်ဆန္ဒကို မဖြည့်ဆည်းပေးရမချင်းသူ့ခရီးမပြီးဆုံးသေးဘူးဆိုတဲ့ စိတ်နဲ့ပဲ သစ္စာရှိစွာ ရှင်သန်နေခဲ့ပါတယ်

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/2193
1👍1
Forwarded from Sumyat 🇰🇷Series+Show
💜 The Fiery Priest Season 1 (2019)

အတော်ရယ်ရတဲ့ကားလေးပါ😂

Season 2ကလဲ ဒီနှစ်ထဲ ထွက်မှာဆိုတော့ Season 1မကြည့်ဖူးသေးရင် ခေတ်နောက်ကျတယ် ဖြစ်မယ်နော်

💜💜💜💜

ချန်နယ် အရင်Joinပါ
https://t.me/+IGlIwUYqXTthYTg1

ကြည့်ရန်
https://t.me/c/2074260326/246
👍21
Forwarded from Sumyat 🇰🇷Series+Show
💜 Hotel Del Luna
💜 မဟောင်းသော မရိုးသော

ချန်နယ် အရင်Joinပါ
https://t.me/+IGlIwUYqXTthYTg1

ကြည့်ရန်
https://t.me/c/2074260326/283
👍1
Upon the Magic Roads (2021)

ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ

မှော်မြင်းမတစ်ကောင်ကိုကူညီမိရာကနေ...

လူစကားပြောတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို

လက်ဆောင်ရပြီး

တူတူစွန့်စားခန်းထွက်ကြပါတယ်။

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/2200
👍31
I am sam (2001)

ဖခင်တစ်ယောက်ရဲ့ မေတ္တာအကြောင်းကိုရိုက်ပြထားတဲ့ဇာတ်ကားလေးပါ

Lucy ရဲ့အဖေက 7နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်သာရှိပါတယ်
Lucy ငယ်သေးတဲ့အချိန်မှာသတိမထားမိပေမဲ့ တွေးတတ်လာတဲ့အရွယ်မှာတော့ သူ့အဖေရဲ့ ပြဿနာကိုရိပ်မိလာပါတော့တယ်

ဒီအကြောင်းကို ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့ ကသိသွားပြီး သူတ်ို့သားအဖနှစ်ယောက်ကို ခွဲကြဖို့အကြောင်း ဖန်လာချိန်မှာတော့
သူတို့နှစ်ယောက်ရဲ့ သံယောဇဥ်ဘယ်လောက်ခိုင်မြဲမလည်းဆိုတာ...

အရမ်းကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားလို့ပဲမင်မင်ပြောချင်ပါတယ်

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/2201
1👍1
State of Grace (1990)

I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်
မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက်ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင်မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/2202
⭐️ 2400000ks
(november discount price)

⭐️ @sellersumyat

ရောင်းစရာရှိသော Pubg အကောက်များ ၀ယ်ပါမည်
Please open Telegram to view this post
VIEW IN TELEGRAM
⭐️1200000ks

⭐️@sellersumyat
Please open Telegram to view this post
VIEW IN TELEGRAM
👍1
⭐️ 2380000ks
(november discount price)

⭐️ @sellersumyat

ရောင်းစရာရှိသော Pubg အကောက်များ ၀ယ်ပါမည်
Please open Telegram to view this post
VIEW IN TELEGRAM
👍2
⭐️ 2500000ks
(november discount price)

⭐️ @sellersumyat

ရောင်းစရာရှိသော Pubg အကောက်များ ၀ယ်ပါမည်
Please open Telegram to view this post
VIEW IN TELEGRAM