Sumyatဇာတ်ကားချန်နယ်
23.6K subscribers
8.94K photos
971 videos
4.45K links
ဇာတ်ကားမရှာတတ်ရင်adminကိုမေးပါ
Admin @sellersumyat
Download Telegram
ဒီနေ့ လာနေကြ Dog Knows Everythingက ပြီးသွားတော့ အဲ့ကားနေရာမှာ ဒီကား အသစ်လာမယ် 💕💕
သူ့ ကားက အရင် ဂန်းစတားကားတုန်းကလဲ Wed မှာပဲ ပြတယ် 🥰🥰

ဗုဒ္ဓဟူး သောကြာ စနေ တနဂ်နွေ ဆို လူကြိုက်များတဲ့ ဇာတ်ကားတွေချည်းပဲ ပြတယ် 💕💕

ဒီနေ့ Family By Choice အပိုင်းသစ်နော် ၁၀နာရီ နောက်ပိုင်းမှ ရပါမယ်
👍2
Forwarded from Reborn Rookie💰 = Sumyat
Gangnam B-Side (2024)

CM ပရိသတ်ကြီးတို့အတွက် The Worst of Evil ထဲက ဘဲကြီး Ji Chang Wook နဲ့
အဆိုတော် BIBI၊ မင်းသားကြီး Jo Woo Jin ၊ ဝူယောင်းဝူထဲမှ နွေဦးရဲ့နေရောင်ခြည်လေး
Ha Yoon Kyung တို့ ပါဝင်ထားတဲ့ Action , Thriller ကားကောင်းလေးတစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအညွှန်း ~

နေ့ဘက်မှာ လူတွေပျားပန်းခပ် သွားလာလှုပ်ရှားရာနေရာဖြစ်ပြီး ညဘက်မှာလည်း
မီးအလင်းတွေ ထိန်ထိန်ညီးနေတတ်တဲ့ ဆိုးလ်မြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ ဂန်နမ်မှာ
ကွင်းဆက်လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
တစ်ချိန်တည်းမှာပဲ ဂန်နမ်ရဲ့ ဘားတစ်ခုမှာ အလုပ်လုပ်နေပြီး ပျောက်ဆုံးမှုရဲ့နောက်ကွယ်က
အဖြစ်မှန်ကိုသိထားတဲ့ တစ်ဦးတည်းသောသက်သေဖြစ်တဲ့ Jae Hui (BIBI) ဆိုသူပါ
ပျောက်ဆုံးသွားတဲ့အခါမှာတော့..။
ဒီလိုနဲ့ပဲ ဝရမ်းပြေးဖြစ်တဲ့ Yun Gil Ho (Ji Chang Wook) ၊ စုံထောက်ဖြစ်တဲ့
Kang Dong Woo (Jo Woo Jin) နဲ့ အမှုစစ်ဖြစ်တဲ့ Min Seo Jin (Ha Yoon Kyung) တို့က
သီးခြားစီ သက်သေကို ရှာဖွေဖို့ ဖြစ်လာကြပါတော့တယ်။
ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိကြတဲ့ သူတို့တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Jae Hui ကို
ဘယ်လိုလိုက်ရှာကြမလဲ။
သူတို့ရဲ့ရည်ရွယ်ချက်တွေကရော ဘာလဲ..။
ပျောက်ဆုံးမှုရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းကရော ဘာတွေလဲဆိုတာကို
တစ်ပတ်နှစ်ပိုင်းစီ ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။

(အညွှန်းကိုတော့  Su Sandi မှ ရေးသား‌ထားပါတယ်။)

Aired: Nov 6, 2024 - Nov 27, 2024
Aired On:  Wednesday
Genres: Action, Thriller, Mystery, Crime
Episodes: 8
Original Network: Disney+
Translated by Lai Laii, May Thet, Vanessa, ToeToe Aung & Milkeux
Encoded by Tiff

Crd


✉️အရင် Join မှသာ ကြည့်လို့ရပါမည်
https://t.me/+RBpxYM1vg8wwZWRl

✉️ကြည့်ရန်
https://t.me/c/2226287890/682
Please open Telegram to view this post
VIEW IN TELEGRAM
👍2
မိုးလေးက ဖွဲဖွဲရွာနေ 🌟🌨
ဆောင်းရာသီရောက်ပြီဆိုတော့ အေးကအေး စိမ့်ကစိမ့်နဲ့ ❤️

စောင်ခြုံထဲ ဂိမ်းဆော့မယ်ဆို စိန်၀ယ်ဖို့လဲ မမေ့နဲ့နော်


Nolan Skin ဘယ်လောက်လန်းလိုက်သလဲ


ခေါက်ဆွဲပြုတ်ပူပူလေးနဲ့ဆို ရှယ်ပဲ 🥺

🔥💎💎🤩@sellersumyat
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Forwarded from ဆုမြတ်ဟုခေါ်သည်🌱🌱
Media is too big
VIEW IN TELEGRAM
ဇာတ်ကားတင်ရင်း ဂိမ်းဆော့ 💕💕
တောင်းထားတဲ့ ကား ရပါပြီ

😺Rurouni Kenshin (2012)

😺Rurouni Kenshin 2 : Kyoto Inferno (2014)

😺Rurouni Kenshin 3 : The Legend Ends (2014)

😺Rurouni Kenshin 4 : The Final  (2021)

😺Rurouni Kenshin 5 : The Beginning   (2021)

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/1903
Please open Telegram to view this post
VIEW IN TELEGRAM
👍4
Movie တွေ ကြည့်နည်းလေး ပြောပြပေးမယ်နော် 💕💕
Good Morning 🌞

ညက ဇာတ်ကား စောင့်ရင်း အိပ်ပျော်သွားလို့အစောကြီးနိုးလာပါပြီ

‌ဇာတ်ကား‌စောစောတင်ပေးချင်ပေမယ့် wifi လိုင်းကျနေတယ်ရှင် 😭
Please open Telegram to view this post
VIEW IN TELEGRAM
1👍1
Forwarded from Reborn Rookie💰 = Sumyat
မျှော်နေကြတဲ့ Family By Choice
Ep 9+10 အပိုင်းသစ် ရပါပြီရှင် ❤️❤️❤️

✉️ချန်နယ်အရင် ၀င်ပါ
https://t.me/+RBpxYM1vg8wwZWRl

✉️ကြည့်ရန်
https://t.me/c/2226287890/696
Please open Telegram to view this post
VIEW IN TELEGRAM
1👍1🥰1
အေးစိမ့်စိမ့်နဲ့စောင်ခြုံကွေးရမယ့်နေ့ပါ ချစ်တို့ရေ 😄😄
Sumyat Game Shop Open

🤩 Pubg အကောက် နဲ့ ကလန် တွေ ၀ယ်ချင်ပါတယ်ရှင့်

✉️ Atom Internet Data (7day)
✉️ Pubg Uc( Global/Korea) + Account + Clan
✉️ Mlbb Diamond + Weeklypass + Twilight Pass

✉️ @sellersumyat
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from The Potato Lab + The Art Of Negotiation = Sumyat❤️
Please open Telegram to view this post
VIEW IN TELEGRAM
The Handmaiden (2016)

၂၀၁၆ကတည်းက ထွက်ထားတဲ့ကားလေးဆိုပေမဲ့ အခုထက်ထိ Hitဖြစ်နေတဲ့ကားလေးပါ။ အခုနာမည်ကြီးနေတဲ့ JeongNyeon: A Star is bornထဲက မင်းသမီး Kim Tae Riက အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။

မြို့စားမင်းဖူဂျီဝါရက ဂျပန်မျိုးဆက်သူဌေးသမီး ဟိဒဲကိုကို အပိုင်ကြံပြီး သူ့ရဲ့စီးပွားဥစ္စာတွေကို ရယူချင်နေတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့မဟာအကြံအစည်ထဲမှာ ဟိဒဲကိုရဲ့လှုပ်ရှားမှု‌တွေကို စောင့်ကြည့်ဖို့ သူလွှတ်ထားတဲ့ အစေခံမလေးဆိုးဟီးကတော့ ငွေတစ်မျက်နှာသာကြည့်ပြီး ဘာမဆိုလုပ်ရဲကိုင်ရဲတဲ့ ကောင်မလေးပေါ့။ ဒါပေမဲ့ သူဟာ ဟိဒဲကိုနဲ့အနေနီးရာကနေ ချစ်ခင်တပ်မက်မိရာကစလို့... မြို့စားမင်းကိုပါ တော်လှန်ချင်လာတဲ့အခါ။ သခင်မလေးဟိဒဲကို ကရော သူတို့ထင်ထားသလို နူးနူးညံ့ညံ့ အပြစ်ကင်းစင်တဲ့ ကောင်မလေးပဲ‌လား။ သူကရော ဘာတွေများ ဖုံးကွယ်ထားသလဲဆိုတာကို ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်အိမ်ကို အခြေခိုင်အောင် သရုပ်ဖော်ထားတဲ့ ဒီကားလေးထဲမှာ အသည်းတယားယားနဲ့ ကြည့်ရှုရမှာပါ။

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/1909
4
After the Storm (2016)

Even After the Worst Storms ,
The Sun Will Shine Again.
Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။၂ကားလုံး မင်းသားလည်းတူတယ်။ မင်းသားအမေလည်းတူတယ်။ အစ်မရှိတာလည်းတူတယ်။မတူတာက Still Walking မှာ သူက အဓိကဇာတ်ကောင်ရဲ့ အဖေကို အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ဆရာဝန်အိုကြီးအနေနဲ့ ပြထားတယ်။အဆုံး Narrative မှာ သူ့အဖေဆုံးသွားတဲ့အကြောင်းလည်း ထည့်ပြောထားတယ်။ After The Storm မှာကျ သူ့အဖေက ဆုံးသွားပြီ။ သူ့အမေတစ်ကိုယ်တည်းနေရတဲ့ဘဝကို သေချာပြထားတယ်။မတူတော့တာက အဓိကဇာတ်ကောင်ရဲ့အဖေက ပထမကားထဲကလို ဂုဏ်သရေရှိဆရာဝန်လည်းမဟုတ်တော့ဘူး။ အမြော်အမြင်ရှိတဲ့လူလည်း မဟုတ်တော့ဘူး။မိန်းမကို အမြဲဒုက္ခပေးနေတဲ့ လောင်းကစားသမားအဖေဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကာရိုက်တာက ဒီကားထဲ လုံးဝပါမလာဘူး။အဖေနဲ့တူတဲ့ မင်းသားရဲ့အမူအကျင့်တွေကိုပြရင်းတစ်ဖုံ , မရှိတော့တဲ့လူတစ်ယောက်အကြောင်းပြောရင်းတစ်မျိုး လူတောင်မပါတဲ့ ဒီကာရိုက်တာကို ကောင်းကောင်းကြီးတော့ အသက်သွင်းသွားတယ်။မိန်းကာရိုက်တာဖြစ်တဲ့ Hiroshi Abeနဲ့ သူ့အမေနေရာက သရုပ်ဆောင်တဲ့ Kirin Kikiရဲ့ Chemistryကလည်း ဒီကားကိုရော ပိုအသက်ဝင်စေတဲ့ အချက်ဆိုတာကို ဖယ်ထားလို့မရဘူး။Still Walking မှာကျ ဇာတ်က တစ်ရက်တည်းပဲတည်ထားပြီး မိဘအိမ်ကို အလည်သွားကြတဲ့ သားသမီးတွေအကြောင်းနဲ့ နာမည်နဲ့လိုက်အောင် အငြိမ်ပဲ ရိုက်ပြသွားပေမဲ့ After The Storm မှာကျ နာမည်နဲ့လိုက်အောင်ပဲ ဘဝထဲဖြတ်တိုက်လာတဲ့ မုန်တိုင်းတွေအကြောင်းကို ရိုက်ပြသွားတယ်။မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေတွေမြိုးမြိုးမြက်မြက်ရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။‌ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။အဲဒီညရဲ့ မုန်တိုင်းပြီးသွားတဲ့အခါ နေပြန်သာတတ်တယ်ဆိုပေမဲ့ သူ့ဘဝရဲ့မုန်တိုင်းက ပြီးသွားလား နေရောပြန်သာလား တငွေ့ငွေ့နဲ့ ပြသွားတဲ့ ရုပ်ရှင်ပေါ့။Koreeda ကားပီပီသသပဲ ဇာတ်အိမ်ကတော့ ရိုးရိုးလေးပဲ။ Still Walking မှာ Koreedaဟာ ကျွန်တော်တို့ကို အိမ်ပြန်ရောက်သွားအောင် လုပ်နိုင်ခဲ့သလို After The Storm မှာလည်း Koreedaဟာ ကျွန်တော်တို့ဘဝက အဆုံးအရှုံးတွေဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး အဆုံးအရှုံးတွေဆီကနေ ပစ္စုပ္ပန်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ဘယ်လိုမှော်အစွမ်းနဲ့များ လုပ်လိုက်သလဲမသိပေမဲ့ ဟိုတစ်စ ဒီတစ်စ ဇာတ်ကွက်ကလေးတွေကို ဒီတိုင်းကြည့်နေရင်းနဲ့ကို ဇာတ်ကားအဆုံးသီချင်းအလာမှာ လူက ငိုချင်စိတ်ပေါက်လာတယ်။ငိုလို့မရဘဲ ငိုချင်စိတ်ပေါက်နေတဲ့ တော်တော်ဆိုးဆိုးခံစားချက်ကြီးရလိုက်တယ်ပေါ့ဗျာ။ခဏလေးပေါပြီး ပျောက်သွားတဲ့ ခံစားချက်မဟုတ်ဘဲ ၂နာရီဆက်တိုက်လောက်ကို အဲဒီလိုကြီးဖြစ်နေတုန်းပဲ။ အာရုံသာတခြားစီမပြောင်းပစ်ရင် ဒီထက်လည်းပိုကြာနိုင်တာပဲ။မုန်တိုင်းက ပြီးသွားတယ်။ ရုပ်ရှင်လည်းပြီးသွားတယ်။ နေတော့ ပြန်သာပါလိမ့်မယ်။ အပျက်အစီးတွေကတော့ ကျန်နေတုန်းပဲ။ပြန်တည်ဆောက်ရမှာပေါ့လို့ ဝိုင်းပြောကြလည်း တစ်ချို့အပျက်အစီးတွေက ဟေရာကလိုက်စ်တပ်ရဲ့ မြစ်ရေပဲ။After The Storm ဟာ နေသာမယ့်ရက်တစ်နေ့ဆီ ဆက်လျှောက်နေကြသူတွေရဲ့ အပျက်အစီးတွေ ပွေ့ပိုက်ရင်း ရှင်သန်ခြင်းအကြောင်းပေါ့။

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/1910
👍2
နောက်အပတ်တွေဆို ဂင်ဆန်းဟာတို့ ၃ယောက်နဲ့ ချိုတာလေးတွေ ပိုတွေ့ရတော့မယ်ရှင် 💕💕
အကြည့်လေးတွေကအစ ပြောင်းလဲသွားတာ အရမ်းကြိုက်ရသော🤗

Family By Choice
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Night Fishing (2024)

မင်းသားကြီး Son Suk-Ku ရဲ့ short film လေးတစ်ကားကို
ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားရဲ့ ထူးခြားချက်ကတော့ ကားတစ်စီးထဲကနေ ကြည့်နေရသလို
ခံစားရစေမဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါပဲ။

- ဇာတ်လမ်းအကျဉ်း -
ဘယ်သူမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြစ်ကမ်းစပ်မှ
ာအမျိုးသားတစ်ယောက်က ညလုံးပေါက် တဲထိုးစောင့်နေပြီး
သူ့ရဲ့ကားထဲမှာလည်း ထူးဆန်းတဲ့ ရေဒီယိုအချက်ပေးသံတွေ
ဆက်တိုက်ထွက်ပေါ်နေပါတယ်။
အဲဒီနောက်မှာ သူဟာ လျှပ်စစ်ကားအားသွင်းရုံတစ်ရုံဆီ ဦးတည်သွားပြီး
ငါးမျှားမစ်ရှင်ကို စတင်ပါတော့တယ်။
အဲဒီမှာ သူဖမ်းဆီးရမဲ့အရာက ဘာများဖြစ်မလဲ။
ဘယ်လိုဖမ်းဆီးသွားမလဲဆိုတာကိုတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။
သရေစာမုန့်စားသလို အချိန်တိုအတွင်း နှစ်ခြိုက်စွာနဲ့ ခံစားကြည့်ရှုလို့ရမဲ့ snack movie လေးမို့ ကြည့်ရှုပေးကြပါဦး။

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/1912
👍21
သူလိမ်ခံရတာ 2 ခါရှိပြီ 🤧🤧

ဒီရက်ပိုင်းက Admin ဆေးပြနေရတော့ လိုင်းပေါ်မရှိရင် ဖုန်းဆက်ပြီး ၀ယ်ယူ‌ပေးပါရှင့်
( မနက်ဖြန် သဘက်ခါ လဲ Admin ထပ် ဆေးပြရဦးမှာပါ )

Uc Dia Gameအကောက်/ကလန် နဲ့ Atom လိုင်းသုံးဒေတာ အကုန်ရပါတယ် (ml acc မရပါ)

တခြားမှာအလိမ်ရခံရပြီးရင် Admin လဲ ဘာမှ မတတ်နိုင်တာမို့
၀ယ်နေကြရှိရင် ၀ယ်နေကြဆီမှာပဲ ၀ယ်ကြပါရှင့်
အခုနောက်ပိုင်း အလိမ်တွေ အရမ်းများပါတယ်

ထပ်ပြောပါမယ် တခြားမှာ Visa Disရှိလို့ ဒါလေးတန်တယ်ဆိုပြီး ထပ်လွှဲဖို့ပြောရင် လုံး၀မလွှဲကြပါနဲ့
ပစ္စည်းတိုင်း သူ့တန်ကြေးနဲ့သူရှိပါတယ် ဈေးချိုတာ မက်ရင် အလိမ်ခံရမှာပါပဲ ။

❤️ @sellersumyat
❤️ 09257996167
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Northern Limit Line (2015)

ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် ရုပ်ရှင်ကတော့ လုံးဝကို မကျော်သွားသင့်တဲ့ ကျော်သွားမရတဲ့ ဇာတ်ကားတစ်ကားပါ ။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကာလအတွင်း မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြား ရေကြောင်းနယ်နမိတ် ဖြစ်ရပ်မှန် စစ်ပွဲ ကို ရိုက်ကူးထားတဲ့ အရမ်းကို မိမိုက်တဲ့ ကိုရီးယား war movie အမျိုးအစား‌ပါ။ ဒီ ဇာတ်ကားလေးထဲမှာ တောင်ကိုရီးယား ရေတပ် တပ်သားတွေရဲ့ ညီအစ်ကို သံယောဇဉ်ကိုလဲ ပေါ်လွင်အောင် ရိုက်ကူးပြထားပြီး ရိုက်ကွင်းရိုက်ကွက် သရုပ်ဆောင်တွေကလဲ တကယ်ကို မိမိုက်နေတာပါ။ ဒီ့အပြင် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးလဲ ဖြစ်လို့ အပြင်မှာ တကယ် ဒီလိုပါလား ဆိုပြီး ဝမ်းနည်းစရာ ခံစားချက်ကိုလဲ ဒီရုပ်ရှင်ကို ကြည့်ရင်း ခံစားမိစေမှာ‌ဖြစ်ပါတယ်။ အဆုံးထိကြည့်ရင်း ဒီရုပ်ရှင်ရဲ့ တကယ့်ဖြစ်ရပ်မှာ ပါရှိတဲ့ တောင်ကိုရီးယား ကင်းလှည့်သင်္ဘော ၃၅၇ ရဲ့ တပ်သားတွေကိုလဲ မလေးစားဘဲ မနေနိုင်လောက်အောင်ကို ဖြစ်မိစေမှာပါ။ ဒီရုပ်ရှင်က war movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အတွက်တော့ highly recommend ဖြစ်တာကြောင့် သေချာပေါက် အချိန်ပေးပြီး ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Crd

💕 အရင် Join ပါ
https://t.me/+zfK9KcEl9mU5MWJl

💕 ကြည့်ရန်
https://t.me/c/2008392342/1917
👍21
ဘာကားပဲ ကြည့်ကြည့်
အကုန်၀င်လို့ရအောင် ဒါကို Join ထားပါ
✔️✔️✔️✔️✔️✔️
https://t.me/addlist/k0R37e7AOQk5NjJl
Please open Telegram to view this post
VIEW IN TELEGRAM