Smith Animation Box
78.9K subscribers
85 photos
22 links
Download Telegram
Stand By Me Doraemon(2014)
❤14👍3🥰1
The Wind Rises
❤23👍10
Orion and the Dark (2024)

~ IMDb - 6.7/10, RT - 87%, Meta - 74% ~

ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ 

လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။

#Credit
❤10👍7👏1
Piano no mori [The Piano Forest] (2007)

ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ်ယောက်ကို ယှဉ်ပြီးပြထားပါတယ်။

“အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်းဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။

အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင်ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေးကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီးမျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျားလေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင်ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီတာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး
👍13❤7
Finding Nemo (2003)

ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေးနီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ
လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ
ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…
ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ
တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့
စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ
သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ … ဒီတော့ အားပေးကြပါဦး..
👍19❤5🍓2🥰1
Boonie Bears: The Wild Life-2021
👍5❤2
The Wishmas Tree
👍6🔥2
BoBo Cartoon Collection
👍10❤6💘4
A Letter to Momo (2011)

Tomatoes 80% ရရှိထားတဲ့ ဇာတ်ကားလေးကတော့ မိုမိုဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ အဖေဆုံးပြီးနောက် တိုကျိုမှာရှိတဲ့အိမ်ကိုရောင်းချပြီး သူ့အမေရဲ့ မွေးရပ်ဇာတိကို ပြောင်းရွှေ့လာခဲ့တယ်… သူ့အဖေမဆုံးခင် ရေးထားခဲ့တဲ့ အစမရှိအဆုံးမရှိစာလေးတစ်စောင်ကတဆင့် ထူးဆန်းတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံမှုအကြောင်း ဇာတ်လမ်းဆင်ထားတယ်ဗျ..အညွှန်းထက်စာရင် ဇာတ်လမ်းကို ကိုယ်တိုင်ကြည့်မှ အရသာရှိမယ့်ဇာတ်ကားမို့ ဘာမှအများကြီး မညွှန်းတော့ပါဘူး..သေချာတာကတော့ ” မိုမိုသို့ပေးစာ ” လို့ အမည်ရတဲ့ Rating မြင့် ဒီဂျပန်ကာတွန်းကားလေးဟာ ကြာမြင့်ချိန် ၂ နာရီအတွင်းမှာ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်မှာပါဗျ..
👍12❤8
The Secret Life of Pets (2016)

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့…..

Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ…..သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး…..အဲဒီအချိန်မှာပဲ Max ကို ခရက်ရ်ှနေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့……
👍13❤2
The Secret Life of Pets 2 (2019)

ဒီဇာတ်လမ်းမှာတော့ မက်စ်ရဲ့သခင် ကေတီဟာ ချပ်ခ် နဲ့အိမ်ထောင်ရက်သားကျပြီး လီယန်ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးခဲ့ပါတယ်၊ ကလေးမချစ်တတ်တဲ့ မက်စ်တစ်ယောက် လီယန်နဲ့တွေ့တဲ့အခါမက်စ်တစ်ယောက် လီယန်ကို ချစ်သွားပါတော့တယ်။
ဒီဇာတ်လမ်းမှာ မက်စ်ဟာ အစိုးရိမ်ကြီးလွန်းတဲ့ စိတ်ရောဂါဝင်လာပြီးတော့ အရာရာကို ကြောက်နေတတ်ပါတယ်။
သူချစ်တဲ့ လီယန်လေးကိုလည်း အရမ်းတွေ စိုးရိမ်ပါတယ်။
ကေတီဟာ မက်စ်ကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာတော့
မက်စ်တို့ဟာ နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။
မက်စ်ရဲ့အစိုးရိမ်လွန်၊ အကြောက်လွန်တဲ့ရောဂါဟာ ပျောက်နိုင်ပါ့မလား?????
တစ်ချိန်ထဲမှာပဲ ယုန်ဆိုးလေး စနိုးဘောဟာ ကပ္ပတိန်စနိုးဘောအနေနဲ့ ပါဝင်လာဦးမှာပါ။
တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူတွေအနေနဲ့ သဘောတွေ့ မနောခွေ့ရဦးမယ့် ဇာတ်ကားတစ်ကားပါ။
👍17❤1👎1
Oggy And The Cockroaches The Movie ( 2013)
👍14❤7
Over The Hedge(2006)
👍7❤5
Paranorman (2012)
👍13❤6
Doraemon: Nobita's Chronicle of the Moon Exploration (2019)
👍7🥰1
Kung Food (2018)

ဇာတ်လမ်းအကြောင်းလေးကတော့ပေါင်ဟာဆိုရင် အပူပေးပြီးပေါင်းထားတဲ့ပေါင်မုန့်လေးဖြစ်ပြီးတော့ အမြဲတမ်းဟီးရိုးတစ်ယောက်ဖြစ်လာဖို့ ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက်ဆိုပြီးပဲ တွေးနေတဲ့သူဖြစ်ပါတယ်။ ဒါနဲ့တစ်ရက်မှာတော့သူ့ရဲ့ဆရာဖြစ်သူက အပြင်လောကကြီးကိုစူးစမ်းပြီး မကောင်းတဲ့သူတွေကိုနှိမ်နင်းဖို့အတွက်ဆိုပြီး ပေါင်လေးကိုအပြင်ကိုလွှတ်လိုက်ပါတယ်။ ဒီလိုနဲ့စူပါပေါင်လေးဟာပင်လယ်ထဲကိုထွက်မယ့်သင်္ဘောကြီးတစ်စီးပေါ်ကိုလိုက်ပါလာခဲ့တာပေါ့၊ ဖြစ်ချင်တော့စူပါပေါင်လေးစီးလာတဲ့သင်္ဘောကိုပင်လယ်ဓားပြတွေကဝင်ပြီးတော့တိုက်ခိုက်ပါတော့တယ်။ အမြဲတမ်းဟီးရိုးတစ်ယောက် သူရဲကောင်းဖြစ်ချင်နေတဲ့ပေါင်အတွက် လူစွမ်းကောင်းဖြစ်ဖို့အခွင့်အလမ်းရလာတယ်ပြောရမှာပေါ့။ ပေါင်မုန့်လေးဖြစ်တဲ့ပေါင်ဟာမကောင်းတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်သွားမလဲ။ သူဖြစ်ချင်တဲ့သူရဲကောင်းအဖြစ်ကိုရောက်ရှိနိုင်မှာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကာတွန်းကားကောင်းလေးဖြစ်ပါတယ်
👍16❤4
The Magical Brush (2014)

ဒီကာတွန်းကားလေးဟာ တရုတ်ရိုးရာပုံပြင်လေးထဲက တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ကားလေး ဖြစ်ပါတယ်

Ma Liang ဟာ ပန်းချီဆွဲရတာကို နှစ်ခြိုက်တဲ့ကလေးလေးဖြစ်ပြီး hundred flower village မှာ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ နတ်ဘုရားဆီကနေ မှော်စုတ်တံ ရခဲ့ပြီး မှော်စုတ်တံအစွမ်းနဲ့ ဒုက္ခရောက်သူတွေကို ကယ်တင်ပေးနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်သူကြီးဟာ သူတိုရွာအောက်ခြေက ရွှေတွင်းကိုတူးယူဖိုအရေး ရွာသားတွေ ထွက်သွားအောင် နည်းမျိုးစုံနဲ့ နှိပ်စက်လာတဲ့အခါ Ma liang လေးက မှော်စုတ်တံနဲ့ ဘယ်လိုတွေ ကယ်တင်ပေးမလဲ၊ လောဘသားကောင်တိုရဲ့နိဂုံးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်
👍15❤7
The Croods (2013)

ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးက သူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီးသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့…ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီး မီးကို စတင် ဖန်တီးပြတော့တာပဲ။ဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ် သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်။ ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ။ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ
👍22❤17🥰2
The Croods: A New Age (2020)

ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတွေကွယ်လွန်ခါနီးမှာခဲ့တဲ့ “မနက်ဖြန်”ဆိုတဲ့နေရာလေးကို ရှာဖွေရင်း တတစ်နေ့မှာဂူတွေထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်စ်မိသားစုနဲ့တွေ့ပြီး ရင်းနှီးသွားပြီး ခရုစ်မိသားစုရဲ့သမီးပျိုလေး အိနဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့ “မနက်ဖြန်”ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည်လိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာမိသားစုရဲ့နှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေ ဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ၊ တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရောဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို ကြည့်ရှု့ရမှာပါ
👍35❤11👎2❤‍🔥1😁1
G-n-o-m-e A-l-o-n-e
❤11👍8
E-l C-a-m-i-n-o d-e X-i-c-o (2-0-2-0)
👍14❤7