Sgt. Stubby: An American Hero (2018)
ဒီAnimation ကားလေးကတော့ Rating 7 ရရှိထားပြီးပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့
ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့ကားလေးဖြစ်ပါတယ်….
ဒီကားလေးရဲ့main characterကတော့ stubbyဆိုတဲ့ ခွေးလေးပေါ့နော်
ခွေးလေးနဲ့ စစ်သားလေးတစ်ယောက်ရဲ့friendshipလေးကို ရိုက်ပြထားတာပါ stubbyလေးနဲ့ ဒီအမေရိကန်စစ်သားလေး ဘယ်လိုတွေတွေ့ကြလဲ အမေရိကန်စစ်သားတွေနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်တွေကို
ဘယ်လိုတွေ တိုက်ကြလဲဆိုတာကို ကြည့်ရမှာပါ
စိတ်ဝင်စားဖို့လည်းကောင်းသလို ဟာသလေးတွေလည်း ပါတာမလို့
ပျင်းစရာမကောင်းပါဘူးနော် ခွေးလေးကလည်း အရမ်းကို ချစ်စရာကောင်းတာမလို့ puppy loverလေးတွေလဲ လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ကားလေးပါနော်….

❤16👍12❤🔥1🥰1
Orion and the Dark (2024)
~ IMDb - 6.7/10, RT - 87%, Meta - 74% ~
ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။
လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။
#Credit

❤10👍7👏1
Piano no mori [The Piano Forest] (2007)
ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ်ယောက်ကို ယှဉ်ပြီးပြထားပါတယ်။
“အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်းဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။
အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင်ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေးကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီးမျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျားလေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင်ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီတာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး

👍13❤7
Finding Nemo (2003)
ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေးနီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ
လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ
ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…
ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ
တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့
စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ
သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ … ဒီတော့ အားပေးကြပါဦး..

👍19❤5🍓2🥰1
A Letter to Momo (2011)
Tomatoes 80% ရရှိထားတဲ့ ဇာတ်ကားလေးကတော့ မိုမိုဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ အဖေဆုံးပြီးနောက် တိုကျိုမှာရှိတဲ့အိမ်ကိုရောင်းချပြီး သူ့အမေရဲ့ မွေးရပ်ဇာတိကို ပြောင်းရွှေ့လာခဲ့တယ်… သူ့အဖေမဆုံးခင် ရေးထားခဲ့တဲ့ အစမရှိအဆုံးမရှိစာလေးတစ်စောင်ကတဆင့် ထူးဆန်းတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံမှုအကြောင်း ဇာတ်လမ်းဆင်ထားတယ်ဗျ..အညွှန်းထက်စာရင် ဇာတ်လမ်းကို ကိုယ်တိုင်ကြည့်မှ အရသာရှိမယ့်ဇာတ်ကားမို့ ဘာမှအများကြီး မညွှန်းတော့ပါဘူး..သေချာတာကတော့ ” မိုမိုသို့ပေးစာ ” လို့ အမည်ရတဲ့ Rating မြင့် ဒီဂျပန်ကာတွန်းကားလေးဟာ ကြာမြင့်ချိန် ၂ နာရီအတွင်းမှာ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်မှာပါဗျ..

👍12❤8