Channel created
Channel photo updated
🍪 Cookie ဆိုတာဘာလဲ? Browser ထဲက Cookie တွေက ဘာလုပ်ပေးတာလဲ?

Website တစ်ခုကို ဝင်လိုက်တိုင်း
“Accept Cookies” ဆိုပြီး accept လုပ်ခိုင်းတာကိုကြုံဖူးကြမှာပါ။ တကယ်တမ်းအဲ့ဒီ cookie ဆိုတာဘာကြီးလဲ? ဘာလို့ website တိုင်းနီးပါးက cookie ကို accept လုပ်ခိုင်းနေတာလဲ? အလွယ်ပြောရရင် cookie ဆိုတာ website က browser ထဲမှာ သိမ်းထားတဲ့ data လေးတွေပါ။

ဥပမာ website တစ်ခုမှာ login ဝင်ပြီး ပြန်ပိတ်လိုက်တယ်။ နောက်တစ်ခါ website ကို ပြန်ဖွင့်လိုက်တဲ့အခါ login ဝင်စရာမလိုတော့ပါဘူး။ ကိုယ့် account က website မှာပေါ်နေပါမယ်။ ဒါမှမဟုတ် shopping website တစ်ခုမှာ product တစ်ခုကို cart ထဲထည့်ထားပြီး website ကနေ ထွက်လိုက်တယ်။ နောက်တစ်ခါ ပြန်ဝင်လာတော့ product က cart ထဲမှာ ရှိနေတုန်းပဲ။ ဒီလိုမျိုး website က ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို မှတ်မိနေတာက cookie ကြောင့်ပါ။
❤4
ကိုယ်က website တစ်ခုကိုဝင်လိုက်ပြီဆိုတာနဲ့ website က browser ထဲမှာ “ဒီ user က ဒီလို setting သုံးထားတယ်”၊ “ဒီ user ရဲ့ session က ဒီဟာ” စသဖြင့် လိုအပ်တဲ့ Information တချို့ကို cookie အနေနဲ့ သိမ်းလိုက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ website ကို ပြန်ဝင်တဲ့အခါ browser က cookie ကို website ဆီပို့ပေးပြီး “ဒီမှာ အရင်က သိမ်းထားတဲ့ data တွေရှိတယ်နော်” ဆိုတဲ့သဘောမျိုး ဖြစ်သွားတာပါ။

ဒါပေမယ့် cookie က ရှိသမျှ information အကုန်သိမ်းတဲ့နေရာတော့ မဟုတ်ပါဘူး။ cookie ကိုအသုံးပြုပုံတွေ အများကြီးရှိပါတယ်။ ဥပမာ login session မှတ်ထားဖို့၊ website settings မှတ်ထားဖို့၊ user preference တွေသိမ်းထားဖို့ စတဲ့နေရာတွေမှာအသုံးပြုပါတယ်။ ကဲအခုဆိုရင် website တစ်ခုကိုဝင်လိုက်တိုင်း “Accept Cookies” ဆိုပြီး ဘာကြောင့်တွေ့နေရတာလဲဆိုတာကို နားလည်လောက်ပြီလို့ထင်ပါတယ်
❤3
JSON ဆိုတာဘာလဲ?
API တွေမှာ ဘာလို့သုံးတာလဲ?
📝❓

Website တစ်ခုမှာ login ဝင်တဲ့အခါ၊ profile ကြည့်တဲ့အခါ၊ product တွေကိုကြည့်တဲ့အခါ Frontend နဲ့ Backend ကြားမှာ data တွေ အပြန်အလှန်ပေးပို့နေကြပါတယ်။ အဲ့ဒီ data တွေပို့တဲ့နေရာမှာ အသုံးများတဲ့ format ကတော့ JSON ပါ။

JSON ဆိုတာ JavaScript Object Notation ရဲ့ အတိုကောက်ဖြစ်ပါတယ်။ နာမည်မှာ JavaScript ပါပေမယ့် JavaScript တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ programming language အများစုက JSON ကို ဖတ်နိုင်၊ ရေးနိုင်ပါတယ်။

ဥပမာ user တစ်ယောက်ရဲ့ data ကို Backend ဆီ JSON format နဲ့ပို့မယ်ဆိုရင်

{
  "name": "SkillHub",
  "age": 28,
  "email": "skillhubcoding@gmail.com"
}


အခုလိုပုံစံမျိုးဖြစ်ပါတယ်။
❤3
API တွေမှာ JSON ကို ဘာလို့သုံးတာလဲ?

အဓိကအကြောင်းရင်းကတော့ data exchange လုပ်ရလွယ်လို့ပါ။ Website က Backend server ဆီကို user data တောင်းတဲ့အခါ Frontend က API Request ပို့ရတယ်။ Backend က database ထဲက data ကိုယူတယ်။ ပြီးရင် JSON format နဲ့ Frontend ဆီ Response ပြန်ပို့ပေးတယ်။ Frontend ကအဲ့ဒီ JSON data ကို လက်ခံပြီး Website ပေါ်မှာပြန်ပြပေးပါတယ်။

ဒါကြောင့် Modern Web Development မှာ API + JSON ကို အရမ်းတွေ့ရတာပဲဖြစ်ပါတယ်။ JSON ဆိုတာ data တွေကို တစ်နေရာကနေ တစ်နေရာ စနစ်တကျပို့ဖို့အသုံးများတဲ့ data format တစ်ခုပါ။
❤2
Website တစ်ခုကို Internet ပေါ်ရောက်အောင် ဘယ်လိုတင်ကြလဲ? 💻 🌐

Website တစ်ခု ရေးပြီးသွားပြီဆိုတာနဲ့ အလုပ်ပြီးသွားပြီလို့ ထင်နေရင်တော့ မှားပါမယ်။ ကိုယ့် Website ကို လူတိုင်း ဝင်ကြည့်နိုင်အောင် Internet ပေါ်ကို တင်ရပါသေးတယ်။ Website က ကိုယ့် Computer ထဲမှာပဲ ရှိနေသေးရင် ကိုယ်တစ်ယောက်တည်းပဲ ဖွင့်ကြည့်လို့ရမှာပါ။ တခြားသူတွေ ဝင်ကြည့်လို့ မရပါဘူး။

ဒါဆို လူတိုင်း ဝင်ကြည့်လို့ရတဲ့ Website ဖြစ်အောင် ဘယ်လိုလုပ်ကြတာလဲ?

အရင်ဆုံး ကိုယ့် Website ရဲ့ File တွေကို Hosting လို့ခေါ်တဲ့ Server Computer ပေါ်ကို တင်ရပါတယ်။ အဲဒီ Server က ၂၄ နာရီ အမြဲဖွင့်ထားတာ ဖြစ်လို့ Internet ရှိတဲ့ ဘယ်နေရာကမဆို အချိန်မရွေး Website ကို ဝင်ကြည့်နိုင်ပါတယ်။ ဥပမာပေးရရင် Server ဆိုတာ Website အတွက် အိမ်တစ်လုံးလိုပါပဲ။ ကိုယ့် Website ရဲ့ File တွေကို အဲ့ဒီအိမ်ထဲမှာ သိမ်းထားတာပါ။
❤2👍1
ဒါပေမယ့် အိမ်ဆောက်ပြီး အိမ်လိပ်စာမသိရင် လူတွေမလာနိုင်သလိုမျိုး Website တစ်ခုကိုလဲ Server ပေါ်တင်လိုက်ရုံနဲ့ မပြီးသေးပါဘူး။ ကျွန်တော်တို့ရဲ့ Website ကိုသိမ်းထားတဲ့ Server တိုင်းမှာ IP Address လို့ခေါ်တဲ့ ဂဏန်းလိပ်စာအရှည်ကြီးတွေရှိပါတယ်။ လူတွေက Website တစ်ခုကိုဝင်ကြည့်ဖို့အတွက် အခုလို ဂဏန်းလိပ်စာအရှည်ကြီးတွေကို မှတ်ထားပြီး ရိုက်ရှာကြမှာမဟုတ်ပါဘူး။ ဒါ​ကြောင့် လူတွေ အလွယ်တကူမှတ်မိနိုင်မယ့် google.com, facebook.com လိုမျိုး Domain Name တစ်ခုလည်း လိုပါတယ်။ Domain Name ဆိုတာ Website ရဲ့ အိမ်လိပ်စာလိုပါပဲ

အဲဒီ Domain Name ကို ကိုယ့် Website ရှိတဲ့ Server နဲ့ ချိတ်ဆက်လိုက်တဲ့အခါမှသာ Website တစ်ခုက Internet ပေါ်မှာ နာမည် ရိုက်လိုက်ရုံနဲ့ လူတိုင်း ဝင်ကြည့်နိုင်တဲ့ Website အဖြစ် အသက်ဝင်လာတာ ဖြစ်ပါတယ်။ Domain name ကိုတော့ GoDaddy, Namecheap တို့လို Website တွေကနေ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ Hosting အတွက်လည်း Hosting Provider တွေဆီကနေ ကိုယ့် Website လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Plan တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်
❤2👍1
Dark Web ဆိုတာဘာလဲ?
တကယ်ပဲ အန္တရာယ်များလား?
☠ 💻

Dark Web ဆိုတာ Internet ရဲ့ လျှို့ဝှက်နေရာတစ်ခုလို့ ပြောလို့ရပါတယ်။ သူ့ကို Chrome, Safari တွေမှာ 'Darkweb.com' လို့ ရိုက်ရှာပြီး ဝင်လို့မရဘူး​။

ဝင်ချင်ရင် Tor browser လို အထူး browser မျိုးတွေလိုအပ်ပါတယ်။ Tor browser ဖွင့်ပြီးရင်တောင် google မှာလို စာရိုက်ရှာလို့ မရဘူး။ ".com" တွေ ".net" တွေ အစား ".onion" လို့ဆုံးတဲ့ link အရှည်ကြီးတွေကို သုံးရတယ်။ ဥပမာပြရရင် Facebook တောင်မှ Dark Web ကနေ ဝင်သုံးချင်တဲ့သူတွေအတွက် တရားဝင် .onion address တစ်ခု ရှိပါတယ်။ ကိုယ်သွားချင်တဲ့ လိပ်စာ (Link) အတိအကျ မသိရင် Dark Web မှာ ဘာမှ လုပ်လို့မရဘူး

လူအများစုက Dark Web ဆိုတာ ကြားတာနဲ့ hacker တွေ၊ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေ၊ ခိုးထားတဲ့ account တွေ ရောင်းဝယ်တဲ့နေရာလို့ပဲ မြင်ကြပါတယ်။ တကယ်လည်း အဲ့လို တရားမဝင်လုပ်ငန်းတွေ ရှိတာမှန်ပါတယ်။ ဒါပေမယ့် Dark Web ထဲမှာ လူတိုင်းက မကောင်းတဲ့သူတွေချည်း မဟုတ်ပါဘူး။ သတင်းထောက်တချို့၊ အစိုးရကို ဝေဖန်ရင် အန္တရာယ်ရှိတဲ့ နိုင်ငံက လူတွေ၊ ကိုယ့်ရဲ့ Identity ကို ဖုံးကွယ်ပြီး ဆက်သွယ်ချင်တဲ့သူတွေလည်း အသုံးပြုကြပါတယ်။
❤3👍1
ဒါဆို Dark Web က အန္တရာယ်များလား?

အဖြေက "များပါတယ်" လို့ပဲ ပြောရမှာပါ။ ဘာမှမသိဘဲ လျှောက်ဝင်တာ၊ မသိတဲ့ Link တွေ နှိပ်တာ၊ File တွေ Download လုပ်တာက ကိုယ့်စက်ထဲကို malware ကူးနိုင်တယ်၊ scam ခံရနိုင်တယ်၊ ကိုယ့်ရဲ့ device နဲ့ data တွေကို ထိခိုက်နိုင်ပါတယ်။ တချို့ Website တွေက ဥပဒေချိုးဖောက်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ကျွမ်းကျင်တဲ့ သူတွေအတွက်တော့ Dark Web က လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့ နေရာဖြစ်ပေမယ့်၊ ဘာမှန်းမသိဘဲ စမ်းဆော့ချင်တဲ့ သူတွေအတွက်တော့ ဒုက္ခတွင်းပါပဲ။ ဒါကြောင့် "Dark Web ကို ဝင်ကြည့်ချင်တယ်" ဆိုပြီး စိတ်ဝင်စားရုံနဲ့ လျှောက်စမ်းတာထက်၊ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အရင်လေ့လာထားတာက ပိုကောင်းပါတယ်။

နည်းပညာတစ်ခုက ကောင်းလား၊ ဆိုးလားဆိုတာထက် အသုံးပြုတဲ့သူရဲ့ ရည်ရွယ်ချက်က ပိုအရေးကြီးပါတယ်
❤1👍1
GraphQL vs REST API
သူတို့နှစ်ခု ဘာကွာလဲ?
🤔

Website တစ်ခုမှာ user profile ကိုဖွင့်လိုက်တယ်ဆိုပါစို့။ ကိုယ်လိုချင်တာက နာမည်၊ profile photo နဲ့ follower count ပဲ။ REST API သုံးထားရင် server က "ရော့... အကုန်ယူသွား" ဆိုပြီး email, phone, address စတဲ့ မလိုတဲ့ data တွေပါ တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ ကိုယ်က ၃ ခုပဲလိုတာကို ၁၀ ခုလောက်ရလာတဲ့သဘောပါ။

ဒါပေမယ့် GraphQL မှာတော့ အဲ့လိုမဟုတ်ပါဘူး။ "နာမည်၊ profile photo နဲ့ follower count ပဲပေး" လို့ ပြောလိုက်တာနဲ့ server က အဲ့ဒီ ၃ ခုတည်းပဲ ပို့ပေးပါတယ်။ GraphQL ဆိုတာ Facebook က သူတို့ app မှာ data တွေကို ပိုထိရောက်အောင် ယူနိုင်ဖို့ ဖန်တီးခဲ့တဲ့ API Technology တစ်ခုပါ။ အခုချိန်မှာတော့ Facebook အပြင်တခြား company အများစုကလည်း GraphQL ကို အသုံးပြုလာကြပါပြီ။
❤1👍1
ဒါဆို GraphQL က REST API ထက် ပိုကောင်းတာလား?

မဟုတ်ပါဘူး

REST API ကတော့ ရိုးရှင်းပြီး အသုံးများတဲ့ API ပုံစံဖြစ်တာကြောင့် project တော်တော်များများမှာ အခုထိ အဓိကအသုံးပြုနေဆဲပါ။ Project သေးသေးလေးတွေ၊ API ရိုးရိုးလေးတွေဆို REST API က ရိုးရှင်းပြီး လုပ်ရလည်းလွယ်ပါတယ်။ ဒါပေမယ့် app ကကြီးလာမယ်၊ screen တစ်ခုတည်းမှာ data အမျိုးမျိုးလိုလာမယ်၊ mobile Internet ချွေတာချင်မယ်ဆိုရင်တော့ GraphQL က ပိုအဆင်ပြေပါတယ်။

အတိုချုပ်ပြောရရင် REST API က "Server ပေးချင်တဲ့ data ကိုပဲ ယူရတယ်" GraphQL ကတော့ "ကိုယ်လိုချင်တဲ့ data ကိုပဲ server ဆီက တောင်းယူလို့ရတယ်"

ဒါကြောင့် API နှစ်ခုစလုံးကို သိထားတာ ကောင်းပါတယ်။ ဘာကိုရွေးရမလဲဆိုတာက ကိုယ်လုပ်မယ့် project ပေါ်မှာပဲ မူတည်ပါတယ်
❤1👍1
WebSockets ဆိုတာဘာလဲ?
Messenger Chat တွေ၊ Live Chat တွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်
💬

ကိုယ်က Messenger မှာ friend တစ်ယောက်ဆီ စာပို့လိုက်တယ်ဆိုပါစို့။ send နှိပ်ပြီး စက္ကန့်ပိုင်းအတွင်း တစ်ဖက်ကလူက ဖတ်ပြီး reply ပြန်လာတယ်။ အဲ့ဒီလိုပဲ Live Chat တွေမှာလည်း message အသစ်တွေက refresh မနှိပ်ဘဲ အလိုအလျောက် ပေါ်လာတယ်။ ဒီလို Real-time ဖြစ်နေတာရဲ့ နောက်ကွယ်မှာ အဓိက အလုပ်လုပ်ပေးနေတာကတော့ WebSockets ပါ။

ပုံမှန် website တွေမှာ browser က server ကို request ပို့တယ်။ server က response ပြန်ပို့တယ်။ ပြီးရင် connection ကို ပိတ်လိုက်ပါတယ်။ ကိုယ်က data အသစ်ထပ်လိုချင်ရင် browser က request ထပ်ပို့ရပါတယ်။ ဒါပေမယ့် chat app တွေမှာ ဒီနည်းလမ်းက အဆင်မပြေပါဘူး။ Message အသစ်ရောက်မရောက်ကို အမြဲတမ်း request ပို့နေရရင် network လည်းပိုသုံးရသလို delay လည်း ဖြစ်ပါတယ်။
❤1👍1
ဒါကြောင့် WebSockets ကိုအသုံးပြုရတာပါ။ WebSockets က browser နဲ့ server ကြားမှာ connection တစ်ခုကို ဖွင့်ထားပြီး ချိတ်ဆက်ထားပါတယ်။ အဲ့ဒီ connection ဖွင့်ထားတဲ့အတွက် browser က server ဆီ data ပို့ချင်ရင် ချက်ချင်းပို့နိုင်သလို Server ကလည်း browser မတောင်းခင် message အသစ်၊ notification အသစ်တွေကို တိုက်ရိုက် push လုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် messenger မှာ စာပို့ရင် ချက်ချင်းမြင်ရတာ၊ live chat တွေမှာ reply ချက်ချင်းရတာတွေ အားလုံးက WebSockets ကြောင့် ဖြစ်တာပါ။ WebSockets ကို chat application တွေအပြင် live notification၊ stock price၊ sports score နဲ့ multiplayer game တွေမှာလည်း အသုံးပြုကြပါတယ်။

အနှစ်ချုပ်ပြောရရင် WebSockets ဆိုတာ browser နဲ့ server ကြားမှာ connection ကို အမြဲဖွင့်ထားပြီး data တွေကို real-time အပြန်အလှန် ပို့နိုင်အောင် လုပ်ပေးတဲ့ technology တစ်ခုပါ
❤1👍1