အဖြေကတော့ "No" ပါ။ IP Address ကနေ သိနိုင်တာတွေကတော့ နိုင်ငံ၊ မြို့ သို့မဟုတ် နီးစပ်တဲ့ ဧရိယာ လောက်ပဲ ဖြစ်ပါတယ်။ ဥပမာ Yangon မှာရှိတဲ့ Internet Provider တစ်ခုရဲ့ IP ဖြစ်တယ်ဆိုတာ သိနိုင်ပေမယ့် "ဒီ IP က ဘယ်အိမ်၊ ဘယ်အခန်းက သုံးနေတာလဲ" ဆိုတာတော့ သာမန်လူတွေ မသိနိုင်ပါဘူး။ အိမ်လိပ်စာအတိအကျ သိဖို့ဆိုရင် ISP ရဲ့ Customer Data တွေကို ဝင်ကြည့်နိုင်တဲ့ အာဏာရှိတဲ့ အဖွဲ့အစည်းတွေ၊ တရားရုံးအမိန့်နဲ့ စုံစမ်းရေးလုပ်ငန်းတွေ လိုအပ်ပါတယ်။

ဒါကြောင့် "IP Address ရသွားရင် မင်းအိမ်ကို သိသွားပြီ" ဆိုတဲ့ ခြိမ်းခြောက်စကားတွေက လူအများ အလွန်အကျွံပြောထားတာ ဖြစ်ပါတယ်။ IP Address တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ တည်နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Movie တွေထဲကလို အိမ်လိပ်စာ အတိအကျရှာတွေ့နိုင်တာတော့ မဟုတ်ပါဘူး။

ဒါကြောင့် "IP သိသွားရင် မင်းအိမ်ကို သိသွားပြီ" ဆိုတဲ့ စကားတွေကို အပြည့်အဝ မယုံသင့်ပါဘူး။ IP Address က Location ကို ခန့်မှန်းပေးနိုင်တဲ့ အချက်အလက်တစ်ခုသာဖြစ်ပါတယ်
❤2🔥1
Web App နဲ့ Website ဘာကွာလဲ? 🤔 🌐

Website နဲ့ Web App က အပြင်ပန်းကြည့်ရင် တူသလိုပဲထင်ရပေမယ့် အသုံးပြုပုံက မတူဘူး။
Website ဆိုတာ အဓိကအားဖြင့် “ဖတ်ဖို့” နဲ့ “ကြည့်ဖို့” အတွက်ပဲဖြစ်တယ်။ ဥပမာ - News Website, Company Website, Portfolio Website တို့လိုမျိုး။ User က website ထဲဝင်ပြီး information တွေဖတ်မယ်၊ ပုံတွေကြည့်မယ်၊ service တွေကြည့်မယ်။ User အလုပ်လုပ်နိုင်တဲ့ feature တွေသိပ်မများဘူး။

Web App ကတော့ user “အသုံးပြုဖို့” အတွက်ဖြစ်တယ်။ login ဝင်မယ်၊ data ထည့်မယ်၊ task လုပ်မယ်၊ result ရမယ်။ User အလုပ်လုပ်လို့ရတဲ့ feature တွေအများကြီးရှိတယ်။
ဥပမာ Facebook.com, Gmail.com, Canva.com, Youtube.com ဒါတွေက Web App တွေဖြစ်ကြတယ်။
❤4
အခုခေတ်မှာတော့ Website နဲ့ Web App ကိုပေါင်းထားတဲ့ project တွေလည်းများလာပြီ။ ဥပမာ E-commerce Website တစ်ခုဆိုရင် Product ကြည့်တဲ့အပိုင်းက Website ဆန်တယ်။
Cart ထည့်တာ၊ Payment ချေတာတွေက Web App ဆန်တယ်။

လွယ်လွယ်ပြောရရင် Website ဆိုတာ Information ကြည့်ဖို့အတွက်သီးသန့်ပဲ။
Web App ကတော့ user တွေအလုပ်လုပ်ဖို့၊ function တွေသုံးဖို့ အတွက်ဖြစ်တယ်။

နောက်ထပ်ကွာခြားချက်ကတော့ Web App တွေက backend logic, database, authentication စတာတွေ ပိုလိုအပ်ပါတယ်။
❤4
HTML အခြေခံသင်ခန်းစာ
အပိုင်း (၄)


ဒီအပိုင်းမှာတော့ HTML Lists တွေနဲ့ VS Code မှာ Live Server Extension ထည့်နည်းအကြောင်းတွေကို ရှင်းပြပေးထားပါတယ်။

အပိုင်း (၄) ရပါပြီ 🎞

video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqc6f8ge/
❤4👍1👨‍💻1
Programming လေ့လာမယ်ဆိုပြီး YouTube မှာရှာလိုက်တာနဲ့ Python, JavaScript, Java, C++ ဆိုပြီး Language တွေအများကြီးထွက်လာတာကိုတွေ့ရပါမယ်။ အဲ့ဒီမှာ beginner တွေအများဆုံးဖြစ်သွားတာက “ဘယ်ကနေ စရမလဲ?” "ဘာကိုရွေးချယ်ရမလဲ?" ဆိုတာကို မသိတော့တာပါ။

တချို့က Java သင် Java ကကောင်းဆိုလို့လိုက်သင်တယ်၊ ပြီးတော့ဘယ်လောက်မှမကြာသေးဘူး C++ ကပို powerful ဖြစ်တယ်၊ ပိုကောင်းတယ်ဆိုပြီး C++ ဘက်ရောက်သွားပြန်ရော။ အဲ့လိုနဲ့ Language တွေသာစုံသွားတယ်။ တစ်ခုမှမယ်မယ်ရရ မတက်တော့တာမျိုးဖြစ်သွားပါတယ်

အသေးစိတ်ကို TikTok မှာ ဖတ်ရှုနိုင်ပါတယ် ⬇ https://vt.tiktok.com/ZSqERCkL9/
❤4👍1
Programming လေ့လာချင်ပေမယ့် ဘယ်ကနေစရမလဲ၊ ဘာတွေလေ့လာရမလဲဆိုတာကို မသိသေးဘူးလား?

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Programming Fundamentals Class ကသင့်အတွက်ပါပဲ ❤

💡 Class ထဲမှာ ဘာတွေသင်ရမလဲ?

Class ထဲမှာ Python ကိုအသုံးပြုပြီး Programming ရဲ့အခြေခံသဘောတရားတွေ၊ Logic တွေနဲ့ Problem Solving Skills တွေကို အခြေခံကနေ တစ်ဆင့်ချင်း Step by Step သင်ကြားပေးသွားမှာပါ။

✍️ Class မှာ ပါမှာတွေကတော့

1️⃣ Programming Introduction
2️⃣ Algorithm & Flowchart (Basic)
3️⃣ Python Setup
4️⃣ Python Fundamentals
5️⃣ Decision Making
6️⃣ Loops
7️⃣ Functions
8️⃣ Data Structures
9️⃣ File Handling
🔟 Object-Oriented Programming (OOP)

🚀 Hands-on Projects

သင်ခန်းစာတွေမှာ လေ့လာခဲ့တဲ့ Programming Concepts တွေကို လက်တွေ့အသုံးချနိုင်အောင် လက်တွေ့ Project ၃ ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။

1⃣ Bank System Project
2⃣ QR Code Generator
3⃣ Calculator Project

ဒီ Project တွေကနေတစ်ဆင့် Python Code ရေးပုံ၊ Programming Logic နဲ့ System တစ်ခုရဲ့ အခြေခံအလုပ်လုပ်ပုံ တွေကို လက်တွေ့နားလည်လာအောင် လေ့ကျင့်နိုင်မှာပါ။

🎯 ဘယ်သူတွေတက်သင့်လဲ?

👉 Programming ကို အခုမှစလေ့လာမယ့် Beginner တွေ
👉 Python ကို စနစ်တကျလေ့လာချင်သူတွေ
👉 Programming Logic အခြေခံကောင်းကောင်း တည်ဆောက်ချင်သူတွေ
👉 နောက်ပိုင်း Web Development, AI, Machine Learning, Data Science စတဲ့ နယ်ပယ်တွေကို ဆက်လေ့လာချင်သူတွေ

💻 သင်တန်းပုံစံ

သင်တန်းက Telegram private group မှာ video lesson တွေနဲ့ စနစ်တကျသင်ကြားပေးသွားမယ့် Video Class ပါ 📱

✅ Video Class ဖြစ်တဲ့အတွက် မိမိအဆင်ပြေတဲ့အချိန်မှာ လေ့လာနိုင်ခြင်း
✅ တစ်ကြိမ်ဝယ်ယူပြီးရင် သင်ခန်းစာတွေကိုအချိန်မရွေး ပြန်လေ့လာနိုင်ခြင်း
✅ Programming ကို အခြေခံကနေ အဆင့်ဆင့်လေ့လာနိုင်ခြင်း
✅ Code Examples တွေနဲ့ လက်တွေ့လေ့ကျင့်နိုင်ခြင်း
✅ Beginner တွေအတွက် နားလည်လွယ်အောင် ရှင်းပြထားခြင်း

📚 ဒီသင်တန်းပြီးတဲ့အချိန်မှာ

Python ကို နားလည်သွားရုံသာမက Programming ရဲ့ အခြေခံ Concept တွေ၊ Logic တွေကို နားလည်ပြီး ကိုယ်တိုင် Basic Programs နဲ့ Projects တွေကို ရေးနိုင်သွားမှာပါ။ နောက်ပြီး Web Development, AI, Data Science, Cyber Security စတဲ့ တခြား IT Fields တွေကို ဆက်လေ့လာဖို့ လိုအပ်တဲ့ အခြေခံ Foundation တစ်ခုကိုလည်း ရရှိသွားမှာပါ

သင်တန်းစုံစမ်းရန် 👉 @skillhubcoding1
❤2👍1🍓1
SkillHub coding ရဲ့ Video အသစ် >

"NPM ဆိုတာဘာလဲ? Developer တွေ ဘာလို့လိုအပ်တာလဲ? 🤔 💻"

တင်ထားပါပြီ။

ကြည့်ရန် Link >
https://vt.tiktok.com/ZSbJqNoPw/
❤1🔥1🍓1
Media is too big
VIEW IN TELEGRAM
We Are Programmer 🤝 💻
👨‍💻5
ဒီမေးခွန်းက programming လေ့လာနေတဲ့သူတော်တော်များများရဲ့ စိတ်ထဲမှာရှိတဲ့ မေးခွန်းတစ်ခုပါ။ “AI က code ရေးပေးနိုင်ပြီဆိုရင် developer တွေကို ဘာလို့လိုတော့မှာလဲ?” တကယ်တော့ အဲ့ဒီလိုတွေးတာက မှားပါတယ်။ AI က code ရေးပေးနိုင်တယ်။ bug ရှာပေးနိုင်တယ်။ website တွေကိုတောင်အစအဆုံး တည်ဆောက်ပေးနိုင်တယ်။ ဒါပေမယ့် “ဘယ်လိုပုံစံဆောက်မှာလဲ” "user တွေအတွက် အသုံးဝင်ရဲ့လား" “ai ပေးတဲ့ code ကအဆင်ပြေရဲ့လား” ဆိုတာတွေကိုတော့ developer က ဆုံးဖြတ်ပေး​နေရတုန်းပါပဲ။

ဥပမာ online shop website တစ်ခုလုပ်မယ်ဆိုရင် AI ကို code ရေးခိုင်းလိုက်ရုံနဲ့ မပြီးသေးပါဘူး။ payment ပိုင်းဘယ်လိုလုပ်မလဲ? user data ကို ဘယ်လိုကာကွယ်မလဲ? website slow ဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ? ဒီလိုဆုံးဖြတ်ချက်တွေက code ​​ရေးတတ်ရုံနဲ့မရပါဘူး

အသေးစိတ်ကို TikTok မှာဖတ်ရှုနိုင်ပါတယ် ⬇
https://vt.tiktok.com/ZSbL1MGaX/
❤3
SkillHub coding ရဲ့ Video အသစ် >

"Full Stack Developer ဆိုတာဘာလဲ? ဘာလုပ်ရတာလဲ? 🤔 💻"

တင်ထားပါပြီ။

ကြည့်ရန် Link >
https://vt.tiktok.com/ZSbYU18wQ/
❤2
SkillHub coding ရဲ့ Post အသစ် >

"Python Libraries & Frameworks 📚 🌐 "

တင်ထားပါပြီ။

ကြည့်ရန် Link >
https://vt.tiktok.com/ZSbjSR9pU/
❤1
This media is not supported in your browser
VIEW IN TELEGRAM
The Moment You Start Learning JavaScript 💀
😁3🍓1