HTTP နဲ့ HTTPS ဘာကွာလဲ?
Web Security ရဲ့ အခြေခံကို လေ့လာကြမယ် 🔐
Website တစ်ခုကို ဝင်လိုက်တဲ့အခါ Browser Address Bar မှာ http:// ဒါမှမဟုတ် https:// ဆိုပြီး တွေ့ဖူးကြမှာပါ။ လူအများစုကတော့ ဒါကို သတိမထားမိကြပေမယ့် Web Security အတွက်တော့ အရမ်းအရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
HTTP နဲ့ HTTPS ဆိုတာ Browser နဲ့ Server ကြားမှာ Data တွေကို ဘယ်လို အပြန်အလှန် ပို့ရမယ်ဆိုတဲ့ စည်းမျဉ်း (Protocol) တွေ ဖြစ်ပါတယ်။ ဥပမာ Browser က Server ဆီက Web Page တစ်ခု တောင်းဆိုတဲ့အခါ Request ပို့ရပါတယ်။ Server ကလည်း ပြန်ပြီး Response ပို့ပေးရပါတယ်။ ဒီ Request နဲ့ Response တွေ ဘယ်လိုပုံစံနဲ့ သွားလာရမယ်ဆိုတာကို HTTP နဲ့ HTTPS က သတ်မှတ်ပေးတာပါ။
နှစ်ခုလုံးက Data တွေကို အပြန်အလှန် ပို့ဆောင်ဖို့ အသုံးပြုကြပေမယ့် HTTP က Data တွေကို သာမန်ပုံစံနဲ့ ပို့ပြီး HTTPS ကတော့ Data တွေကို Encryption လုပ်ပြီး လုံခြုံစွာ ပို့ပေးပါတယ်။ ဥပမာ Facebook Website ထဲ Login ဝင်ဖို့ Username နဲ့ Password ရိုက်ထည့်နေတယ်ဆိုပါစို့။ Facebook က HTTP ကိုသာ အသုံးပြုထားရင် ကိုယ့်ရဲ့ Data တွေဟာ Internet ပေါ်မှာ သာမန်စာသားအဖြစ် သွားနေတဲ့အတွက် ကြားဖြတ်ဖမ်းယူခံရနိုင်ပါတယ်။

❤4
ဒါပေမယ့် HTTPS ကို အသုံးပြုထားရင်တော့ Data တွေကို Encryption လုပ်ထားပြီး ပို့ပေးတာကြောင့် ကြားဖြတ်ဖမ်းယူမိခဲ့ရင်တောင် နားမလည်နိုင်တဲ့ Code တွေအဖြစ်ပဲ မြင်ရပါလိမ့်မယ်။ အလွယ်ပြောရရင် HTTP က Postcard ပို့သလိုဖြစ်ပြီး လမ်းမှာ ဘယ်သူမဆို ဖတ်လို့ရနိုင်ပါတယ်။ HTTPS ကတော့ စာအိတ်ပိတ်ပြီး ပို့သလိုပါပဲ။ ပေးပို့သူနဲ့ လက်ခံသူကလွဲပြီး အခြားသူတွေ မဖတ်နိုင်ပါဘူး။
ဒါကြောင့် Website တစ်ခု ဝင်တဲ့အခါ Address Bar ထဲမှာ 🔒 Lock Icon လေးနဲ့ HTTPS ပါမပါကို ကြည့်တတ်ဖို့ လိုပါတယ်။ အဲ့ဒီ Lock Icon လေးက Website က လုံခြုံတဲ့ Connection ကို အသုံးပြုနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ Web Developer တွေအတွက်လည်း HTTPS က Optional မဟုတ်တော့ပါဘူး။ User တွေရဲ့ Data တွေကို ကာကွယ်ဖို့၊ Search Engine Ranking ကောင်းဖို့နဲ့ Website ရဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့ HTTPS ကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်

❤5
HTML အခြေခံသင်ခန်းစာ
အပိုင်း (၁)
HTML နဲ့ပတ်သတ်ပြီး Beginner တစ်ယောက် သိသင့်သိထိုက်ရမယ့် အကြောင်းအရာတွေကို လိုတိုရှင်း series အနေနဲ့ ဖန်တီးသွားပါမယ်။
အခု အပိုင်း (၁) ရပါပြီ 🎞
video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqRtBLM2/

SkillHub coding facebook page 🚩
Please follow our Facebook page for more updates and content. Thank you for your support! ❤️
Link ⬇⬇⬇
https://www.facebook.com/share/1BUHwYTBiN/

❤2
UI/UX ဆိုတာ ဘာလဲ? Web Dev တစ်ယောက်အတွက် ဘာလို့ အရေးကြီးတာလဲ? 🎨 💻
Website တစ်ခုကို လူတွေဝင်တဲ့အခါ အရင်ဆုံးမြင်ရတာ code မဟုတ်ဘူး။ Design နဲ့ Experience ပဲ။ ဒါကြောင့် UI/UX က Web Development မှာအရမ်းအရေးပါတယ်။
UI ဆိုတာ လူတွေမြင်ရတဲ့အရာတွေကိုပြောတာ ဥပမာ color တွေ၊ button တွေ၊ font တွေ၊ layout တွေ။ UI လှရင်လူတွေရဲ့ အထင်ကြီးမူ၊ စိတ်ဝင်စားမူကို ရရှိစေတယ်။ ဒါပေမယ့် အဲ့ဒါတင်မလုံလောက်သေးဘူး။ Website တစ်ခုကလှပေမယ့် အသုံးပြုရခက်နေမယ်ဆိုရင် user ကကြာကြာမနေပဲ ထွက်သွားတတ်တယ်။ ဒါကြောင့် UI နဲ့အတူ UX ကလဲအရေးပါတယ်။
UX ဆိုတာကတော့ user အတွေ့အကြုံပါ။ Site ထဲဝင်လာတဲ့အချိန် ဘယ်ခလုပ်ကိုနှိပ်ရမှန်းသိတာ၊ ကိုယ်လိုတာကိုလွယ်လွယ်ကူကူရှာလို့ရတာ၊ သုံးရတာစိတ်မရှုပ်ဘူး ဒီလိုအရာတွေကို UX လို့ခေါ်ပါတယ်။ တစ်ခါတလေ UI မလှပေမယ့် UX ကောင်းရင် လူတွေပြန်လာတတ်တယ်။ ဒါကြောင့် UI နဲ့ UX နှစ်ခုလုံး balance ဖြစ်ရမယ်။

❤7
Web Developer တစ်ယောက်အတွက် ဒီနှစ်ခုက မျက်နှာပြင်ပေါ်က decoration တင်မကဘူး။ ကိုယ်ရေးတဲ့ code ရဲ့တန်ဖိုးကို ဆုံးဖြတ်ပေးတဲ့အရာတွေဖြစ်တယ်။
Feature ကောင်းတစ်ခုလုပ်ထားပေမယ့် user မသုံးတတ်ဘူးဆိုရင် အဲ့ဒီ feature က မရှိသလိုပဲဖြစ်သွားတယ်။ ဒါကြောင့် developer ကောင်းတစ်ယောက်ဆိုတာ code ရေးတတ်ရုံတင်မကဘူး။ User ဘာလိုချင်လဲဆိုတာ နားလည်တတ်ရမယ်။ သူတို့ကိုမပင်ပန်းစေဘဲ လမ်းပြပေးတတ်ရမယ်။ Simple ဖြစ်ပေမယ့် အသုံးဝင်အောင်လုပ်တတ်ရမယ်။
နောက်ဆုံးတော့ Website တစ်ခုအောင်မြင်၊ မအောင်မြင်ဆိုတာ code ကိုမိုးပျံအောင်ရေးထားတာနဲ့ မဆိုင်ဘူး။ လူတွေဘယ်လောက်အဆင်ပြေပြေသုံးလို့ရလဲ ဆိုတာနဲ့ပဲ သက်ဆိုင်တယ်။

အပိုင်း (၂)
ဒီအပိုင်းမှာတော့ HTML Heading (ခေါင်းစဥ်) နဲ့ Paragraph (စာပိုဒ်) tags တွေအကြောင်းရှင်းပြပေးထားပါတယ်။
အပိုင်း (၂) ရပါပြီ 🎞
video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqf7EJwy/

❤3🔥2
HTML အခြေခံသင်ခန်းစာ
အပိုင်း (၃)
ဒီအပိုင်းမှာတော့ HTML img tag နဲ့ webpage ပေါ်မှာပုံထည့်နည်း၊ a tag နဲ့ link ချိတ်နည်းစတာတွေကို ရှင်းပြပေးထားပါတယ်။
အပိုင်း (၃) ရပါပြီ 🎞
video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqQd1Dop/

❤3
Developer တိုင်းမဖြစ်မနေ သိထားရမယ့် API အကြောင်း 📚 💻
Developer တိုင်း API ဆိုတဲ့စကားလုံးကို ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲ့ဒီ API ဆိုတာ ဘာကြီးလဲ? ဘယ်နေရာမှာသုံးတာလဲ?
API ဆိုတာ Application Programming Interface ဖြစ်ပြီး Software နှစ်ခုကြား အချက်အလက်တွေ အပြန်အလှန် ဆက်သွယ်ဖို့ အသုံးပြုတဲ့ တံတားတစ်ခုလိုပါပဲ။ ဥပမာ Facebook App ကို ဖွင့်လိုက်တဲ့အခါ သင့်ရဲ့ Profile, Posts, Messages တွေက App ထဲမှာ သိမ်းထားတာမဟုတ်ဘူး။ Server ဆီကနေ API ကိုသုံးပြီး လှမ်းတောင်းယူတာပါ။ Weather App တစ်ခုမှာ ရာသီဥတုအချက်အလက်တွေ မြင်ရတာလည်း API ကြောင့်ပဲ။ Payment စနစ်တွေ၊ Maps တွေ၊ AI Chatbot တွေ၊ Login with Google လို Feature တွေအားလုံးရဲ့ နောက်ကွယ်မှာ API တွေ အလုပ်လုပ်နေကြပါတယ်။
Developer တစ်ယောက်အနေနဲ့ API ကို နားမလည်ဘဲ Application ကြီးတွေ တည်ဆောက်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ် Software Development က အရာအားလုံးကို အစကနေ ပြန်မတည်ဆောက်တော့ပါဘူး။ ရှိပြီးသား Service တွေနဲ့ပဲ ချိတ်ဆက်ပြီး အလုပ်လုပ်ကြတာများပါတယ်။

API ကို သိထားရင် ကိုယ်တိုင် Feature အားလုံးကို အစကနေ မရေးရတော့ဘဲ အခြား Service တွေရဲ့ စွမ်းဆောင်ရည်တွေကို ကိုယ့် Application ထဲ တိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Frontend Developer ပဲဖြစ်ဖြစ် Backend Developer ပဲဖြစ်ဖြစ် API Request ပို့တာ၊ Response လက်ခံတာ၊ Data ကို အသုံးချတာတွေကို သိထားဖို့လိုအပ်ပါတယ်။ API ကို နားလည်လာတဲ့အခါ ကိုယ်ရေးတဲ့ App က Database နဲ့ ဘယ်လိုချိတ်ဆက်တယ်၊ Mobile App နဲ့ Server က ဘယ်လိုအချက်အလက်ဖလှယ်တယ် ဆိုတာတွေ ပိုရှင်းလင်းလာပါမယ်။
ဒါကြောင့် Developer တစ်ယောက်အနေနဲ့ API Request, Response, Endpoint, HTTP Method နဲ့ Authentication တို့ကို မဖြစ်မနေ လေ့လာထားသင့်ပါတယ်။
ဒီနေ့ခေတ် Software တော်တော်များများရဲ့ နောက်ကွယ်မှာ API တွေ အလုပ်လုပ်နေပြီး API ကို နားလည်ထားတဲ့ Developer က ပိုမြန်မြန် တည်ဆောက်နိုင်သလို ပိုကြီးမားတဲ့ Project တွေကိုလည်း ကိုင်တွယ်နိုင်ပါတယ်။

❤6
IP Address တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ တည်နေရာအတိအကျ ကိုသိနိုင်သလား? 💻 🏠
Movie တွေထဲမှာတော့ IP Address တစ်ခုရတာနဲ့ အိမ်လိပ်စာအတိအကျရှာနိုင်သလို ပြထားပါတယ်။ ဒါပေမယ့် အပြင်လောကမှာကော အဲ့လောက်လွယ်လား?
အရင်ဆုံး IP Address ဆိုတာ ဘာလဲဆိုတာကိုရှင်းပြပေးပါမယ်။ IP Address ဆိုတာ Internet ပေါ်မှာရှိတဲ့ Device တစ်ခုချင်းစီကို သတ်မှတ်ပေးထားတဲ့ Address တစ်ခုပါ။ လူတွေအတွက် အိမ်လိပ်စာရှိသလို Computer၊ Phone၊ Router တွေအတွက်လည်း IP Address ရှိပါတယ်။ ဥပမာ (192.168.1.1) (8.8.8.8) လို နံပါတ်တွေကို IP Address လို့ ခေါ်ပါတယ်။
ကိုယ်က Website တစ်ခုကို ဝင်တဲ့အခါ၊ Message ပို့တဲ့အခါ၊ Video ကြည့်တဲ့အခါမှာ ကိုယ့် Device နဲ့ Server ကြား ဆက်သွယ်နိုင်ဖို့ IP Address ကို အသုံးပြုရပါတယ်။ တစ်နည်းပြောရရင် Internet ပေါ်မှာ Data တွေ ဘယ်ကလာပြီး ဘယ်ကိုသွားရမလဲဆိုတာ သိဖို့ IP Address ကို အသုံးပြုတာပါ။
ဒါဆို IP Address တစ်ခုသိတာနဲ့ Movie တွေထဲကလို Map ပေါ်မှာ အနီရောင်စက်လေးပေါ်လာပြီး "Target Located" ဖြစ်သွားတာမျိုးရှိလား?

❤1🔥1
အဖြေကတော့ "No" ပါ။ IP Address ကနေ သိနိုင်တာတွေကတော့ နိုင်ငံ၊ မြို့ သို့မဟုတ် နီးစပ်တဲ့ ဧရိယာ လောက်ပဲ ဖြစ်ပါတယ်။ ဥပမာ Yangon မှာရှိတဲ့ Internet Provider တစ်ခုရဲ့ IP ဖြစ်တယ်ဆိုတာ သိနိုင်ပေမယ့် "ဒီ IP က ဘယ်အိမ်၊ ဘယ်အခန်းက သုံးနေတာလဲ" ဆိုတာတော့ သာမန်လူတွေ မသိနိုင်ပါဘူး။ အိမ်လိပ်စာအတိအကျ သိဖို့ဆိုရင် ISP ရဲ့ Customer Data တွေကို ဝင်ကြည့်နိုင်တဲ့ အာဏာရှိတဲ့ အဖွဲ့အစည်းတွေ၊ တရားရုံးအမိန့်နဲ့ စုံစမ်းရေးလုပ်ငန်းတွေ လိုအပ်ပါတယ်။
ဒါကြောင့် "IP Address ရသွားရင် မင်းအိမ်ကို သိသွားပြီ" ဆိုတဲ့ ခြိမ်းခြောက်စကားတွေက လူအများ အလွန်အကျွံပြောထားတာ ဖြစ်ပါတယ်။ IP Address တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ တည်နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Movie တွေထဲကလို အိမ်လိပ်စာ အတိအကျရှာတွေ့နိုင်တာတော့ မဟုတ်ပါဘူး။
ဒါကြောင့် "IP သိသွားရင် မင်းအိမ်ကို သိသွားပြီ" ဆိုတဲ့ စကားတွေကို အပြည့်အဝ မယုံသင့်ပါဘူး။ IP Address က Location ကို ခန့်မှန်းပေးနိုင်တဲ့ အချက်အလက်တစ်ခုသာဖြစ်ပါတယ်

❤2🔥1
Web App နဲ့ Website ဘာကွာလဲ? 🤔 🌐
Website နဲ့ Web App က အပြင်ပန်းကြည့်ရင် တူသလိုပဲထင်ရပေမယ့် အသုံးပြုပုံက မတူဘူး။
Website ဆိုတာ အဓိကအားဖြင့် “ဖတ်ဖို့” နဲ့ “ကြည့်ဖို့” အတွက်ပဲဖြစ်တယ်။ ဥပမာ - News Website, Company Website, Portfolio Website တို့လိုမျိုး။ User က website ထဲဝင်ပြီး information တွေဖတ်မယ်၊ ပုံတွေကြည့်မယ်၊ service တွေကြည့်မယ်။ User အလုပ်လုပ်နိုင်တဲ့ feature တွေသိပ်မများဘူး။
Web App ကတော့ user “အသုံးပြုဖို့” အတွက်ဖြစ်တယ်။ login ဝင်မယ်၊ data ထည့်မယ်၊ task လုပ်မယ်၊ result ရမယ်။ User အလုပ်လုပ်လို့ရတဲ့ feature တွေအများကြီးရှိတယ်။
ဥပမာ Facebook.com, Gmail.com, Canva.com, Youtube.com ဒါတွေက Web App တွေဖြစ်ကြတယ်။

အခုခေတ်မှာတော့ Website နဲ့ Web App ကိုပေါင်းထားတဲ့ project တွေလည်းများလာပြီ။ ဥပမာ E-commerce Website တစ်ခုဆိုရင် Product ကြည့်တဲ့အပိုင်းက Website ဆန်တယ်။
Cart ထည့်တာ၊ Payment ချေတာတွေက Web App ဆန်တယ်။
လွယ်လွယ်ပြောရရင် Website ဆိုတာ Information ကြည့်ဖို့အတွက်သီးသန့်ပဲ။
Web App ကတော့ user တွေအလုပ်လုပ်ဖို့၊ function တွေသုံးဖို့ အတွက်ဖြစ်တယ်။
နောက်ထပ်ကွာခြားချက်ကတော့ Web App တွေက backend logic, database, authentication စတာတွေ ပိုလိုအပ်ပါတယ်။

အပိုင်း (၄)
ဒီအပိုင်းမှာတော့ HTML Lists တွေနဲ့ VS Code မှာ Live Server Extension ထည့်နည်းအကြောင်းတွေကို ရှင်းပြပေးထားပါတယ်။
အပိုင်း (၄) ရပါပြီ 🎞
video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqc6f8ge/

❤4👍1👨💻1
Programming လေ့လာမယ်ဆိုပြီး YouTube မှာရှာလိုက်တာနဲ့ Python, JavaScript, Java, C++ ဆိုပြီး Language တွေအများကြီးထွက်လာတာကိုတွေ့ရပါမယ်။ အဲ့ဒီမှာ beginner တွေအများဆုံးဖြစ်သွားတာက “ဘယ်ကနေ စရမလဲ?” "ဘာကိုရွေးချယ်ရမလဲ?" ဆိုတာကို မသိတော့တာပါ။
တချို့က Java သင် Java ကကောင်းဆိုလို့လိုက်သင်တယ်၊ ပြီးတော့ဘယ်လောက်မှမကြာသေးဘူး C++ ကပို powerful ဖြစ်တယ်၊ ပိုကောင်းတယ်ဆိုပြီး C++ ဘက်ရောက်သွားပြန်ရော။ အဲ့လိုနဲ့ Language တွေသာစုံသွားတယ်။ တစ်ခုမှမယ်မယ်ရရ မတက်တော့တာမျိုးဖြစ်သွားပါတယ်
အသေးစိတ်ကို TikTok မှာ ဖတ်ရှုနိုင်ပါတယ် ⬇ https://vt.tiktok.com/ZSqERCkL9/

❤4👍1